Some (2004)


 

Rating : 6.1/10
Country : Korea
Genre : Action, Crime, Mystery
Cast : Go Soo, Song Ji-Hyo, Dong-kyu Lee
Released Date : 2004
Duration : 1h 58min

အညွှန်း
ဆောယူဂျင်း (Song Jihyo) ဟာ သာမန် ရေဒီယိုဌာနတစ်ခုက ယာဥ်လမ်းကြော သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။
သူမဟာ ဟယ်မီ ဆိုတဲ့နာမည်ကို သုံးပြီး အွန်လိုင်းပေါ်မှာ ခန် ဆိုတဲ့မိတ်ဆွေတစ်ယောက်နဲ့ ခင်မင်သွားပါတော့တယ်။ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ယူဂျင်း တစ်ယောက် တနေ့မှာတော့အလုပ်သွားဖို့လာရင်းနဲ့ ကြောင်လေးတစ်ကောင်နောက် ဓာတ်ပုံလိုက်ရိုက်ရင်း မထင်မှတ်ဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ပုံကို သူ့ရဲ့ ကင်မရာထဲ ရိုက်ကူးမိသွားပါတယ်။တစ်ဖက်မှာလည်း နိုင်ငံတော်ဘဏ္ဍအဖြစ်သိမ်းယူလိုက်ပေမယ့် ပျောက်ဆုံးနေတဲ့ ဒေါ်လာ၁၀သိန်းတန် မူးယစ်ဆေးဝါး အမှုကို လိုက်နေတဲ့ စုံထောက်ဖြစ်သူ ဂန်ဆောင်ဂျူး (Go Soo) နဲ့ ဆောယူဂျင်း တို့ တွေ့ဆုံတဲ့အခါမှာတော့…အချင်းချင်း တစ်ခါမှမဆုံဖူးကြပေမယ့် သူမ နဲ့ စုံထောက်ဂန် တို့ တနေ့တည်းတချိန်မှာ သေမယ်ဆိုတာဆိုတာ သူမရဲ့ မှတ်ဥာဏ်ထဲမှာ ကြိုမြင်နေတဲ့ ဆောယူဂျင်း တစ်ယောက် သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲနိုင်မလား….
ဒေါ်လာဆယ်သန်းကိုခိုးယူသွားတဲ့သူကရောဘယ်သူဖြစ်မလဲ…
Action နဲ့ Crime ဇာတ်လမ်းမျိုးကြိုက်တဲ့သူတွေအနေနဲ့ မြည်းစမ်းသင့်တဲ့ ဇာတ်ကားကောင်းတစ်ကောင်းပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment