BLACKPINK: THE MOVIE (2021)


 

Rating : 7.5/10
Country : Korea
Genre : Documentary, Music
Released Date : 2021
Duration : 1h 40min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ်ကမ္ဘာလုံးက BLINK​တွေအားလုံး ​​မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ BLACKPINK THE MOVIE ဟာဆိုရင်

အခုချိန်မှာ​တော့ Digital Streamingအ​နေနဲ့ ထွက်ရှိလာပြီဖြစ်တာ​ကြောင့် ​

အကြာကြီး မျှော်ခဲ့ရတဲ့ ဘလင့်ခု​ တွေအတွက် အ​ကောင်းဆုံးတင်ဆက်​ပေးလိုက်ပါပြီ၊ဒီရုပ်ရှင်ဟာဆိုရင် 2016 August 8 ရက်နေ့ မှာ YG Entertainmentက​နေ Debutခဲ့တဲ့

BLACKPINK အဖွဲ့ရဲ့ Debut 5th Anniversaryအ​​နေနဲ့

YGက စီစဉ်​ပေးခဲ့တဲ့ Project​တွေထဲက တစ်ခုပါ၊

THE MOVIEထဲမှာ 2018ခုနှစ် “IN YOUR AREA”နဲ့ 2021 “THE SHOW”ထဲက live

performance​တွေကို မြင်​တွေ့ရမှာဖြစ်ပြီး

သူတို့ရဲ့သီချင်း​တွေနဲ့ ​​ဖျော်ဖြေမှု အလန်းစား​တွေကို ​​​သေချာမြင်​တွေ့ခံစားရ​တော့မှာပဲ ဖြစ်ပါတယ်၊ဒါ့အပြင်Debut 5နှစ်ပြည့်ဆိုတဲ့အတိုင်း Debutမတိုင်ခင်နဲ့Debutပြီး

၅နှစ်အတွင်းမှာ BLACKPINKအဖွဲ့ဝင်​တွေရဲ့ အမှတ်တရ​ဖြစ်ရပ်တွေ၊

တူတူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ​တွေ၊ အ​တွေ့အကြုံ​တွေနဲ့

အသည်း​ကျော်​လေး​တွေရဲ့ ငယ်ဘဝဖြတ်သန်းပုံ​လေး​တွေ၊

အထူးအင်တာဗျူးလေး​တွေကိုလည်း သီးသန့် film​​​လေး​ကိုယ်စီနဲ့ ရိုက်ကူး​​ပေးထားပါတယ်စတင်ပွဲဦးထွက်ပြီး 14ရက်အတွင်းမှာတင် Music Program​တွေရဲ့

Top 1ကို အရယူနိုင်ခဲ့တဲ့ Rookie Group​လေးက

တစ်ချိန်မှာ Intl’ Chart​တွေရဲ့ ထိပ်ဆုံး​နေရာကို အရယူနိုင်ဖို့၊

World Tourအထိ ထွက်နိုင်ဖို့ က​လေး​တွေ ဘယ်​လောက်ထိအားစိုက်ခဲ့ရလဲဆိုတာကို

အ​သေးစိတ်ရိုက်ကူး​ထားသလို

Concert​​တွေက ပရိတ်သတ်​တွေနဲ့ moment​တွေ​ကြောင့် အများကြီးကြည်နူးရဦးမှာပါ၊

ဒါ့အပြင် သူတို့ ပထမဆုံး Online က ​တိုက်ရိုက်​ဖျော်​ဖြေရတဲ့ THE SHOW အတွက်

ဘယ်​​လောက်ကြိုးစားခဲ့ရလဲဆိုတာ​တွေကိုပါ တင်ဆက်ထားပါတယ်၊

ဒါ့အပြင် “ဒီအခိုက်အတန့်​က ကျွန်မဘဝရဲ့ ​ပျော်စရာအ​ကောင်းဆုံး အချိန်ဖြစ်မယ် ထင်ပါတယ်”ဆိုတဲ့ စကားလုံး​​တွေ​နောက်ကွယ်က ​ပျော်ရွှင်စရာ ဝမ်းနည်းစရာခံစားချက်​တွေကိုပါ

တပြိုင်တည်း ခံစားရမှာဖြစ်လို့ BLINKတို့ကို ခံစားချက်​ပေါင်းမျိုးစုံ တပြိုင်တည်း ​ပေးစွမ်းနိုင်မယ့် Docu movie​လေးပဲ ဖြစ်တာမလို့

မြန်မာပြည်က BLINK​တွေအ​နေနဲ့ ​​ပျော်ရွှင်စွာကြည့်ရှုခံစားနိုင်ပါပြီ

0 comments:

Post a Comment