Showing posts sorted by date for query 2016. Sort by relevance Show all posts
Showing posts sorted by date for query 2016. Sort by relevance Show all posts


 

Rating : 6.3/10
Country : China
Genre :Action,Adventure,Chinese Movie,
Released Date : 2022
Duration :  1h 14min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

The Mystic Nine
ဆိုတဲ့နာမည်ကို C-drama ဖန်တွေစိမ်းနေမယ်မထင်ပါဘူး… ဟုတ်ပါတယ် 2016 မှာ
အတော်လေး နာမည်ကြီးခဲ့တဲ့ The Mystic Nine ဒရာမာကို ပြန်ပြီး adapt
ထားတဲ့ ရုပ်ရှင်ကားလေးပါ…

The Mystic Nine (2016) မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်ကြားက
ဂျင်းချိုတွေ စားခဲ့သူရှိပေမယ့် ဘယ်သူမှ သူတို့နှစ်ယောက် ဘယ်လိုဆုံပြီး
ဘယ်လို မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုတာ မသိခဲ့ကြဘူး… ဒီအဖြေကို
ဒီရုပ်ရှင်ကားလေးက ဖြေပေးပါလိမ့်မယ်… ကျန်းချီရှန်းဟာ အဖေ့အတွက်
လက်စားချေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချန်ရှားကိုရောက်လာခဲ့ပါတယ်…
ဒါပေမယ့် ချန်ရှားမှာ အာဏာရနေသူ ကျော်ချန်ကျီးက
သူလက်စားချေရမယ့်သူဖြစ်နေတာကြောင့် ခိုင်မာတဲ့သက်သေကို ရှာရင်း
အာ့ယွဲ့ဟုန်နဲ့ အမှတ်မထင်ဆုံခဲ့ရာကနေ…
ကျန်းချီရှန်းရဲ့ ပထမဆုံးသော မိတ်ဆွေအဖြစ်ထိ ဖြစ်လာခဲ့ပါတယ်…

တစ်ဖက်က အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက အတော်လေး
ထူးခြားတဲ့သူဖြစ်နေပေမယ့် သူလက်စားချေမယ့် ကျော်ချန်းကျီးဟာ အာ့ယွဲ့ဟုန်
အဖေနဲ့ ရင်းနှီးသူဆိုတာထက်ပိုတဲ့ တစ်လှေတည်းစီးနေတဲ့
သေဖော်သေဖက်တွေဖြစ်နေတော့… ကျန်းချီရှန်းတစ်ယောက် ကျော်ချန်းကျီရဲ့
အပြစ်ကို သက်သေပြရမယ့် ပစ္စည်းသက်သေ စာရင်းစာအုပ်ကို လက်ဝယ်ရဖို့
အခက်တွေ့သလို… အာ့ယွဲ့ဟုန်မှာလည်း တစ်သက်လုံး
သားလိမ်မာအနေနဲ့နေပေးခဲ့တာကြောင့် အဖေနဲ့ ပထမဆုံးခင်မင်တဲ့ မိတ်ဆွေ ကြား
အတော်လေး ဗျာများနေရတာပေါ့…
\အဆုံးသတ်မှာ မိတ်ဆွေကောင်းတွေဖြစ်သွားမှာ သိပြီးသားဆိုတော့…
လက်စားချေနိုင်မှာလား…
ပစ္စည်းသက်သေ တကယ် ရနိုင်ခဲ့မှာလား…
ဒါ့အပြင် ဒီရန်ငြိုးတွေနောက်မှာ ဘာဖုံးကွယ်ထားတာရှိဦးမလဲ…

 

Read More 0 comments


Rating : 6.7/10
Country : Japan
Genre :Crime,Thriller,Adult,Japan Movie,
Released Date : 2017
Duration :  1h 13min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အခုတစ်ယောက် Homejack ဇာတ်ကားက 2016 တုန်းက ဇာတ်ကားကို ပြောင်းပြန်ရိုက်ကူးထားတာပါ

ပရော်ဖက်ဆာ တစ်ယောက်က စာအုပ်တစ်အုပ်ရေးဖို့အတွက် အလုပ်ထွက်ပြီး ရွာဘက်ကို သုတေသနလုပ်ဖို့ မိန်းမနဲ့ပြောင်းလာခဲ့ပါတယ်
ရောက်ရောက်ချင်းမှာပဲ ကလေးနေမကောင်းလို့ မိန်းမဖြစ်သူက တိုကျိုကို ပြန်သွားတာပေါ့

ရွာဘက်မှာလည်း Jack the Ripper ဆိုတဲ့ လူသတ်သမားက ရှိနေပြန်တော့ ပရော်ဖက်ဆာကို ရဲတွေက လာသတိပေးသွားပါတယ်
ဒီလိုနဲ့ ညတစ်ည မိုးရွာနေတုန်းမှာ ကောင်မလေးနှစ်ယောက်က မိုးခိုဖို့ ပရော်ဖက်ဆာအိမ်ကို ဝင်လာရင်း ဆရာ့ကို မုဒိမ်းကျင့်ပါတော့တယ်

ဆရာတစ်ယောက်ကို ကောင်မလေးနှစ်ယောက်က ဘယ်လိုမုဒိမ်းကျင့်မှာလဲဆိုတာ ကိမုချိတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ။

 

 

 

Read More 0 comments


Rating : 6.7/10
Country : Japan
Genre :Crime,Thriller,Adult,Japan Movie,
Released Date : 2016
Duration :  1h 13min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဇာတ်လမ်းအစ Jack the Ripper လို့ခေါ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်က အမျိုးသမီးတွေရဲ့ အိမ်ထဲဝင်ပြီး ဓားနဲ့လိုက်သတ်တာပါ…

ထိုသတင်းကို တီဗီမှာ ကြော်ငြာနေတုန်း နာဆုကိုရဲ့ ယောက်ျားက အလုပ်နဲ့ခရီးထွက်သွားပါတယ်

သူ့ယောကျ်ားခရီးသွားတာနဲ့ တစ်ပြိုင်နက် သူ့ချစ်သူရောက်လာပြီး မြန်မြန်ချစ်တင်းနှောပါတော့တယ်….

ညရောက်တော့ ပစ္စည်းပို့သမားဟန်ဆောင်ပြီး ကွင်းဆက်လူသတ်သမားက နာဆုကို့အိမ်ကို ရောက်လာတဲ့နောက်…

နာဆုကိုရဲ့ ဆန္ဒတွေကို လူသတ်သမားက ဘယ်လိုအားပါးတရ ဖြည့်ဆည်းပေးမလဲဆိုတာကို ကြည့်ရှု့ ရမှာပါ

နာဆုကိုရယ် သူ့ချစ်သူနဲ့ လူသတ်သမားတို့ရဲ့ သုံးယောက်ပေါင်းလောင်းကျော်အကွက်လည်း ပါတာမို့ ကီမုချိတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ။

 

 

Read More 0 comments


Rating : 3.6/10
Country :Korea Movie
Genre : Adult,Drama,Korea Movie,
Released Date : 2016
Duration :  1h 43min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အိမ်ထောင်ရေးတစ်ခုမှာ ဘာကအရေးကြီးဆုံးဆိုတာ
တိတိကျကျပြောရခက်ပေမဲ့ အကြမ်းအားဖြင့်
နားလည်မှုဆိုတာတော့ လူတိုင်းသိကြမယ်ထင်ပါတယ်
နားလည်မှုမရှိတဲ့ အိမ်ထောင်ရေးဆိုရင် မသာယာကြပါဘူး

ဒီဇာတ်လမ်းလေးက နားလည်မှုအကြောင်းအခြေခံထားပြီး
သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်
အိမ်နီးချင်း လင်မယားနှစ်တွဲအကြောင်း ပဲဖြစ်ပါတယ်

တစ်တွဲက အမျိုးသားက နားလည်မှုမရှိသူဖြစ်ပြီး
ကျန်တစ်တွဲက အမျိုးသမီးက နားလည်မှုမရှိသူဖြစ်နေပါတယ်
ချစ်မိလို့ အိမ်ထောင်ပြုကြပေမဲ့ အချိန်ကြာလာတာနှင့်အမျှ ပြလာတဲ့ဇာတိ
တွေကို ရိုးရိုးလေး ဖေါ်ပြထားတာဖြစ်ပါတယ်

 

 

Read More 0 comments


 

 

Rating : 7.3/10
Country : India
Genre : Drama, Action, Thriller
Released Date : 2016
Duration :  2h 37min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Top-rated Indian Movies တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Theri  ဟာ Top-rated ဆိုတဲ့အတိုင်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခံ့ကောင်းမွန်ပြီးသား၊ ကြည့်ရှုသူကို အကောင်းဆုံး entertain လုပ်ပေးနိုင်မယ့် Movie ဖြစ်တယ်လို့ ညွှန်းဆိုပါရစေခင်ဗျ။ Indian Movie Soundtrack ခပ်လန်းလန်းလေးတွေ ပါ၀င်တဲ့အပြင် ဗီလိန်သရုပ်ဆောင်တွေပါ မကျန်... စိတ်နှစ်ပြီး ကြိုးစားအားဖြည့်ထားရတာကိုတွေ့ရှိရတဲ့အတွက်ကြောင့်... ကြည့်ရတာ တန်တယ်ကွာ..လို့ .. မှတ်ချက်ချမိကြမှာမလွဲပါဘူးခင်ဗျ။
Theri ဆိုတဲ့တမီလ် ဘာသာစကား  ခေါင်းစဉ်လို အစိတ်စိတ်အမြွာမြွာ ကွဲထွက်မနေတဲ့ Theri ရဲ့ ဇါတ်ကြောင်းဟာ..  Hollywood ရဲ့ မင်းသားကြီး Liam Neeson ပါ၀င်တဲ့ Taken movie sequel နဲ့ ယောင်ယောင်လေး တူပါတယ်။ အဓိက ကွဲပြားတာကတော့ Theri က Drama နဲ့ Action ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့အပြင်... ရသမျိုးစုံပေးစွမ်းနိုင်အောင် ကြိုးစားထားတဲ့အတွက် အရှေ့တိုင်းရဲ့ Action ဇါတ်ကားတစ်ကား အထူးသဖြင့် တမီလ် ရုပ်ရှင်တွေထဲမှာ အတော်ကြီးကို အဆင့်အတန်းမြင့် တန်း၀င်တဲ့ Movie တစ်ခု အဖြစ် စာရင်းတို့ထားရမှာဖြစ်ပါတယ်။ အာဏာရှင် ဆန်ဆန် လူတစ်စုကြောင့်  မိသားစု၀င်အတော်များများနဲ့ သေကွဲကွဲခဲ့ရတဲ့ ရဲအရာရှိတစ်ယောက်ဟာ... အသက်လိုချစ်ရတဲ့ သမီးငယ်ကလေးဆီကို အန္တရာယ် ကျရောက်လာတဲ့အခါ...   သက်စွန့်ဆံဖျား ကြိုးစားကာကွယ်ရင်းက... အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်တဲ့ အရိပ်မည်းတစ်ချို့ထည့်ပေါင်းပြီး  သွေးကြွေး၊ ရန်ငြိုး၊ ကလဲ့စားတွေနဲ့ .. မီးဟုန်းဟုန်းတောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ ရိုးသားကြိုးစားတဲ့ အရာရှိကောင်းတစ်ယောက်ဘ၀ကနေ..  ဒုစရိုက်လောကထဲကို ခြေစုံပစ်၀င်ပြီး မွှေနှောက်ထိုးဖောက်၀င်ရောက်လာတဲ့..  ခပ်ကြမ်းကြမ်း လူတစ်ယောက်အဖြစ် မင်းသား Joseph Vijay ကို စိတ်အားရကျေနပ်စရာ ရှုစားကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် မင်းသမီး Samantha နဲ့ Amy Jackson တို့ကလည်း အကောင်းဆုံးပါဝင်အားဖြည့်ပေးထားပါတယ်။

Read More 0 comments


Rating : 4.5/10
Country :India
Genre :Comedy,India Movie,
Released Date : 2016
Duration : 2h 16min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်လမ်းလေးကတော့ မချစ်မနှစ်သက်သူနဲ့အတင်းပေးစားကြလို့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးတဲ့ အိန္ဒိယကောင်မလေးတစ်ယောက်အကြောင်းပေါ့…ခိုးရာလိုက်တာကတော့ မထူးဆန်းပေမယ့် ခိုးရာလိုက်လွဲပြီး အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့………။

ဒီဇာတ်ကားက အဲ့လိုအလွဲတွေ တဝါးဝါးပွဲကျရမယ့်ဇာတ်ကားပါပဲ….

ဟက်ပီးဆိုတဲ့ ကောင်မလေးဟာ အမြဲဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တာကြောင့် ရောက်တဲ့နေရာတိုင်းကလူတွေကိုပါ အပျော်ကူးစက်သူလေးပါ…ဘဝကိုအပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူလေးပါ။

အဲဒီလိုကောင်မလေးက သူမကြိုက်တဲ့သူနဲ့အတင်းပေးစားခံရတဲ့အခါမှာတော့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးဖို့ နှစ်ခါတောင်မစဉ်းစားခဲ့ပါဘူး။ မင်္ဂလာပွဲနေ့မှာ လိုက်ပြေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့ကိုလာ‌ခိုးတဲ့ကားထင်ပြီး ပြတင်းပေါက်ခုန်ချလို့ လိုက်သွားခဲ့ပေမဲ့ ကားလွဲသွားတဲ့အခါ … အကုန်တလွဲတွေဖြစ်ကုန်ပါတော့တယ်။

ဒီဇာတ်လမ်းမှာ ပါကစ္စတန်နဲ့ အိန္ဒိယဆက်ဆံရေးကို ခပ်ပါးပါးလေးမြင်နိုင်မှာဖြစ်ပြီးတော့ အလွဲတွေနဲ့ရယ်နေရမှာပါ။ ဘဝကိုပျော်ရွှင်စွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့နဲ့ ထွေထွေ‌ထူးထူးအတွေးလွန်မနေဖို့ ကျွန်တော်တို့ကို သင်ပြပေးသွားမယ့် ဟပ်ပီးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဘယ်လိုအလွဲတွေနဲ့ ဖြတ်ကျော်သွားမလဲဆိုတာ‌ ခံစားကြည့်ကြပါဦး။

 

 

 

 

Read More 0 comments


 

 

Rating : 6.3/10
Country :Japan
Genre : Drama,Japan Movie,
Released Date : 2016
Duration : 1h 37min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။

ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူ‌အလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။

ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။

ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။

Read More 0 comments


Rating : 7.5/10
Country :India
Genre : Comedy,Drama,Sport,India Movie,
Released Date : 2021
Duration : 2h

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့

မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။

ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်….

လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီး

အားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကို
လွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့

မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့

ပန်ဂျက်သူ​လေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရော

သူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကို

ဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။

အိန္ဒိယနပန်းအားကစားရဲ့ စိတ်စွမ်းအင်နဲ့ နှလုံးသား၊ ခရစ်ကတ်ကစားနည်းရဲ့ အားပြိုင်မှု၊ အချစ်၊ အမုန်း၊ မေတ္တာတရားတို့အပြင်

အတ္တစိတ်၊ လောဘ၊ မှားယွင်းတဲ့ အယူအဆတွေအပြင်၊ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားအမျိုးသမီးတန်းတူအခွင့်အရေးမရှိမှုတွေကို

ရိုက်ပြထားတဲ့ကားလေး “Godha”ကို အားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

 

 

Read More 0 comments


 

 

Rating : 6.5/10
Country :United State
Genre : Comedy, Family
Released Date : 2016
Duration : 1h 40min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတစ်ခေါက်မှာတော့ယူကရိန်းသမ္မတကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “Servant of the People 2”
ကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကိုတော့အထွေအထူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး
ပထမကားမှာတုန်းကယူကရိန်းသမ္မတဇလန်စကီးရဲ့သာမန်ဖျော်ဖြေရေးလုပ်တဲ့လူတစ်ယောက်အဖြစ်ကနေ
သမ္မတတစ်ယောက်ဖြစ်သည်အထိအံ့ဩဖို့ကောင်းတဲ့ဘဝဇာတ်ကြောင်းကိုကြည့်ရှုခဲ့ရပါတယ်
ဒီဇာတ်ကားရဲ့အထောက်အပံ့ကြောင့်ပဲလူတွေရဲ့အားပေးမှုကိုရပြီး သမ္မတနေရာ
အထိရယူနိုင်ခဲ့တာဆိုလည်းမမှားပါဘူး အခုဒီကားလေးမှာတော့သမ္မတဖြစ်သွားပြီး
တွေ့ကြုံရတဲ့အခက်အခဲတွေကိုဟာသလေးနှောပြီးတင်ပြထားတာကိုကြည့်ရှုရမှာပါ

ဒီကားမှာဆိုရင် ဗာဆီလီပက်ထရိုဗစ်(ဇလန်စကီး)ဟာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဥပဒေကို
တင်သွင်းချင်ပေမယ့် အကျင့်ပျက်တဲ့လွှတ်တော်အမတ်တွေကတော့ထင်တဲ့အတိုင်းလွယ်လွယ်လက်မခံပေးပါဘူး
သမ္မတဗာဆီလီပက်ထရိုဗစ်တစ်ယောက်ပဒေပြဌာန်းနိုင်ဖို့ဘယ်လိုကြိုးစားသွားမလဲ
တားဆီးမှုတွေကိုဘယ်လိုကျော်လွှားသွားမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်

Read More 0 comments


 

 

Rating : 3.7/10
Country : Thai
Genre : Comedy,Thai Movie,
Released Date : 2016
Duration : 1h 34min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ ဟာသတွဲဖက် Chuanchen Chaet တို့အဓိက ပါဝင်ထားတဲ့ တကားလုံးရီနေရတဲ့ဇာတ်ကားပါ။

လတ်တလောကမှ ကျောက်ဖုရားမြစ်ထဲ တွန်းချခံရလို့ သေဆုံးခဲ့တဲ့ မင်းသမီးချောလေး Tangmo Nida Patcharaveerapong လဲ ဒီကားထဲ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။

ဖွန်(Chuanchen Chaet)) က ဘတ်စ်ကားအမှတ်၈၈၈ကိုမောင်းနှင်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဝင်း(Kunatip)ကတော့ ကားစပယ်ယာလုပ်ပေးနေသူပဲဖြစ်ပါတယ်

ဖွန်ရဲ့ ဇနီးဖြစ်သူ မီအာ(Tangmo)က ဖခင်နဲ့ချစ်သူဖွန်ကြား ဖွန့်ကိုရွေးလာသူမို့ ဖွန့်အနေနဲ့ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့အတိုင်းနေလာခဲ့သူလည်းဖြစ်ပါတယ်

တစ်ရက် ဖွန်နဲ့ ဝင်းတို့ ဘတ်စ်၈၈၈ ကိုမောင်းလာရင်း ဖွန်ရဲ့ ဝါသနာအတိုင်း တခြားဘတ်စ်ကားနဲ့ ကားမောင်းပြိုင်ရာက အလွဲတွေ စဖြစ်ပါတော့တယ်..

ကားပေါ်မှာ ဖွန့်ကိုကြည့်မရလို့ ကားဘရိတ်ကြိုးဖြတ်ဖို့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့အပြင်
ကောင်မလေးကြောင့် သတ်သေချင်နေသူ, မော်ဒယ်အဖွဲ့, လျှို့ဝှက်တဲ့ပုံနဲ့နေနေတဲ့ညီအစ်ကိုနှစ်ယောက်, ရောဂါသည်တစ်ယောက် နဲ့ သီချင်းဆိုပြိုင်ပွဲလာဝင်တဲ့သူ စတဲ့ခရီးသည်ပေါင်းစုံပါလာပြီး ကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့အကြောင်းစုံကို ဟာသနှောပြီးတင်ဆက်ပေးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

ပေါ့ပေါ့းပါးပါးရီချင်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။

Read More 0 comments


 

 

Rating : 5.1/10
Country : Korea
Genre : Horror,Thriller,Korea Movie,
Released Date : 2016
Duration : 1h 48min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။
လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့
ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။
ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။
သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။

ဘယ်လိုအိမ်ကြီးလဲ….
ဘယ်လိုလူတွေလဲဆိုတာ ….
မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်…..။

သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့
အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။

“ကြောက်တတ်သူများ မကြည့်ရ” ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်……

အဲဒီလိုပုံစံမျိုးပဲ
ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး
ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။

ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင်
– မားစ်ဂြိုဟ်က မိန်းကလေး…
– လမ်းမထက်က ဒေါသမီး….
– စက်ရုပ် ဝိညာဥ်…. တို့ပဲဖြစ်ပါတယ်။

2016 ခုနှစ်က ထွက်ခဲ့တဲ့ Korean Horror ကားတစ်ကားလည်း ဖြစ်ပြီး
သူ့ခေတ် သူ့အခါမှာ horror ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်တာမို့လို့….

ကဲ…..ကြောက်တတ်သူများရော မကြောက်တတ်သူများရော download လုပ်ထားပြီး
ညနက်ရောက်မှ အေးဆေး ကြည့်ကြပါလို့ အကြံပြုလိုက်ပါတယ်။

Read More 0 comments


 

Rating : 7.0/10
Country : Laos
Genre : Drama, Mystery, Sci Fi
Released Date : 2019
Duration : 1h 56min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မျက်မှောက်ခေတ် ရုပ်ရှင်လောကမှာတော့ အနောက်နိုင်ငံရုပ်ရှင်ဇာတ်လမ်းတွေက ပိုပြီးလူသိများရေပန်းစားနေပေမယ့်လည်း

အရှေ့တောင်အာရှရုပ်ရှင်တွေကလည်း တစ်စတစ်စ ကြိုးစားထိုးဖောက်လာနေပါတယ်။

ဒီရုပ်ရှင်ကတော့ အမေရိကန်မှာမွေးပြီး အဖေဖြစ်သူအငြိမ်းစားယူပြီးနောက်မှာ

အမိမြေကိုပြန်လာတဲ့ Mattie Do ဆိုတဲ့ အမျိုးသမီးဒါရိုက်တာက ရိုက်ကူးထားတဲ့ရုပ်ရှင်ပါပဲ။

သူက လက်ရှိအချိန်ထိတော့ စုစုပေါင်း ရုပ်ရှင်သုံးကားရိုက်ခဲ့ဖူးတယ်။

– 2012 မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး horror film “Chanthaly” မှာပဲ ပေါက်သွားခဲ့ပြီး

– 2016 မှာ “Dearest Sister” ဆိုတဲ့ horror film နဲ့

– 2019 မှာ “The Long Walk” ဆိုတဲ့ sci-fi /horror film ကို ရိုက်ကူးခဲ့တယ်။ရုပ်ရှင် သုံးကားလုံးက ဝေဖန်ရေးသမားတွေကြားမှာ နာမည်ရခဲ့ပြီး

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်း အကြိမ်ကြိမ်ပြသခွင့်တွေ ရခဲ့တယ်။

ပထမဆုံးရုပ်ရှင်ထုတ်အပြီးမှာတော့

သူက လာအိုနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဒါရိုက်တာအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။ယခင်ရုပ်ရှင် နှစ်ကားမှာတော့ horror သီးသန့် ရိုက်ကူးခဲ့ပေမယ့်

ယခုတစ်ကြိမ်မှာတော့ ဆန်းသစ်တဲ့ပုံစံနဲ့ horror ရယ် sci-fi ရယ်ကို တွဲစပ်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းကိုတော့… လာအိုနိုင်ငံရဲ့ လူတွေသိပ်မသိတော့တဲ့

အမေ့လျော့ခံကျေးရွာလေးတစ်ရွာနားမှာ အခြေတည်ထားတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့…

ရွာစွန်နားက လမ်းမပေါ်မှာ မတော်တဆမှုဖြစ်ရာကနေ

သေဆုံးသွားတဲ့မိန်းမငယ်လေးကို ကောင်လေးက တွေ့ခဲ့တယ်။

အဲ့ဒီမိန်းမငယ်လေးရဲ့ဝိညာဉ်က အချိန်ခရီးသွားနိုင်တာကို ကောင်လေးအရွယ်ရောက်လို့ သိလာတဲ့အခါမှာတော့

သူ ငယ်စဉ်က သူ့ရှေ့မှာတင် ချောင်းဆိုးသွေးပါဖြစ်ပြီး

ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူရဲ့ဝေဒနာခံစားနေရမှုကိုသက်သာအောင် ကူညီပေးဖို့အတွက်

အဲ့ဒီဝိညာဉ်ရဲ့အကူအညီရဲ့ အတိတ်ကာလကိုပြန်သွားဖို့ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ရုပ်ရှင်ရဲ့ တစ်ဝက်လောက်က အနာဂတ်မှာ ဖြစ်တည်နေပြီး

တစ်ဝက်ကတော့ အတိတ်မှာဖြစ်ပျက်နေတယ်။

Horror ‌အနည်းငယ်ပါပေမယ့်လည်း သရဲအကောင်လိုက်ကြီးတွေ ပြူးပြဲပါလာမှာ မဟုတ်ပါဘူး။

ဇာတ်လမ်းတစ်ခုလုံးက ငြိမ့်ငြိမ့်‌လေးစီးဆင်းနေပြီး အားလုံးပြီးသွားတဲ့အခါမှာ

ဘာကြီးမှန်းမသိတဲ့ခံစားချက်မျိုးကျန်ရစ်ခဲ့မယ့် ရုပ်ရှင်တွေထဲကတစ်ခုပါပဲ။ဘာပဲဖြစ်ဖြစ်…. “အတိတ်ဆိုတာ ဘယ်တော့မှ ပြီးဆုံးမသွားပါဘူး…မင်းက အတိတ်ကို ဆက်ပြီးဆွဲကိုင်နေရင်ပေါ့” ဆိုတဲ့ စာရေးဆရာကြီးဝီလီယမ်ဖော့ခ်နားရဲ့စကားက ဒီရုပ်ရှင်ထဲကလူကြီးအတွက်တော့ မှန်ကန်နေတဲ့ပုံပါပဲ။

Read More 0 comments


 

 

Rating : 6.9/10
Country : United State
Genre : Drama,Horror,Thriller,
Released Date : 2022
Duration : 1h 29min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

A widowed child psychologist lives an isolated existence in rural New England. Caught in a deadly winter storm, she must find a way to rescue a young boy before he disappears forever.

Read More 0 comments


 

Rating : 7.3/10
Country : United State
Genre : Drama, Comedy
Released Date : 2016
Duration : 1h 59min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်‌ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သား​လေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်‌ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံ​တွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ​ကြောင့် သားကို နားလည်​ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ၂၀ရာစုမိခင်တစ်​ယောက်ရဲ့ ဘ၀ကိုလည်းမြင်ရပါလိမ့်မယ်။

၂၀ရာစုမိခင်တစ်ယောက်နေရာက Annette Bening က သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်နဲ့ပဲ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒီရုပ်ရှင်နဲ့ပဲ ဒါရိုက်တာ Mile Mills ဟာလည်း အော်စကာမှာ ဇာတ်ညွန်းဆုရထားပါတယ်။ ဒါရိုက်တာဟာ ဒီနှစ်မှာလည်း ဝါကင်းဖီးနစ်နဲ့အတူ C’mon C’mon ဆိုတဲ့ ဒီရုပ်ရှင်နဲ့ ခပ်ဆင်ဆင် တစ်ကားထွက်ထားပါသေးတယ်။ဇာတ်အိမ်ကအေးပေမဲ့ Cinematography အလန်းစားနဲ့ လက်တွေ့လောကထဲကပဲလာတဲ့ ခပ်ထိထိဒိုင်ယာလော့တွေကိုသုံးထားပြီး Narrative ဟန်ပါ ထည့်ထားတာမို့ အေးအေးဆေးဆေးမှာ တမြေ့မြေ့ ခံစားကြည့်စရာ ရုပ်ရှင်တစ်ကားရှာနေတယ်ဆိုရင်တော့ ၂၀ရာစုမိန်းမသားများဟာ သင့်အတွက်ပါပဲ။ ၂၀ရာစုမိန်းမသားများဟာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ကြည့်သင့်တဲ့ အတွေးအမြင်အသစ်တစ်ခု ထပ်ပေးနိုင်မယ့် ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။စာကြွင်း – ၂၀ရာစုမိန်းမသားများကို ပီပြင်အောင် ပုံဖော်ရာမှာ ဒါရိုက်တာဟာ သဘာ၀အတိုင်း လိင်မှုကိစ္စတွေ ဖောဖောသီ သုံးထားပါတယ်။ ကျွန်တော်တို့ Elle Fanning ရဲ့ အခန်းတင် ၆ခန်းလောက်ပါတာမို့ မိသားစုနဲ့ လုံး၀မကြည့်သင့်ပါဘူး။

Read More 0 comments


 

Rating : 7.5/10
Country : Korea
Genre : Documentary, Music
Released Date : 2021
Duration : 1h 40min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ်ကမ္ဘာလုံးက BLINK​တွေအားလုံး ​​မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ BLACKPINK THE MOVIE ဟာဆိုရင်

အခုချိန်မှာ​တော့ Digital Streamingအ​နေနဲ့ ထွက်ရှိလာပြီဖြစ်တာ​ကြောင့် ​

အကြာကြီး မျှော်ခဲ့ရတဲ့ ဘလင့်ခု​ တွေအတွက် အ​ကောင်းဆုံးတင်ဆက်​ပေးလိုက်ပါပြီ၊ဒီရုပ်ရှင်ဟာဆိုရင် 2016 August 8 ရက်နေ့ မှာ YG Entertainmentက​နေ Debutခဲ့တဲ့

BLACKPINK အဖွဲ့ရဲ့ Debut 5th Anniversaryအ​​နေနဲ့

YGက စီစဉ်​ပေးခဲ့တဲ့ Project​တွေထဲက တစ်ခုပါ၊

THE MOVIEထဲမှာ 2018ခုနှစ် “IN YOUR AREA”နဲ့ 2021 “THE SHOW”ထဲက live

performance​တွေကို မြင်​တွေ့ရမှာဖြစ်ပြီး

သူတို့ရဲ့သီချင်း​တွေနဲ့ ​​ဖျော်ဖြေမှု အလန်းစား​တွေကို ​​​သေချာမြင်​တွေ့ခံစားရ​တော့မှာပဲ ဖြစ်ပါတယ်၊ဒါ့အပြင်Debut 5နှစ်ပြည့်ဆိုတဲ့အတိုင်း Debutမတိုင်ခင်နဲ့Debutပြီး

၅နှစ်အတွင်းမှာ BLACKPINKအဖွဲ့ဝင်​တွေရဲ့ အမှတ်တရ​ဖြစ်ရပ်တွေ၊

တူတူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ​တွေ၊ အ​တွေ့အကြုံ​တွေနဲ့

အသည်း​ကျော်​လေး​တွေရဲ့ ငယ်ဘဝဖြတ်သန်းပုံ​လေး​တွေ၊

အထူးအင်တာဗျူးလေး​တွေကိုလည်း သီးသန့် film​​​လေး​ကိုယ်စီနဲ့ ရိုက်ကူး​​ပေးထားပါတယ်စတင်ပွဲဦးထွက်ပြီး 14ရက်အတွင်းမှာတင် Music Program​တွေရဲ့

Top 1ကို အရယူနိုင်ခဲ့တဲ့ Rookie Group​လေးက

တစ်ချိန်မှာ Intl’ Chart​တွေရဲ့ ထိပ်ဆုံး​နေရာကို အရယူနိုင်ဖို့၊

World Tourအထိ ထွက်နိုင်ဖို့ က​လေး​တွေ ဘယ်​လောက်ထိအားစိုက်ခဲ့ရလဲဆိုတာကို

အ​သေးစိတ်ရိုက်ကူး​ထားသလို

Concert​​တွေက ပရိတ်သတ်​တွေနဲ့ moment​တွေ​ကြောင့် အများကြီးကြည်နူးရဦးမှာပါ၊

ဒါ့အပြင် သူတို့ ပထမဆုံး Online က ​တိုက်ရိုက်​ဖျော်​ဖြေရတဲ့ THE SHOW အတွက်

ဘယ်​​လောက်ကြိုးစားခဲ့ရလဲဆိုတာ​တွေကိုပါ တင်ဆက်ထားပါတယ်၊

ဒါ့အပြင် “ဒီအခိုက်အတန့်​က ကျွန်မဘဝရဲ့ ​ပျော်စရာအ​ကောင်းဆုံး အချိန်ဖြစ်မယ် ထင်ပါတယ်”ဆိုတဲ့ စကားလုံး​​တွေ​နောက်ကွယ်က ​ပျော်ရွှင်စရာ ဝမ်းနည်းစရာခံစားချက်​တွေကိုပါ

တပြိုင်တည်း ခံစားရမှာဖြစ်လို့ BLINKတို့ကို ခံစားချက်​ပေါင်းမျိုးစုံ တပြိုင်တည်း ​ပေးစွမ်းနိုင်မယ့် Docu movie​လေးပဲ ဖြစ်တာမလို့

မြန်မာပြည်က BLINK​တွေအ​နေနဲ့ ​​ပျော်ရွှင်စွာကြည့်ရှုခံစားနိုင်ပါပြီ

Read More 0 comments


 

Rating : 7.0/10
Country : United State
Genre : War, Drama
Released Date : 2016
Duration : 1h 34min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ်ခါတစ်လေကျ ကိုယ်ကိုယ်တိုင်ကဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုအားကိုးနေတဲ့လူတွေကြောင့်

သူရဲကောင်းဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ စကားလေးလိုပဲ အရမ်းကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်

ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီဇာတ်ကားထဲမှာပါ၀င်တဲ့ ဖန်နီဆိုတဲ့ဇာတ်ကောင်လေးဟာ အသက် ၁၃ နှစ်သာရှိသေးပေမယ့် အရမ်းကို

သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးဖြစ်ပြီး အပြင်မှာလည်း တကယ်ရှိခဲ့တာမို့ အရမ်းကိုလေးစားစရာ

ကောင်းပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးမိဘတွေဟာ သူတို့ရဲ့ သားသမီး

တွေကို အသတ်မခံရစေဖို့ ဂေဟာတွေမှာအပ်ပြီးတော့ အသက်ဘေးမှ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

အဲဒီ့ထဲမှာ ဇာတ်လိုက်ကျော်ဖန်နီနဲ့ ညီမနှစ်ယောက်ဟာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂေဟာ

တွေကလည်း အမြဲတစေ ၀င်ရောက်ဖမ်းဆီးခြင်းကိုခံကြရတာမို့ နေရာမျိုးစုံရွှေ့ပြောင်းရင်း ဖန်နီတစ်ယောက်

ဂေဟာမှကလေးတစ်သိုက်နဲ့ လွတ်မြောက်ရာနယ်မြေကို အရောက်သွားနိုင်မှာလား၊ သူရဲ့မိဘတွေနဲ့ရော

ပြန်လည်ဆုံတွေ့နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ လက်တွေ့က စိတ်ကူးယဉ်ထက် ဆန်းကြယ်နေတဲ့သဘောကို သက်သေပြထားတဲ့ ရုပ်ရှင်


တစ်ခုဖြစ်ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်နဲ့ ရက်စက်လှတဲ့စစ်ပွဲရဲ့ အားပြိုင်မှုတွေကို ကြည့်ရှုရမယ့်

အရမ်းကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် အားပေးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Read More 0 comments


 

Rating : 5.1/10
Country : China
Genre : Romance
Released Date : 2016
Duration : 1h 33min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အခု မိတ်ဆက်ပေးမှာကတော့ မင်းသား Zhang Hanက ရဲ့စေးယိ အနေနဲ့ မင်းသမီး Zhao Li Ying ကဟယ်ရှိုးဝူအနေနဲ့ အဓိကသရုပ်ဆောင်ထားတဲ့ The Rise Of A Tomboy(2016) Movieလေးကိုမိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိဘနှစ်ပါးကွာရှင်းပြီးဖခင်နဲ့ ကြီးပြင်းလာတဲ့ ဟယ်ရှိုးဝူက ငယ်ငယ်ကတည်းက တစ်ခြားသူတွေနဲ့ မတူပဲသင်္ချာဘာသာမှ အရမ်းထူချွန်ခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှာ သင်္ချာအထူးပြုမေဂျာဘွဲ့လွန်ကျောင်းသူတစ်ယောက်ဖြစ်တယ်…

မိဘနှစ်ပါးကွဲသွားတဲ့ အတိတ်ဆိုးဟာ သူ့ကိုလွှမ်းမိုးနေတယ် …ဒါကြောင့်သူကဘွဲ့ယူဖို့ စာတမ်းရေးတဲ့အခါမှာ အချစ်စစ်ကိုတွက်ချက်ပြီးရှာတွေ့နိုင်ဖို့ဆိုတဲ့ True Loveပုံသေနည်းခေါင်းစဉ်နဲ့စာတမ်းထပ်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်… သင်္ချာကိုရူးသွပ်လွန်းတဲ့သူဟာသူ့ပုံသေနည်းမှန်ကန်ကြောင်းသက်သေပြဖို့ သူ့အချစ်စစ်ကိုရှာဖွေရာမှာတော့………တစ်ဖက်မှာလည်း တေးရေးဆရာလေးရဲ့စေးယိဟာလည်း ဆစ်ဒနီလာပြီး ကမ်းခြေမှာ ဟယ်ရှိုးဝူရဲ့သူငယ်ချင်း လိလိ ရေနစ်တာကိုကယ်တဲ့အခါ ဘယ်လိုရယ်စရာလေးတွေဆက်ဖြစ်မလဲ ….အမိမြေပြန်ရောက်တော့ သူ့ရဲ့နတ်သမီးကိုချစ်ခွင့်ပန်တဲ့ အခါဘယ်လိုလွဲချော်တာတွေဖြစ်ဦးမလဲ……ယောကျ်ားဆန်တဲ့ သင်္ချာပညာရှင်မလေး ဟယ်ရှိုးဝူနဲ့ နူးညံ့သိမ်မွေ့တဲ့ ရဲ့စေးယိတို့တွေ့တဲ့အခါဘယ်လိုတွေဆက်ဖြစ်ကြမလဲ…… သူတို့ နှစ်ယောက် တစ်မိုးအောက်တူတူနေဖြစ်သွားတဲ့ နောက်မှာတော့……..စရိုက်လုံးဝကွဲပြားတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်လေးတွေများ ဖြစ်ပေါ်လာနိုင်မလား…..သင်္ချာနဲ့ဂီတကြားမှာရော ချစ်မေတ္တာနှောင်ကြိုးတွေရှိနေမလား

Read More 0 comments


 

Rating : 6.7/10
Country : Japan
Genre : Comedy
Released Date : 2016
Duration : 2h 5min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တိုကျိုမှာကျင်လည်ပြီး ၇ နှစ်ကြာမှ မိန်းမနဲ့အတူ မိဘဇာတိမြို့ကိုပြန်လည်တဲ့ မိုဟီကန်ဆံပင်ကေနဲ့ရောခ့်အဆိုတော်တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ် ..အိမ်ပြန်ရောက်သွားချိန်မှာ ရန်သူလိုဖြစ်နေတဲ့အဖေက ကင်ဆာဖြစ်နေမှန်းသိလိုက်ရတော့ အတတ်နိုင်ဆုံးအဖေ့ရဲ့နောက်ဆုံးဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီရုပ်ရှင်က ဟာသကားဆိုပေမဲ့ ဗရုတ်သုတ်ခလုပ်တာတွေ၊ အတင်းလုပ်ယူ‌တာတွေလုံးဝမပါပါဘူး .. သူတို့ခပ်တည်တည်လုပ်ပြနေတာတွေ၊ ပြောနေတာတွေ၊ ဒါရိုက်တာရဲ့သွယ်ဝိုက်ပြီးဇာတ်လမ်းပုံဖော်တာတွေက ရယ်မောနေရပြီး တော်တော်လေးလည်းချီးကျူးစရာကောင်းပါတယ် .. ဆူဆူညံညံဟာသတွေမကြိုက်သူတွေအတွက်တော့ ရုပ်တည်ကြီးနဲ့တလွဲတွေလုပ်ပြတဲ့ ဒီရုပ်ရှင်ကို‌သေချာပေါက်အကြိုက်တွေ့မှာပါ…

Read More 0 comments


 

Rating : 6.6/10
Country : United State
Genre : Drama, Comedy
Released Date : 2021
Duration : 1h 26min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ်ယောက်ယောက်ကိုများစောင့်နေတာလား…ဇာတ်ကားရဲ့အစမှာ ဆရာမ Miss Stevens ကတော့ ဇာတ်ရုံထဲမှာထိုင်ပြီး ကြေကွဲနေပါတယ်။ ဒီအကြောင်းကတော့နောက်ပိုင်းမှာသိရမှာပေါ့။Miss Stevens က ဘဝမှာ အဆင်မပြေမှုတွေကိုမျိုသိပ်ထားရင်း တာဝန်‌ဝတ္တရားတွေအပြည့် ခေါင်းထဲမှာ‌ထည့်ထားတဲ့ ဆရာမတစ်‌ယောက်ပါ။ တစ်နေ့မှာ သူ့တပည့် သုံးယောက်ကို သရုပ်ဆောင်ပြိုင်ပွဲအတွက် လိုက်ပို့ရပါတယ်။ ဒီ သရုပ်ဆောင်ပြိုင်ပွဲက ဆုရလာမှလည်း ကျောင်းအတွက် အနုပညာ ရန်ပုံငွေပြန်လာရရှိလာမှာဆိုတော့ တပည့်သုံးယောက်ကလည်း အစွမ်းကုန်ကြိုးစားမယ့်ပုံပါပဲ။ခရီးအတွင်း တစ်ညမှာတော့ Miss Stevens ကို Billy က နာမည်အရင်းဖြစ်တဲ့ ရေချယ်ဆိုတဲ့နာမည်ကိုခေါ်မိလိုက်တာရော၊ မာဂေါ့ရဲ့စကားမှားတာတွေရောကြောင့် စိတ်ကွက်သွားပါတယ်။

ဒီတင်မှာ ဘီလီက Miss Stevens အခန်းကိုလိုက်သွားပြီး နှစ်သိမ့်ပေးပါတယ်။ သူနဲ့ Miss Stevensက တစ်ယောက်ကို တစ်‌ယောက် နှစ်သိမ့်ပေးမှအဆင်ပြေနိုင်မယ့် အထီးကျန်နေတဲ့ လူနှစ်ယောက်မှန်း ဘီလီကသိပေမယ့် Miss Stevens ကတော့ဝန်မခံပါဘူး။

Miss Stevens အဖြစ် Lily Rabe နဲ့ Billy အဖြစ်

Timothée Chalamet တို့ရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေအပြင် Soundtrack ကောင်းကောင်းလေးကိုပါ ခံစားရဦးမှာပါ။

Read More 0 comments


 

Rating : 6.1/10
Country : United State
Genre : Drama, Action, History
Released Date : 2016
Duration : 1h 39min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားကတော့ IMDB – 6.1/10 ရရှိထားတဲ့

Norwegian Action/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ၁၂၀၆ ခုနှစ်-နော်ဝေနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေမှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နော်ဝေရဲ့အနာဂတ်ကိုပြောင်းလဲစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဇာတ်လမ်းအကျဉ်းကတော့…

နော်ဝေကို အုပ်ချုပ်လျက်ရှိတဲ့ ဘုရင်ဟက်ကွန်ဆဘာရ်ဆန်ဟာ လုပ်ကြံခံလိုက်ရပါတယ်။

လုပ်ကြံသူတွေက…ဘုရင်မှာ မိဖုရားမရှိလေတော့ အရိုက်အရာဆက်ခံမယ့်သူ

မရှိဘူးဆိုတဲ့အထင်နဲ့ မင်းဆက်ပြောင်းလဲစေဖို့ လုပ်ကြံခဲ့ကြတာပါ။

ဒါပေမယ့်…

ဘုရင်မှာ မိန်းမပျိုတစ်ဦးနဲ့ လျှို့ဝှက်စွာ ရထားတဲ့ ဟက်ကွန်ဟက်ကွန်ဆန် ဆိုတဲ့ ကလေးတစ်ယောက်

ကို သူ့ရဲ့ လူယုံတွေနဲ့ စောင့်ရှောက်ထားတယ်ဆိုတာသိသွားကြတဲ့နောက်မှာတော့

The Last King ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ…..ဇာတ်ကားလေးထဲမှာသာဆက်လက် ကြည့်ရှုကြပါ။

Read More 0 comments