Words on Bathroom Walls (2020)


 

Rating : 7.1/10
Country : United State
Genre : Drama, Romance 
Cast : Charlie Plummer, Andy Garcia, Taylor Russell
Released Date : 2021
Duration : 1h 50min

အညွှန်း
စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့အခက်အခဲတွေကို ထူးခြားတဲ့အဖြစ်အပျက်တွေနဲ့အတူစီး‌မျောခံစားရမှာပါ။

အာဒမ်ဆိုတဲ့ကောင်လေးဟာ သူများတွေမမြင်ရမကြားရတာတွေကို အကုန်သိ‌နေတဲ့လူထူးဆန်းစိတ်ဝေဒနာရှင်ပေါ့။ တစ်နေ့ကျတော့ သူဟာအဲ့ကိစ္စကြောင့် ကျောင်းထုတ်ခံလိုက်ရတော့တယ်။ ဒီလိုနဲ့ သူ့အမေကသူ့သားရဲ့ရောဂါကိုပျောက်အောင်ကုပေးဖို့ နည်းလမ်းပေါင်းစုံရှာဖွေခဲ့ပေမဲ့ တစ်ခုမှအဆင်‌မပြေခဲ့ပါဘူး။ အာဒမ်ဟာ ဟင်းချက်ဝါသနာပါတာကြောင့် ဒီပလိုမာဘွဲ့တစ်ခုရအောင်ကျောင်းဆက်တက်ဖို့လိုနေတာပေါ့။

အဲ့တော့အာဒမ်အမေဟာ သူ့သားကျောင်းဆက်တက်ဖို့ ဘာသာရေးကျောင်းတစ်ခုမှာသွင်းပေးခဲ့တယ်။ သူကအဲ့ကျောင်းကထူးချွန်ကျောင်းသူဖြစ်တဲ့ မာယာကိုစိတ်ဝင်စားလာတယ်။ သူ့အမေကသူ့သားရောဂါပျောက်အောင်လို့ ဆေးတွေ‌တိုက်ခဲ့တယ်။ အဲ့ဆေးရဲ့ဒဏ်တွေကိုမခံနိုင်လို့ အာဒမ်ဟာ သူ့အမေမသိအောင်ဆေးတွေကိုလွှင့်ပစ်ခဲ့တယ်။ နောက်ပိုင်းမှာ အာဒမ်ရဲ့စိတ်အခြေအနေဟာပိုဆိုးလာခဲ့ပေမဲ့ သူ့ရောဂါကို‌ရင်ဆိုင်ဖို့ ဘယ်လိုတွေလုပ်ခဲ့ရလဲ ….. စိတ်ရောဂါဟာ ထူးခြားတဲ့ရောဂါလက္ခဏာတစ်ခုဆိုပေမဲ့ ကိုယ့်ရဲ့စိတ်အားထက်သန်မှုအပေါ်မှာအများကြီးမူတည်ပါတယ်။

0 comments:

Post a Comment