Godha (2017)


Rating : 7.5/10
Country :India
Genre : Comedy,Drama,Sport,India Movie,
Released Date : 2021
Duration : 2h

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့

မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။

ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်….

လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီး

အားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကို
လွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့

မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့

ပန်ဂျက်သူ​လေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရော

သူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကို

ဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။

အိန္ဒိယနပန်းအားကစားရဲ့ စိတ်စွမ်းအင်နဲ့ နှလုံးသား၊ ခရစ်ကတ်ကစားနည်းရဲ့ အားပြိုင်မှု၊ အချစ်၊ အမုန်း၊ မေတ္တာတရားတို့အပြင်

အတ္တစိတ်၊ လောဘ၊ မှားယွင်းတဲ့ အယူအဆတွေအပြင်၊ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားအမျိုးသမီးတန်းတူအခွင့်အရေးမရှိမှုတွေကို

ရိုက်ပြထားတဲ့ကားလေး “Godha”ကို အားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

 

 

0 comments:

Post a Comment