Showing posts sorted by date for query 2004. Sort by relevance Show all posts
Showing posts sorted by date for query 2004. Sort by relevance Show all posts


 

 

Rating : 5.9/10
Country : China
Genre : Adult, Drama, Romance
Released Date : 2004
Duration : 1h 44min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။

 

– “The Hand” By Wong Kar Wai

အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။

ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။

” တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား…” ။
~ ဇော်ဇော်အောင် (အပိုင်းအစများ)

မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။

ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။

အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို
“အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး”

 

– “Equilibrium” By Steven Soderbergh

ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။

 

– “The Dangerous Thread of Things” By Michelangelo Antonioni

မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။

ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ “The Hand” ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။

Read More 0 comments


 

Rating : 6.1/10
Country : Korea
Genre : Horror, Comedy
Released Date : 2004
Duration : 2h 3min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လောကမှာ လူတွေလောက် ကြောက်စရာကောင်းတာ မရှိဘူသရဲကတောင် လူတွေလောက်ကြောက်စရာမကောင်းဘူးဆိုတဲ့ ဒီကားလေးထဲ စကားကို တကယ်သဘောကျမိသလို လက်လည်းလက်ခံမိပါတယ်အဖေတစ်ခု သားတစ်ခုဘဝနဲ့ အိမ်ပိုင်မရှိ ခဏတိုင်း အိမ်ပြောင်းနေထိုင်ခဲ့ကြရတဲ့ ပတ်ပီဂီတို့သားအဖ…တစ်နေ့ ပတ်ပီဂီ ငယ်ငယ်မှာပဲ အဖေဖြစ်သူ ဆုံးပါးခါနီး နောက်ဆုံးဆန္ဒဟာ သားဖြစ်သူကို ကိုယ်ပိုင်အိမ်ရှိစေချင်ခဲ့တာပါဒီလိုနဲ့ ပီဂီတစ်ယောက် ကြီးပြင်းလာတဲ့အခါ သဘောၤသားအဖြစ် အလုပ်ကြိုးစား ငွေစုပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ဝယ်ယူပိုင်ဆိုင်ခဲ့ပေမယ့်ကံဆိုးချင်တော့ ဝယ်လိုက်တဲ့အိမ်မှာ မကျွတ်လွတ်သေးတဲ့ အိမ်စွဲသရဲမလေး ယွန်းဟွါရှိနေတဲ့အခါ…ရယ်ရခက် ငိုရခက် ပီဂီ့ခမျာ သရဲခြောက်လို့ ထံက်ပြေးရင်း မိုးကြိုးပစ်ခံရပြီး သေရွာပြန်ရာက သရဲတွေပါမြင်သွားရတော့သရဲနဲ့ အမောင်ပီဂီ ဘယ်လိုနှစ်ပါးသွားမလဲယွန်းဟွာ မကျွတ်လွတ်သေးတဲ့ အကြောင်းရင်းကို ဘယ်လိုဖော်ထုတ်ပေးမလဲဆိုတာ အခွီလေးတွေပါရောရင်း ကြည့်ရှုလိုက်ရအောင်ပါ ။

Read More 0 comments


Rating : 6.5/10
Country :United State
Genre :Drama,Mystery,Thriller,
Released Date : 2004
Duration : 1h 48min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။
စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။

ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။

အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။

အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။

ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။
ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။

တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။

ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။

ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ တောအုပ်ကိုဖြတ်ကျော်နိုင်ပြီး ရွာလေးရဲ့အနာဂါတ်ကိုပြောင်းလဲပစ်နိုင်မလား။
ဒါမှမဟုတ် တောအုပ်ထဲကသတ္တဝါတွေ တိုက်ခိုက်ခံရလို့ ပျက်စီးရမှာလား။

The Village ရဲ့ ဒီဇာတ်လမ်းလေးက Thriller, Drama ဇာတ်လမ်းလို့ နာမည်တပ်ထားပေမဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါလို့ ပြောချင်ပါတယ်။ ဒီရွာလေးက လူ့အဖွဲ့အစည်းကိုပဲ သရော်ထားတာလား။ အဲဒီရွာက ရွာသူရွာသားတွေကိုပဲ သရော်ထားတာလားလို့တော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ဘာပဲပြောပြော ကြည့်ရတာ တန်တဲ့ ဇာတ်ကားလေးဆိုတာတော့ မမှားပါဘူး။ ခင်ဗျားက အတွေးသမားဆိုရင်တော့ ဒီရွာလေးကြောင့် လူအဖွဲ့အစည်းအကြောင်း၊ လူတွေရဲ့အကြောင်း တွေးစရာတွေပေါ်လာမှာသေချာပေါက်ပါပဲ…

 

 


Read More 0 comments


 

Rating : 7.1/10
Country : United State
Genre : Drama
Released Date : 2004
Duration : 1h 59min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုကြောင့် အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်။ ဘဝတွေ ဆုံးရှုံး ပျက်စီးရနိုင်သလို ဘဝတွေကို

ပျော်ရွင် သာယာမှုတွေပေးနိုင်ပါတယ်။ ဘော်ဘီလောင်းဟာ ပရော်ဖက်ဆာဟောင်းတစ်ယောက်၊

သူ့ရဲ့လက်ထောက်ဆရာတစ်ယောက်နဲ့ နယူးအော်လန်ကို ရောက်လာကြတဲ့အချိန်မှာ အဆိုတော်မလေးတစ်ယောက်နဲ့

သိကျွမ်းခဲ့ကြတယ်။

တနေ့ သူမဆုံးသွားတော့ သူမပိုင်တဲ့အိမ်ကို သူမရဲ့သမီးကိုပေးပြီး ဘော်ဘီတို့နဲ့အတူ တစ်နှစ်နေရမှာပါ။ ဒါပြီးမှပဲ

အကုန်ပိုင်ဆိုင်ခွင့်ရမှာပါ။ရောက်လာတဲ့ ထောင့်မကျိုးတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ ပညာတတ်ဘဝကို အရွဲ့တိုက်နေတဲ့ ဘော်ဘီလောင်းတို့

ထိပ်တိုက်တွေ့ကြပြီး ကမောက်ကမတွေဖြစ်၊ ဘော်ဘီတို့က ဘာလို့နယူးအော်လန်ကိုရောက်လာသလဲ ကောင်မလေးရဲ့

အမေနဲ့ဘယ်လိုပတ်သက်ခဲ့ကြလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီးတော့ နယူးအော်လန် ရောက်သွားသလို ခံစားရမဲ့

ဇာတ်ကားလေးဖြစ်ပြီး သီချင်းလေးတွေကလဲကောင်းပါတယ်။ဒါ့အပြင် စကားလက်ဂျိုဟန်ဆန်ရဲ့ ငယ်ရွယ်တဲ့ အလှကိုမြင်ရမှာဖြစ်ပြီး ဘော်ဘီအဖြစ် မင်းသားကြီး ဂျွန်ထရာဗိုတာက

သရုပ်ဆောင်ပေးထားပါတယ်။Rating ကလဲ 7.1 အထိရထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်သလို ” A Love Song for Bobby Long ” ဆိုတဲ့သီချင်းကလဲ

တကယ့်ကိုနာမည်ကြီးခဲ့တဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်..

Read More 0 comments


 

 

Rating : 6.3/10
Country : United State
Genre : Comedy, Romance
Released Date : 2004
Duration : 1h 55min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ကဲကဲ Meet The Parents ကြည့်ပြီးတဲ့နောက် အများစု မျှော်လင့်နေကြလောက်မယ့် Meet The Fockers လေး လာပါပြီဗျ ။

ပထမတစ်ကားမှာ အလွဲလွဲအချော်ချော်ဖြစ်ပြီး ရယ်ခဲ့ရသလိုမျိုးပဲ အခုကားကလည်း အဲ့ဒီထက် နှစ်ဆ လောက် ထပ်ပြီး ပါးစပ်မပိတ်နိုင်ဘဲ ရယ်နေရမယ် ဆိုတာ အာမခံပါတယ်ဗျာ

ဇာတ်လမ်းကတော့ Meet The Parents မှာ ဂျက်ရဲ့ ယုံကြည်မှုစည်းဝိုင်းထဲကို ပြန်ရောက်ခဲ့တဲ့ ဂေး လော့ဒ် တစ်ယောက် ဂျက်ကို သူ့မိဘတွေနဲ့ တွေ့ဆုံဖို့ မိုင်ယာမီအထိ ခေါ်သွားရပါတော့တယ်
အဲ့လိုနဲ့ နှစ်ဘက်မိဘတွေ အချင်းချင်း တွေ့ဆုံကြရင်းနဲ့ ဘယ်လို အလွဲလေးတွေ ဖြစ်ပြီး ရယ်နေရမလဲ
ဂျက် အနေနဲ့ ဖော်ကာတို့မိသားစုကို နှစ်သက်မလား ဂရက်ကို သူ့သမီးနဲ့ သဘောတူလိုက်မလား ဆိုတာကို ကြည့်ရှု ခံစားလိုက်ကြပါ ။

Read More 0 comments


 

Rating : 6.3/10
Country : Korea
Genre : Comedy, Romance
Released Date : 2004
Duration : 1h 48min

အညွှန်း

ဒီတစ်ခါမှာ​တော့ 2004ခုနှစ်က ထွက်ရှိထားတဲ့Mr.Hongဆိုတဲ့ဇာတ်ကား​လေးကို တင်ဆက်​ပေးပါ့မယ် …အခုတ​လော hotဖြစ်​နေတဲ့ My Hometown Cha Cha Chaရဲ့ မူရင်းဇာတ်လမ်း​လေးလည်း ဖြစ်ပါတယ်…

မူရင်းဇာတ်လမ်းဟာ ပိုရယ်ရတယ်လို့ထင်ပါတယ်… ၂၀၀၄ ခုနှစ်က ဝါရင့်သရုပ်ဆောင်ကြီး(၂)ဦးပါဝင်ထားလို့  ဒီဘက်ခေတ်အမြင်နဲ့ကြည့်ရင် အဆင်ပြေပါ့မလားထင်ရပေမဲ့ တကမ်းတမ်းတော့တော်တော်ကြည့်ကောင်းပြီး  နင်းကန်လည်းရယ်ရပါတယ်…ဇာတ်လမ်းကျောရိုးတူပြီးသားဆိုပေမဲ့ ကွဲလွဲမှုတွေလည်းရှိလို့ထွေထွေထူးထေူးတော့ အညွှန်းမရေးတော့ပါဘူး…မတူညီတဲ့ ရသထူးလေးရမှာမို့ ခေါင်းဆောင်ဟုန်ဖန်တွေအထူးအားပေးသင့်ပါကြောင်းပြောပါရစေ…

Read More 0 comments


 

 

Rating : 6.3/10
Country : Korea
Genre : Action, Horror, War
Released Date : 2004
Duration : 1h 47min

အညွှန်း

ဒီဇာတ်ကားကတော့ တော်တော်လေးခြောက်ခြားစရာကောင်းတဲ့ ကိုရီးယား Horror ကားပါ..

အဖြစ်အပျက်က ၁၉၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ..

ဗီယက်နမ်တောနက်ထဲက R-Point ဆိုတဲ့နေရာမှာ တောင်ကိုရီးယားတပ်စိတ်တစ်ခုလုံးပျောက်ဆုံးသွားကြောင်း

ရေဒီယိုအဆက်အသွယ်ကနေတဆင့် သိလိုက်ရပါတယ်…

ဒါကြောင့် သူတို့ကိုကယ်ဆယ်ဖို့ ဗိုလ်ချွဲထယ်အင်း ဦးဆောင်တဲ့တပ်စိတ်တစ်စိတ်ကို R-Point ဆီ စေလွှတ်လိုက်ပါတယ်..

တပ်စိတ်တစ်ခုလုံး ဘာကြောင့်ပျောက်ဆုံးနေတာလဲ…

ဘယ်လိုအကြောင်းတွေရှိနေတာလဲ….ဘယ်လိုခြောက်ခြားစရာတွေက R-Point မှာ စောင့်ကြိုနေမလဲဆိုတာ….

 

Read More 0 comments

 


Rating : 5.9/10
Country : Korea
Genre : Mystery, Romance, Thriller , Adult
Cast : Kim Hye-su, Kim Tae-Woo, Chang Yun
Released Date : 2004
Duration : 1h 40min

အညွှန်း
ဒီရုပ်ရှင်က စိတ်ပညာကားဆိုလဲ မမှားသလို ဒရာမာကားဆိုလဲမမှားဘူးပြောရမှာပေါ့။ ၂၀၀၄ခုနှစ်လောက်ကကျနော်တို့နိုင်ငံမှာ စိတ်ပညာဆရာ၀န်တွေ သိပ်မများသေပေမယ့် တောင်ကိုးရီးယားလိုဖွံဖြိုးတဲ့နိုင်ငံတွေကျတော့ ရှိနေပြီပေါ့ဗျာ. အဓိက သရုပ်ဆောင်ဖြစ်တဲ့ မင်းသမီးkim hye suရဲ့ psychoဆန်ဆန်သရုပ်ဆောင်မှုတွေ ကောင်းတော့ ဆုအနေနဲ့လဲ ၇ဆုရထားပြီး ဇကာတင်ဆု‌တွေလဲ ရထားပါတယ်။ဇာတ်လမ်းအကျဉ့်းကတော့ အိမ်မွေ့ချရောဂါကုထုံးဆရာ၀န်နဲ့ စိတ်ဂနာမငြိမ်ရောဂါသည်တို့ကြားက
ဆက်ဆံရေးတခုအပေါ်အခြေခံထားပါတယ်။ မင်းသမီး Kim hye suက ဂျီဆုဆိုတဲ့ အချစ်ဦးနဲ့လွဲလို့ စိတ်ဒဏ်ရာလဲရသူရေးတဲ့စာအုပ်တွေကလဲ ထုတ်ဝေခွင့်မရ အိမ်ထောင်ရေးကလဲ အဆင်မပြေတော့ စိတ်ကစဉ့်ကလျား ရောဂါဖြစ်‌‌ေနတဲ့အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။.ဂျီဆု စိတ်ရောဂါကို ခင်ပွန်းဖြစ်သူက သိရှိသွားပြီး စိတ်ကုဆရာ၀န်နဲ့ ပြသခဲ့ပါတယ်.ဒါပေမယ့် ဂျီဆုဟာအကောင်းပတိပြန်ဖြစ်တာမျိုး မဟူတ်ပဲ ယဉ်ယဉ်လေးဆက်ရူးနေခဲ့တာပါ။တနေ့မှာတော့ သူ့ကိုကုသပေးတဲ့ဆရာ၀န်နဲ့ပြန်ဆုံပြီး နှစ်ယောက်သား အခက်အခဲတွေ ရင်ဖွင့်ရင်း ရင်းနှီးချိန်မှာတော့သွေးသားဆန္ဒအရ မှားခဲ့ပါတယ်။ဂျီဆုစိတ်အခြေအနေမဟန်မှန်း ဆရာ၀န်သိလိုက်ရချိန်မှာတော့ သူဟာဂျီဆုကို ချစ်မိနေခဲ့ပါပြီ. အဓိကကတော့ ဂျီဆုဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်အခြေအနေကို ရသမြောက်အောင်ရိုက်ကူးပြသပြီး လူ့ဘ၀ရဲ့ ရှုပ်ထွေးပုံကို တင်ဆက်ထားတာပါ. တချို့ဇာတ်၀င်ခန်းတွေက မိသားစုနဲ့အတူ ကြည့်ရှုဖို့မသင့်တော်ကြောင်း သတိပေးရင်း စိတ်ပညာစိတ်၀င်စားသူတို့နဲ့ ရုပ်ရှင်ချစ်သူတို့ကို ကြည့်စေချင်ကြောင်းညွှန်းချင်ပါတယ်
Read More 0 comments


 

Rating : 7.0/10
Country : United State
Genre : Comedy
Cast : Lindsay Lohan, Jonathan Bennett, Rachel McAdams
Released Date : 2004
Duration : 1h 37min

အညွှန်း
နာမည်ကျော်မင်းသမီး လင်းဆေးလိုဟန် ပါဝင်သရုပ်ဆောင်ထားတဲ့ Rating မြင့် Teen School
ကျောင်းသား အချစ် ဟာသ ရုပ်ရှင်ဇတ်မြူးလေး ဖြစ်ပါတယ်…
ဒီရုပ်ရှင်ကားကို April 30, 2004 (USA) မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး
ရိုက်ကူးစဉ်က Budget $17 million သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ $130 million ရရှိခဲ့တာကြောင့်
အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ…
ဇာတ်လမ်းကတော့…
နယ်ကပြောင်းလာပြီး သက္ကသိုလ်ကျောင်းတက်ရတဲ့ ကေဒီ တစ်ယောက်
ကျောင်းမှာ ထူးထူးဆန်းဆန်းတွေသာ မြင်ရပါတယ်
သူမြင်နေကြ မဟုတ်တဲ့ ဂုဏ်အရှိန်အဝါ ပြိုင်ဆိုင်တာတွေ အလှပြိုင်တာတွေ
အဆင့်အတန်း ခွဲတာတွေ နဲ့ အုပ်စုလိုက် သွားလာတက်တာတွေကို စတင်
လေ့လာရပါတော့တယ်..
သူတို့ ကျောင်းမှာ နာမည်ကြီးနေတဲ့ ပလစ်စတစ် ကောင်မလေး အဖွဲ့က
ကေဒီ ရဲ့ အလှကို စတင် သတိထားမိသွားပြီး ကေဒီ ကို သူတို့ အဖွဲ့ထဲ
စတင်ခေါ်ပါတော့တယ်…
ရိုးသား တဲ့ ကေဒီတစ်ယောက် အလှတွေ ပြင်တက်လာပြီး အချစ်နဲ့ တွေ့ပြန်တော့လဲ
မလုပ်ဖူးတဲ့ လိမ်ညာတာတွေ သူများကို ချောက်တွန်းတာတွေ စတင်လုပ်ဖြစ်လာပြီး
မူလ ရိုးသားပြီး စာတော်တဲ့ ကေဒီ ရဲ့ ပုံစံလေးဟာ တစ်ဖြေးဖြေး ပျောက်ကွယ်ခဲ့ပါတယ်..
ပလစ်စတစ် ကောင်မလေးများ အဖွဲ့မှာ ကေဒီ တစ်ယောက် နေရာရလာမလား
သူမ ရဲ့ ရိုးသား မှု နဲ့ အချစ်ရဲ့ အားပြိုင်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကိုတော့
Mean Girl ရုပ်ရှင်လေးမှာ ကြည့်ရှုခံစားလိုက်ပါနော်။
Read More 0 comments


 

Rating : 6.7/10
Country : United State
Genre : Comedy, Drama, Romance, Adult 
Cast : Amanda Bynes, Laura Ramsey, Channing Tatum 
Released Date : 2004
Duration : 1h 49min

အညွှန်း
ဒီဇာတ်ကားကိုကြည့်ဖူးရင် အကောင်ပါပဲ……..မင်းသမီး Elisha Cuthbert ကိုကြိုက်မိသွားတဲ့အကောင်။ကျွန်တော်ကတော့ မင်းသမီးအပြင် မင်းသား Emile Hirsch ရဲ့သရုပ်ဆောင်မှုတွေကိုလဲ အာတွေ့လှပါတယ်။သူတို့အတွက်များ ဒီဇာတ်ကားဖန်တီးဖြစ်တာလားလို့ တွေးမိရလောက်အောင် မင်းသားရော မင်းသမီးရော နှစ်ယောက်လုံး ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားကြပါတယ်။ သူတို့နဲ့ လိုက်ဖက်လွန်းတဲ့ဇာတ်ကားပါ။ဇာတ်ကားရဲ့ ရည်ရွယ်ရင်းလဲ နှစ်သက်မိသလို ဟာသရသလဲမြောက်ပါတယ်။လူငယ် အချစ် ဟာသ ဇာတ်လမ်းလေးတွေမှာတော့ မမေ့နိုင်တဲ့ဇာတ်ကားပါ။Hit Man မင်းသား..ဖိုက်တာကြီး Timothy Olyphant ကို ဂျလေဘီဆန်ဆန်မြင်ရတာလဲ သဘောကျမိပါတယ်။Unrated Version နဲ့တင်ဆက်ထားတာမို့ ပြည့်ပြည့်ဝဝခံစားရမှာပါ။ချုပ်ပြောရရင် Teen Comedy ပရိတ်သတ်တွေ မကြည့်ဖူးသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ကြည့်ပြီးသားဖြစ်ရင်လဲ မင်းသမီး Elisha Cuthbert ကြောင့် ထပ်ကြည့်သင့်ကြောင်းပါ။ 
Read More 0 comments


 

Rating : 5.6/10
Country : Thai
Genre : Adult, Thriller
Cast : Sorapong Chatree, Thongthong Mokjok, Helen Nima
Released Date : 2004
Duration : 1h 35min

အညွှန်း
ထိုင်းနိုင်ငံတောင်ပိုင်းရှိသူစိမ်းတစ် ဦး သည်သူ၏နေအိမ်သို့ပြန်သွားသည်။ ထိုတွင်သူသည်ကမ်းခြေရှိလှပသောအမျိုးသမီးတစ် ဦး ကိုထိ မိ၍ လဲစေခဲ့သည်။ သူသည်သူမဖခင်၏ဇနီးအသစ်ဖြစ်ကြောင်းနောက်ပိုင်းတွင်သူသိရှိသွားသည်။ ချစ်ခြင်းမေတ္တာကင်းမဲ့သောလက်ထပ်ထိမ်းမြားမှုတွင်သူမနေထိုင်ခဲ့သည်မှာသူမတိတ်ဆိတ်ငြိမ်သက်သောဤအမျိုးသမီးကြီးကိုသူထူးဆန်းစွာဆွဲဆောင်နိုင်ကြောင်းတွေ့ရှိခဲ့သည့်သူမ၏မွေးချင်းနှင့်ဆက်သွယ်သည်။
Read More 0 comments


 

Rating : 6.1/10
Country : Korea
Genre : Action, Crime, Mystery
Cast : Go Soo, Song Ji-Hyo, Dong-kyu Lee
Released Date : 2004
Duration : 1h 58min

အညွှန်း
ဆောယူဂျင်း (Song Jihyo) ဟာ သာမန် ရေဒီယိုဌာနတစ်ခုက ယာဥ်လမ်းကြော သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။
သူမဟာ ဟယ်မီ ဆိုတဲ့နာမည်ကို သုံးပြီး အွန်လိုင်းပေါ်မှာ ခန် ဆိုတဲ့မိတ်ဆွေတစ်ယောက်နဲ့ ခင်မင်သွားပါတော့တယ်။ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ယူဂျင်း တစ်ယောက် တနေ့မှာတော့အလုပ်သွားဖို့လာရင်းနဲ့ ကြောင်လေးတစ်ကောင်နောက် ဓာတ်ပုံလိုက်ရိုက်ရင်း မထင်မှတ်ဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ပုံကို သူ့ရဲ့ ကင်မရာထဲ ရိုက်ကူးမိသွားပါတယ်။တစ်ဖက်မှာလည်း နိုင်ငံတော်ဘဏ္ဍအဖြစ်သိမ်းယူလိုက်ပေမယ့် ပျောက်ဆုံးနေတဲ့ ဒေါ်လာ၁၀သိန်းတန် မူးယစ်ဆေးဝါး အမှုကို လိုက်နေတဲ့ စုံထောက်ဖြစ်သူ ဂန်ဆောင်ဂျူး (Go Soo) နဲ့ ဆောယူဂျင်း တို့ တွေ့ဆုံတဲ့အခါမှာတော့…အချင်းချင်း တစ်ခါမှမဆုံဖူးကြပေမယ့် သူမ နဲ့ စုံထောက်ဂန် တို့ တနေ့တည်းတချိန်မှာ သေမယ်ဆိုတာဆိုတာ သူမရဲ့ မှတ်ဥာဏ်ထဲမှာ ကြိုမြင်နေတဲ့ ဆောယူဂျင်း တစ်ယောက် သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲနိုင်မလား….
ဒေါ်လာဆယ်သန်းကိုခိုးယူသွားတဲ့သူကရောဘယ်သူဖြစ်မလဲ…
Action နဲ့ Crime ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအနေနဲ့ မြည်းစမ်းသင့်တဲ့ ဇာတ်ကားကောင်းတစ်ကောင်းပဲ ဖြစ်ပါတယ်။
Read More 0 comments


 

Rating : 3.4/10
Country : United State
Genre : Action, Crime, Fantasy
Cast : Halle Berry, Sharon Stone, Benjamin Bratt 
Released Date : 2004
Duration : 1h 44min

အညွှန်း
Catwoman ဆိုရင် Batman နဲ့ ဘာညာ ဘာညာ ဖြစ်နေတဲ့ Selina Kyle ဆိုတာ DC fan တိုင်းသိကြမှာပါ။ Catwoman လို ဇာတ်ကောင်ကို နာမည်ကြီး Bond Girl Halle Berry က သရုပ်ဆောင်မယ်ဆိုတော့ စိတ်ကူးထဲမှာတော့ ပျော်စရာကြီးပါ။ ဒါပေမယ့် တစ်ကယ်လည်း ထွက်လာရော Catwoman ဟာ DC ရဲ့ Catwoman နဲ့ ဘာဆိုဘာမှ နာမည်တောင်မတူပါဘူး။ တစ်ကယ့်ကို ခြာတူးလန်ပြီး လုပ်ချင်ရာတွေလုပ်ထားခဲ့တ၏့ ဒီရုပ်ရှင်ရဲ့ Budget ကတော့ ဒေါ်လာ သန်း တစ်ရာ ပါ။
Read More 0 comments


 

Rating : 7.9/10
Country : India
Genre : Action, Drama, Romance
Cast : Hrithik Roshan, Preity Zinta, Amitabh Bachchan 
Released Date : 2004
Duration : 3h 6min

အညွှန်း
မြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့
လူသိမြားလှတဲ့ ဘောလိဝုဒျမငျးသား Hrithik Roshan နဲ့ Amitabh Bachchan ,
မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ
War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။
ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ
မြန်မာလို “ရည်ရွယ်ချက် ၊ ရည်မှန်းချက်”လို့ အဓိပ္ပာယ်ရပြီး
တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို
လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး
မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက်
ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။
ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ
သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့်
သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။
ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း
လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့
ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ
အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။
ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး
လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့
တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။
မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့
သကောင့်သား ကာရန်တစ်ယောက် တပ်ထဲကို ရောက်တော့မှ
ဒုက္ခတွေ တသီကြီး ရောက်ရပါတော့တယ်။ဇာတ်လမ်းအကြောင်းအရာကိုတော့ ဒီမှာတင်ရပ်ပြီး
ကျန်တဲ့အပိုင်းကို ပရိတ်သတ်ကိုယ်တိုင် ခံစားကြည့်လိုက်ပါ။
အိန္ဒိယတပ်မတော်ရဲ့ ပြည်သူကချစ်တဲ့ စစ်သားတွေရဲ့ဘ၀ ၊ ခံယူချက် နဲ့
အထက်အမိန့်အတိုင်း ဆောင်ရွက်ရပုံတွေ
တိုင်းပြည်ကို ချစ်တဲ့စိတ်တွေ…
တိုင်းပြည်အတွက် အနစ်နာခံပုံတွေကတော့….
ပြောလို့တောင် မဆုံးတာမို့…
ဇာတ်ကားထဲမှာ ပါဝင်စီးမြောခံစားရင်း ကြည့်ရှုကြဖို့
တိုက်တွန်းချင်ပါတယ်
Read More 0 comments


 

Rating : 4.7/10
Country : United State
Genre : Action, Adventure, Horror 
Cast : Morris Chestnut, KaDee Strickland, Eugene Byrd
Released Date : 2004
Duration : 1h 37min

အညွှန်း
ဒီကားလေးကတော့ (၂၀၀၄) ခုနှစ်ကထွက်ခဲ့တဲ့
Anacondaမြွေကြီးတွေအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ဒေါက်တာဂျွန်ဘိုက်ရွန် ဂေါ်ဒွန်မစ်ချယ် ဆမ်ရော်ဂျာ ဂေးစထရင်း ကိုးလ်ဘားရစ်တို့နဲ့အတူ ဒေါက်တာဘန်ဒေါက်ဂလပ်စ်တို့ဟာ
နယူးယောက်ခ်မြို့ရဲ့ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝက်ဆဲဟော ရဲ့ရန်ပုံငွေနဲ့ အင်ဒိုနီးယားနိုင်ငံ ဘော်နီယိုမှာရှိတဲ့ တောထဲကို ပန်းရှာဖို့ထွက်လာခဲ့ပါတယ်ဒီပန်းဟာလည်း တစ်ခြားတော့မဟုတ်ပါဘူး
လူ့သက်တမ်းတွေကိုဆွဲဆန့်ထားနိုင်တဲ့အစွမ်းရှိတဲ့ တစ်နည်း အသက်ရှည်နုပျိုနေနိုင်တဲ့ အနီရောင်သစ်ခွပန်းပဲဖြစ်ပါတယ်ဒီပန်းထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ လူ့သက်တမ်းကိုရှည်ပြီး ငယ်ရွယ်နုပျိုနေစေနိုင်တဲ့ အစွမ်းရှိတဲ့ဆေး ဖော်စပ်ရာမှာ အသုံးပြုရမှာပဲဖြစ်ပါတယ်
သူတို့ဟာပန်းရှိရာတောနက်ထဲကိုရေကြောင်းလမ်းကနေသွားဖို့လှေငှားရင်းနဲ့ပဲ ကပ္ပတိန် ဘေလ်ဂျွန်ဆင်နဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ထရန်ဝူတို့နဲ့ဆုံခဲ့ပါတယ်

ကပ္ပတိန်ဘေဟာသူတို့ကိုအန္တရာယ်ကင်းကင်းခေါ်ဖို့ကြိုးစားရာကနေ မတော်တဆရေတံခွန်အောက် ပြုတ်ကျရာမှစပြီး တစ်ဖွဲ့လုံးငါးပါးမှောက်ကာ မြွေကြီးနဲ့တိုးတဲ့အထိဖြစ်လာခဲ့ပါတော့တယ်
ကပ္ပတိန်ဘေလ်ဂျွန်ဆက်နဲ့အဖွဲ့ဟာ မြွေကြီးတွေရန်ကနေပဲ လွတ်မလား သစ်ခွပန်းအနီတွေကိုပဲပိုက်ပြီးပြန်ရမလား ဘယ်သူတွေကအသက်ရှင်နိုင်ကြမလဲ ဘယ်သူတွေ‌ရှောဘရားသားဘောကားမလဲဆိုတာကတော့ ဆက်လက်ပြီးရင်ခုန်စိတ်လှုပ်ရှားပေးပါဦးဗျာ့
Read More 0 comments


 

Rating : 7.0/10
Country : India
Genre : Action, Comedy, Drama 
Cast : Shah Rukh Khan, Sushmita Sen, Sunil Shetty
Released Date : 2004
Duration : 3h 2min

အညွှန်း
ဘောလိဝုဒ်ရဲ့ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာကျော်မင်းသား ရှာရွတ်ခန်းရဲ့အချစ်အလွမ်းအကြမ်းရသစုံတဲ့ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
ရှာရွှတ်ခန်းရဲ့ လူသိများတဲ့ရုပ်ရှင်တွေဖြစ်တဲ့ Om Shanti Om တို့ Happy New Year တို့ကို ရိုက်ကူးပေးခဲ့တဲ့
ဒါရိုက်တာ Farah Khan ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ပြီး မင်းသားကြီး Sunil Shetty ၊လူငယ်မင်းသားချော Zayed Khan
မင်းသမီး Sushmita Sen နဲ့ Amrita Rao တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။
Imdb rating 7.0 ရရှိထားတဲ့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့
အိန္ဒိယတပ်မတော်မှ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ ပါကစ္စတန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးယူဖို့ ပထမခြေလှမ်းအဖြစ်
မီလတ်စီမံကိန်းကို လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ မီလတ်စီမံကိန်းကတော့ အိန္ဒိယနယ်စပ်မှာ ဖမ်းမိထားတဲ့
မသိနားမလည်တဲ့အပြစ်မဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ထိုစီမံကိန်းကို
သတင်းဌာနတစ်ခုမှ ဗိုလ်ချုပ်ဘတ်က်ရှီးကို အင်တာဗျူးဖို့ ဖိတ်ကြားထားလို့ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ အင်တာဗျူးလာရောက်ဖြေခဲ့ပါတယ်။
အင်တာဗျူးဖြေနေစဉ်မှာ ပါကစ္စတန်နဲ့ငြိမ်းချမ်းရေးရသွားမှာကို မလိုလားတဲ့ အကြမ်းဖက်သမား ရာ့ဂ်ဗန်တို့အဖွဲ့ဟာ သတင်းဌာနကို
ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ဘတ်က်ရှီးကို ကာကွယ်ရင်းနဲ့ မေဂျာရမ်(ရှာရွတ်ခန်း)ရဲ့အဖေ
ဗိုလ်မှူးကြီးရှိတ်ကာဟာ ကျဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရှိတ်ကာဟာ သူ့မှာ မေဂျာရမ်အပြင် လက်ရှ်မန်းဆိုတဲ့ သားတစ်ယောက်နဲ့
မာဒူဆိုတဲ့ ဇနီးတစ်ယောက်ရှိကြောင်း သားဖြစ်သူ မေဂျာရမ်ကို သူကွယ်လွန်ခါနီးအချိန်တွင်ပြောခဲ့ပြီး သူ့အရိုးပြာကို သားနှစ်ယောက်အတူမျှောပေးဖို့
မေဂျာရမ်အား ကတိတောင်းခဲ့ပါတယ်။ မေဂျာရမ်ဟာ သူ့အဖေရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ဖို့လုပ်နေချိန် ဗိုလ်ချုပ်ဘတ်က်ရှီးမှ သူ့အား
တာဝန်တစ်ခုပေးခဲ့ပါတယ်။ ထိုတာဝန်ကတော့ ဒါဂျီလင်မြို့မှာနေထိုင်တဲ့ ဗိုလ်ချုပ်ဘတ်က်ရှီးရဲ့ သမီး ဆန်ဂျနာကို ကာကွယ်ဖို့တာဝန်ပါ။ တိုက်ဆိုင်စွာနဲ့ပဲ
ဆန်ဂျနာနဲ့ မေဂျာရမ်ရဲ့အဖေတူအမေကွဲညီ လက်ရှ်မန်းတို့သားအမိဟာ ဒါဂျီလင်မြို့မှာ ရှိနေပါတယ်။
ဆန်ဂျာနာက စစ်သားတွေကို မုန်းတဲ့သူဖြစ်တာမို့ မေဂျာရမ်ဟာ ကျောင်းသားတစ်ယောက်အဖြစ် အသွင်ယူပြီး ကာကွယ်ပေးဖို့လုပ်ရင်း တစ်ဖက်မှာ
သူ့အဖေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ သူ့ညီနဲ့ သူ့မိထွေးကို ရှာပုံတော်ဖွင့်ပါတော့တယ်။ ထို့နောက် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့
၃ နာရီကျော်ကြာမြင့်တဲ့ ဒီရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။
Read More 0 comments


 

Rating : 8.0/10
Country : Korea
Genre : Romance, Crime, Drama
Cast : Seung-Yun Lee, Hee Jae, Hyuk-ho Kwon
Released Date : 2004
Duration : 1h 28min

အညွှန်း
ဆိုက်ကို ဆန်ဆန် ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေထူခြားတာက ဒီဇာတ်ကားထဲမှာ မင်းသားက စကားတစ်ခွန်းမှပြောမသွားတာပဲ(ဘာသာပြန်ရတာသက်သာတာပေါ့????????)

သူက ဆိုင်ကယ်တစ်စီးနဲ့ ပန်းဖလက်တွေကို အိမ်တွေရဲ့ သော့ပေါက်တွေမှာလိုက်ကပ်တယ် ပြီးတော့ ညကြမှလာပြန်ကြည့် ပန်းဖလက် မကွာသေးတဲ့ အိမ်တွေဆိုသော့တုနဲ့ဖွင့်ပြီး အိမ်ထဲကိုဝင် စားစရာရှိတာချက်ပြုတ်စား၊ရေချိုး၊ ရုပ်ရှင်ကြည့်၊ ပျက်နေတဲ့ ပစ္စည်းတွေတွေ့ရင်ပြင်၊ အမြင်မတော်တာတွေကောက်သိမ်း၊အဝတ်တွေလျော် သူအိမ်လိုပဲနေတယ် ပြီးရင် ဘာပစ္စည်းမှမယူပဲ ဒီအတိုင်းပြန်ထွက်သွားတယ်

တစ်ရက်ကျတော့ လူမရှိဘူးထင်ပြီး သူဖောက်ဝင်ခဲ့တဲ့ အိမ်ထဲမှာအတင်းအကျပ်လက်ထပ်ယူထားပြီး နှိပ်စက်ခံထားရတဲ့မိန်းမတစ်ယောက်နဲ့သွားဆုံတယ် ပြီးတော့ အဲ့မိန်းကလေးကို နှိက်စက်နေတဲ့သူကိုဂေါက်သီးနဲ့ တည်ရိုက်ပြီးတော့ ထွက်လာတော့ အဲ့မိန်းမကလဲလိုက်လာတယ်

ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်အိမ်ပြီးတစ်အိမ်လိုက်ဖောက်ပြီးနေနေရင်းနဲ့မှ ကြိုက်သွားကြတယ်ပေါ့ဗျ တစ်နေ့ကြတော့သူတို့ ဖောက်ဝင်တဲ့ အိမ်ထဲမှာ သေဆုံးနေတဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့တဲ့အခါ သူတို့ ဘာတွေဆက်လုပ်ကြမလဲ….?ဒီဇာတ်ကားကတော့ ကျော်ကိုယ်တိုင် ကြည့်ဖူးသမျှ ကိုရီးယားကားတွေထဲကအကြိုက်ဆုံးဇာတ်ကားပါ

ဇာတ်အိမ်က နားထောင်ကြည့်ရင်ပျင်းစရာကြီးဆိုပေမယ့် ဇာတ်ကားပြီးတြ့အထိ ကောင်းကောင်းဆွဲဆောင်သွားနိုင်တဲ့ကားပါ 2004 တုန်းကထွက်ထားတာဖြစ်ပြီး IMDb 8.1 အထိရထားတဲ့ဇာတ်ကားလေးပါ ဇာတ်ကားဆန်းဆန်းလေးတွေ ကြည့်ချင်တဲ့လူတွေအကြိုက်တွေ့ကြမှာပါ 
Read More 0 comments


 

Rating : 7.4/10
Country : China
Genre : Drama, Romance, Sci-Fi 
Cast : Tony Chiu-Wai Leung, Ziyi Zhang, Faye Wong
Released Date : 2004
Duration : 2h 9min

အညွှန်း
“2046”… ဒီနံပါတ်ဟာ
အချိန်ကာလတစ်ခုဖြစ်ချင်ဖြစ်မယ်
ဟိုတယ်အခန်းတစ်ခုရဲ့နံပါတ် ဖြစ်ချင်ဖြစ်မယ်။
အချိန်လား‌ နေရာလား ထားလိုက် အရေးမပါဘူး။
အရေးပါတာက အဲ့ဒီမှာ ဘာမှမပြောင်းလဲဘူးဆိုတဲ့ အချက်။
ချစ်မိသူတွေဟာ မပြောင်းလဲနိုင်တဲ့ ကမ္ဘာကြီးကိုလိုလားကြတယ်။
အထူးသဖြင့် သူတို့ချစ်တဲ့သူတွေရဲ့နှလုံးသားတွေမပြောင်းလဲဖို့ လိုလားကြတယ်။
၂၀၄၆ဟာ ဘာမှ မပြောင်းလဲ တဲ့နေရာ။
ဒီတော့ သူတို့၂၀၄၆ကိုသွားကြတယ်။တစ်ရံတစ်ခါမှာ ပဟေဠိဆန်တဲ့ ရထားတစ်စီးက ၂၀၄၆ကို ထွက်ခွာတယ်။
၂၀၄၆ကိုသွားတဲ့ ခရီးသွားတိုင်းမှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ်
သူတို့က သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ညဏ်တွေကို ပြန်လည်ဖမ်းဆုပ်လိုကြတယ်။
တစ်ချို့ကတော့ ၂၀၄၆ကို လွယ်လွယ်လေးရောက်သွားကြပေမယ့် တစ်ချို့အတွက်ကျတော့ခရီးက အများကြီးပိုရှည်ကြာတယ်။ခရီးသည်လက်စွဲ အပိုဒ်၂၀၁မှာ ဧရိယာ ၁၂၂၄-၁၂၂၅မှာ အရမ်းအေးတယ်လို့ သတိပေးထားတဲ့အပြင် ခရီးသည်တွေအနေနဲ့ အနွေးဓာတ်ရအောင် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြဖို့ အကြံပြုထားသေးတယ်။
၁၂လပိုင်း ၂၄ရက်နေ့ ၁၂လပိုင်း ၂၅ရက်နေ့ ခရစ္စမတ်အကြိုနေ့နဲ့ ခရစ္စမတ်နေ့။
ဒီလိုအချိန်တွေမှာ လူတွေက ပုံမှန်ထက်ပိုပြီးနွေးထွေမှုကိုလိုကြတယ်တဲ့။
ဒါကဧရိယာ ၁၂၂၄-၁၂၂၅ဆိုတဲ့နိမိတ်ပုံရဲ့ ဖွင့်ဆိုချက်ပါပဲ။
ဒါဆို ၂၀၄၆ဆိုတာကရော..။
ရထားကြီးကရော…..။
အဖြေတွေစုပေါင်းရရှိပြီးတဲ့နောက် ဒီရုပ်ရှင်မှာ
အချစ်ဆိုတဲ့အရာကိုပဲ ထင်ရှားမြင်နေရတယ်။
ဇာတ်ကောင်တွေတိုင်းရဲ့ အချစ်တွေဟာ
နာကျင်ကြေကွဲစရာ ကောင်းတယ်။
ကျန်းဇီယီရဲ့ ပိုင်လင်း
တိုနီလောင်ချူဝေရဲ့ ချောင်မိုဝမ်
ဂေါင်လီရဲ့ ဆိုးလိုင်ချန်
မက်ဂီချန်ရဲ့ ဆိုးလိုင်ချန်
ဖေးဝေါင်ရဲ့ ဝမ်ကျင်
ကာရီနာလောင်ရဲ့ လူလူ….။
အထူးသဖြင့် ကျန်းဇီယီရဲ့ ပိုင်လင်းဟာ
သိပ်ရင်နာစရာကောင်းတယ်။
ပြောရရင် Days of Being Wildနဲ့
In the mood for loveထဲက
လူအကုန်ပါတယ်။
ချစ်တယ်ဆိုတာ
လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်ခြင်းတစ်မျိုးဆိုတဲ့အယူကို ကျွန်တော်လက်ခံထားတာကြာပြီ
ဒါပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေအတွက်တော့ အချစ်ဟာ ဒီလိုမဟုတ်ခဲ့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် Days of Being Wild၊ In the mood for Love၊ 2046စတဲ့ဝေါင်ကာဝေးရဲ့ Informalသုံးကားစလုံးက
အချစ်ဆိုတာကို လက်တွေ့အဆန်ဆုံးပြထားတဲ့ ရုပ်ရှင်တွေလို့ပဲ ကျွန်တော်မြင်တယ်။
2046မှာ ရင်ထဲထိတဲ့ အခန်းတွေစီတန်းပြောရရင် တစ်ကားလုံး လည်းကုန်သွားနိုင်တယ်။ကြည်နူးဆွတ်ပျံ့စရာအချစ်ဇာတ်လမ်းတွေထက်ကြေကွဲဝမ်းနည်းစရာအချစ်ဇာတ်လမ်းတွေက
ရိုမန့်တစ်ပိုဆန်တယ်လို့ လက်မခံချင်လည်း လက်ခံရတော့မှာပါပဲ။
Informalသုံးကားဟာ ဝေဒနာကို ဂြိုလ်တွေလို ခါးပတ်ကွင်းစွပ်ထားတဲ့အချစ်ကိုမှ လွှတ်မချနိုင်ခဲ့တဲ့ လူတွေအကြောင်းပေါ့။
ကံအ‌ကြောင်းမလှရင် ကျွန်‌တော်တို့အတွက်လည်း
အချစ်ဟာ လွှတ်ချမရတဲ့
ဒုက္ခအိုးလေးဖြစ်သွားနိုင်တာပါပဲ။
ဒါပေမဲ့လည်း ကြားဖူးတဲ့သီချင်းလေးထဲကလို
” လူမှန်ရင်အချစ်ကမ္ဘာကိုရှာစမြဲမို့လေ
ရှာခဲ့ရဖူးတယ် မေ”
Read More 0 comments


Rating : 6.9/10
Country : United State
Genre :  Action, Adventure, Mystery 
Cast :   Nicolas Cage, Diane Kruger, Justin Bartha
Released Date : 2004
Duration : 2h 11min 


အညွှန်း
အမေရိကန်လို ဥပဒေတင်းကျပ်တဲ့ နိုင်ငံမျိုးမှာတောင် ရာဇဝတ်မှုဆိုတာ ကိုယ့်အိမ်တံခါးဝကို အချိန်မရွေးရောက်လာနိုင်တဲ့ နတ်ဆိုးတစ်ကောင်ပါပဲ…အဲ့ဒီနတ်ဆိုးဟာ တစ်နေ့တော့ ကလိုက်ဒ် ရှယ်တန် ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့အိမ်ကို


 

Read More 0 comments


Rating : 6.0/10
Country : United State
Genre : Action, Adventure, Mystery
Cast : Gwyneth Paltrow, Jude Law, Angelina Jolie
Released Date : 2004
Duration : 1h 46min

အညွှန်း

ဒီကားလေးကတော့ boy to boy ကြိုက်ကြတဲ့ကားလေးပေါ့နော် ။ ရှေ့နေ ဂျိုးဆက်ပ် တစ်ယောက် မိမိရဲ့ စိတ်တွေကို ဖုံးကွယ်နေထိုင်ရာက
ငြီးငွေ့လာတဲ့ တစ်ရက် သူ ကျွန်းတစ်ကျွန်းကို ခရီးထွက်တယ်၊ အဲ့ကျွန်းမှာက သူ့လိုစိတ်ရှိတဲ့သူတွေချည်းပဲ ။ အတွေ့အကြုံမရှိသေးတဲ့ သူ့အနေနဲ့က
အရာရာဟာကြောင်စီစီနဲ့ စိမ်းနေတာပေါ့ ။ ဒီလိုနဲ့ သူ အငိုက်မိခံလိုက်ရပြီး လူသတ်မှု တစ်ခု ကို တွေ့လိုက်ရတယ်။ မှုန်ဝါးဝါးနဲ့ သူ့ကိုယ့်သူ
အသိစိတ်ပျောက်စွာ ထွက်ပြေးရင်း လူတစ်ယောက်က သူ့ကို ကယ်တင်ထားခဲ့တယ်။ ဒီတင်ပဲ …
ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီကားလေးထဲမှာပဲ ကြည့်ကြည့်ကြစို့နော်။ ဘဝ အဓိပ္ပါယ်ကို ရှာနေတဲ့ ဂျိုးဆက်ပ် တစ်ယောက် အချစ်က သူ့ဘဝဖြစ်လာမလား…
လူသတ်မှုကရော ဘာတွေဆက်ဖြစ်လာသလဲဆိုတာတော့ ဒီ Last ferry ကားလေးထဲမှာပဲ ကြည့်ရှုပေးကြပါဦး။

 

Read More 0 comments