The Father (2020)


 

Rating : 8.3/10
Country : United State
Genre : Drama
Cast : Anthony Hopkins, Olivia Colman, Mark Gatiss
Released Date : 2020
Duration : 1h 37min

အညွှန်း
ဒီတစ်ခေါက် အားလုံးကိုမိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Mystery and Psychodrama လေးတစ်ကားဖြစ်တဲ့ The Father ပဲဖြစ်ပါတယ်။

အသက် ၈၀အရွယ် အယ်ဇိုင်းမားရောဂါသည်အဖေတစ်ယောက်ရဲ့ အတွေးတွေကိုပုံဖော်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပါ။ ဇာတ်ဆောင်ဖြစ်သူ Anthony ဟာ အများအမြင်မှာတော့ ဘုကန့်လန့်အဘိုးကြီးတစ်ယောက်ပေါ့။ သူ့ကိုယ်သူ “ငါ့ကိုယ်ငါစောင့်ရှောက်နိုင်တယ် ဘယ်သူ့အကူအညီမှလိုဘူးဆိုပြီး” သမီးဖြစ်သူ Anne ငှားပေးထားတဲ့သူနာပြုတွေနဲ့လည်း တစ်ယောက်မှအဆင်မပြေပါဘူး။

ဒီလိုမျိုး အားလုံးကိုကန့်လန့်တိုက်နေတဲ့ အသက်၈၀အရွယ် အယ်ဇိုင်းမားရောဂါသည်အဖိုးကြီးရဲ့အတွေးတွေက ဘယ်လောက်ရှုပ်ထွေးနေပြီး ဘယ်လောက်တောင်အထီးကျန်ပြီး သနားစရာကောင်းတယ်ဆိုတာကို အဓိကထားရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကရိုးရှင်းပေမယ့် Anthony ရဲ့ နေရာမှာ ကိုယ်ရောက်နေသလို ခံစားမှုမျိုးကိုခံစားရစေမယ့် Oscar-nominated drama ဖြစ်တဲ့ “The Father” ဆိုတဲ့ဇာတ်လမ်းလေးကိုရှုစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

0 comments:

Post a Comment