Silence: Can You Hear It (2021)

 


Rating : 6.6/10
Country : India
Genre : Crime, Thriller 
Cast : Manoj Bajpayee, Prachi Desai, Arjun Mathur
Released Date : 2021
Duration : 2h 16min

အညွှန်း
Silence ဇာတ်ကားမှာတော့ ရဲအရာရှိ Venmaက အမှုလိုက်ကျွမ်းကျင်သူဖြစ်ပေမဲ့ တရားခံတွေကိုဖမ်းဖို့ဘဲအာရုံထားပြီး
စည်းမျဉ်းစည်းကမ်းတွေမလိုက်နာတဲ့လူဖြစ်တာမို့ အထက်အရာရှိတွေအမြင်မကြည်မှုကို ခံနေရသူဖြစ်ပါတယ်။တစ်နေ့မှာ တရားသူကြီး Chawhuriရဲ့တစ်ဦးတည်းသောသမီးလေး Poojaဟာ
သူငယ်ချင်းKavitaအိမ်ကိုသွားရင်းပျောက်ဆုံးသွားခဲ့တယ်။နောက်နေ့မှာတော့သူမရဲ့အလောင်းကို တောင်ပေါ်မှာ ရှာတွေ့ခဲ့တယ်။
တရားသူကြီး Chawhuriကသူ့သမီးလေးကိုသတ်တဲ့လူသတ်တရားခံကို ရှာဖွေဖို့အတွက်
ရဲအရာရှိ Venmaကိုအကူအညီတောင်းခဲ့တယ်။Venmaကဒီအမှုကိုငြင်းဆန်ခဲ့ပေမဲ့တရားသူကြီးရဲ့
တောင်းဆိုမှုကြောင့်လက်ခံခဲ့ရတယ်။ဒီလိုနဲ့ Venmaနဲ့ သူ့အဖွဲ့သားတွေ
Poojaကိုသတ်သွားတဲ့လူသတ်တရားခံကိုစုံစမ်းဖို့ကြိုးစားခဲ့ကြပါတော့တယ်။ရဲအရာရှိ Venmaနဲ့ သူ့အဖွဲ့သားတွေ Poojaကိုသတ်ခဲ့တဲ့လူသတ်သမားကိုဘယ်လိုစုံစမ်းကြမလဲ။
လူသတ်သမားကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြပါအုံး။

0 comments:

Post a Comment