Bodyguard (2018)

Season (1) - 6 Episodes

Rating : 8.2/10
Country : United State
Genre :  Crime Fiction, Political Thriller, Drama
Cast : Richard Madden and Keeley Hawes, and includes Gina McKee, Sophie Rundle, Vincent Franklin, Pippa Haywood, Paul Ready, Tom Brooke, Nicholas Gleaves, Stuart Bowman, Stephanie Hyam, David Westhead, Matt Stokoe, Nina Toussaint-White, Ash Tandon, and Anjli Mohindra.
Released Date : 2018

ဒီဇတ်လမ်းတွဲဟာ IMDb မှာ Raing 8.1 ထိ ရထားပြီးvGolden Globe ဆုပါ ရထားတာပါ အခြား ဆုတွေ ၆ ခုလောက်ကိုလဲ ဆွတ်ခူးထားပါသေးတယ်… ကြည့်ရှုသူ ပရိတ်သက်အကြား ရေပန်းစားတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု ဖြစ်ခဲ့ပါတယ်…. ဇတ်လမ်း ပုံစံကတော့ ဒေးဗစ်ဘတ် ဆိုတဲ့ လူတစ်ယောက်နဲ့ အစပျိုးတာပါပဲ…
တစ်ရက်မှာ ဒေးဗစ် ဟာ သားငယ် နဲ့ သမီးငယ် တို့ကို အိမ်ထောင်ခွဲနေတဲ့ မိန်းမ ဖြစ်သူထံ ပြန်ပို့ဖို့ အလာ စီးလာတဲ့ ရထားပေါ်မှာ မသင်္ကာစရာစတွေ့ပါတယ် တကယ်တော့ သူတို့ ရထားဟာ ISIS အဖွဲ့ရဲ့ ဗုံးဖောက်လုပ်ကြံခံရမယ့် သံသယစာရင်းမှာ ပါနေခဲ့တာပါ… စစ်တပ်မှာ အထူးချွန်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ဒေးဗစ်ဘတ် ဟာ စစ်ပွဲက ပြန်လာတော့လဲ အတော်ဆုံး အလားအလာ ရှိဆုံး စံပြ တစ်ဦး ဖြစ်ပြီး အရာရှိအကြီးတန်း လူကြီးများ ရဲ့ သက်တော်စောင့် အဖြစ် တာဝန်ထမ်းဆောင်နေသူပါ ဒါကြောင့်လဲ အခြေအနေ တွေကို ဖြစ်မလာခင် ထိန်းချူပ်တက်သူ ပီပီ ရထားပေါ်က ဗုံးခွဲမှုကို တားဆီးလိုက်နိုင်ပြန်ပါတယ်…
အဲ့ဒီနောက်မှာတော့ အမတ်တစ်ဦးဖြစ်သူ ဂျူလီယာ ကို စောင့်ရှောက်ပေးရတဲ့ အထူးသက်တော်စောင့် တာဝန်ကို စထမ်းဆောင်ရတော့တာပါပဲ..တာဝန်ထမ်းဆောင်စဉ်ကတည်းက
ဂျူလီယာ ကို သေစေချင်နေသူတွေ ရန်ကနေ ဒေးဗစ်ဘတ် တစ်ယောက် ဘယ္လို ကာကြယ္မလဲ ဆုိတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး ဇတ်လမ်းဟာ တစ်ပိုင်း မှာ တစ်ပိုင်းဆိုသလို ကြည့်ရှုရတာ ဇတ်ရှိန် မြင့်မြင်လာပါတယ်… အစိုးရပိုင်း နဲ့ အစွန်းရောက်စစ်သွေးကြွ တွေကြား ကိစ္စပိုင်းဆိုင်ရာတွေ ရှုပ်ထွေးစွာ ပါဝင်ပြီး အပစ်အခတ် အသတ်အဖြတ် တွေက ကြောက်ခမန်းလိလိပါပဲ…

0 comments:

Post a Comment