Secret Magic Control Agency (2021)


 

Rating : 6.2/10
Country : United State
Genre : Animation, Adventure, Comedy 
Cast : Erica Schroeder, Mary O'Brady, Georgette Reilly 
Released Date : 2021
Duration : 1h 43min

အညွှန်း
ဒီဇာတ်ကားလေးက 2021 မှာထွက်ရှိထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဟန်ဆဲလ်နဲ့ ဂရက်တဲလ်ဆိုတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ဟန်ဆဲလ်က မှော်ပညာတတ်ချင်ယောင်ဆောင်ပြီး လူတွေကိုလိမ်စားနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဂရက်တဲလ်ကတော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး လျှို့ဝှက်မှော်ထိန်းချုပ်ရေး အေဂျင်စီက အေးဂျင့်တစ်ယောက်ပါ။ သူတို့နှစ်ယောက်က တည့်လည်းမတည့်ကြပါဘူး။

တစ်နေ့မှာတော့ သူတို့နိုင်ငံကိုအုပ်ချုပ်နေတဲ့ ဘုရင်ကြီးက သူ့ရဲ့မွေးနေ့မရောက်ခင် ရက်အနည်းငယ်လောက်အလိုမှာ မှော်ပညာသုံးပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အေးဂျင့်ဂရက်တဲလ်ကို တာဝန်ပေးပါတော့တယ်။ ပြီးတော့ ဟန်ဆဲလ်ကလည်း မှော်ပညာနဲ့ပက်သတ်ပြီး နာမည်ကြီးတဲ့သူတစ်ယောက်ဆိုတော့ သူတို့မောင်နှမနှစ်ယောက် ဘုရင်ပြန်ပေးဆွဲခံရတဲ့ကိစ္စကို အတူစုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။

ဘုရင်ပြန်ပေးဆွဲခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးရင်း သူတို့မောင်နှမနှစ်ယောက် ဘယ်လိုအလွဲတွေဖြစ်ကြမလဲဆိုတာကို ဟာသဆန်ဆန် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီကိစ္စကြောင့်နဲ့ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ အထင်လွဲမှုတွေကို ဖြေရှင်းနိုင်မှာလား။ ဘုရင်ကြီးကိုရော သူ့မွေးနေ့ပွဲမရောက်ခင်မှာ ကယ်တင်နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

0 comments:

Post a Comment