Showing posts sorted by date for query 1991. Sort by relevance Show all posts
Showing posts sorted by date for query 1991. Sort by relevance Show all posts


Rating : 7.6/10
Country :United State
Genre :Comedy,Crime,
Released Date : 1991
Duration : 1h 39min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။

Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လို​နေပါတယ်။ အချိန်တိုင်းလို​နေရတာက စုတ်ပြတ်​နေတဲ့ တိုက်​ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမား​တွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ​ရောင်းစားလိုက်လို့ပါပဲ။

ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်​ဟောင်းသမား Louison ဟာ ​အလုပ်​ခေါ်စာ​တွေ့ပြီး ​ရောက်ချလာပါတယ်။ နှစ်လိုဖွယ်​ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သ​ဘော​တော်​ခွေ့သွားချိန်မှာ​တော့ ချစ်ရသူ​လေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကား​ကောင်းတစ်ခုပါပဲ

ဇာတ်လမ်းဟာ Horror ဖြစ်ပေမဲ့ Dark Comedy ဖြစ်တဲ့အတွက် ဇာတ်ဝင်ခန်း​တွေဟာ စိတ်ညစ်ညူးစရာတွေကို ဟာသနှောထားတာကိုတွေ့ရပါမယ်။ ရိုက်ကူးရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း စံနှုန်းတစ်ခုမှာရှိနေတာကို တွေ့ရပေမယ့် Delicatessen ဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ သာမန် Horror ကား၊ လူသတ်ကားလို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။

ဒီကားက မသေခင် ကြည့်သွားသင့်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀၁ စာရင်းမှာ ပါဝင်တာ​ကြောင့် ရုပ်ရှင်သရဲ​တွေကြည့်ရှုသင့်တဲ့အ​ကြောင်း လက်တို့လိုက်ပါရ​စေ။

 

 

 

Read More 0 comments


 

Rating : 5.2/10
Country : United State
Genre : Drama, Sci Fi
Released Date : 2020
Duration : 2h 6min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဆူနာမီတွေ မုန်တိုင်းတွေ မိုးခေါင်ရေရှားမှုတွေ စစ်မက်တွေဖြစ်ပွားပြီးတော့ ကမ္ဘာကြီး

တစ်ခုလုံးပျက်သုဉ်းသွားခဲ့ပါတယ်။ အပင်ဆိုတာလည်းမရှိ ဘာဆိုဘာမှမရှိတော့တဲ့ဒီကမ္ဘာပေါ်မှာ

အသက်ရှင်ကျန်နေတဲ့လူတွေက အတိတ်ဆိုတာမရှိ အနာဂတ်ဆိုတာဗလာနတ္ထိဘဝမှာ သေဆုံး

ရတော့မယ့်အချိန်ကိုပဲ စောင့်မျှော်ရင်းနေကြပါတော့။ အဲ့ဒီထဲမှာတချို့လူတွေကတော့

မျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး The Call(ခေါ်သံ)ဆိုတာကိုလိုက်ရှာနေကြပါတယ်။

ဒီထဲမှာလည်း ကမ္ဘာပျက်ပြီးမှကြီးပြင်းလာတဲ့ Kal…။ ညီမဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ Kalကလည်း

The Call နောက်ကိုလိုက်ရင်းကနေဘာတွေဖြစ်လာမှာလဲ….Prince of Tide(1991)ကားနဲ့

အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသားကြီး Nick Nolteအပြင် ဆွီဒင်မင်းသားကြီး

Stellan Skarsgardတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာအသားပေးဇာတ်ကားလေးတစ်ကားပါ။

Read More 0 comments


 

Rating : 4.9/10
Country : United State
Genre : Fantasy, Horror
Released Date : 1991
Duration : 1h 29min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ် နှစ်…

ဖရက်ဒီ မင်းဆီလာတဲ့အဖြစ်

သုံး လေး…

မဝင်နိုင်အောင် တံခါးပိတ်ပေး

ငါး ခြောက်…

လက်ဝါးကပ်တိုင် ပြေးပြီးကောက်

ခုနှစ် ရှစ်…

ညနက်တဲ့ထိ မအိပ်ဖြစ်

ကိုး တစ်ဆယ်…

မအိပ်ဖြစ်အောင် ကြိုးစားကွယ်ဒီကဗျာလေးကို ကောင်မလေးတစ်သိုက် ကြိုးခုန်ရင်း ဆိုနေကြပြီဆိုရင် မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ နိုးထဖို့ အစွမ်းကုန် ကြိုးစားပါ။ Freddy ရဲ့ Razor Gloves (လက်အိတ်ဓား) ကတော့ သွေးဆာနေပါပြီ။ မကြာခင်မှာ မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ ထာဝရ နိုးထလာခွင့်မရှိတော့တဲ့ အဖြစ်ဆိုးကြီး ရောက်လာတော့မှာ မလို့ပါ။အခု Part 5 Freddy’s Dead: The Final Nightmare ဇာတ်ကားမှာတော့ Freddy ကို Supernatural Spiritual Murderer (သဘာဝလွန် ဝိညာဉ်လူသတ်သမားကြီး) အဖြစ် ဘယ်အရာတွေက ပုံသွင်းခဲ့တယ် ဆိုတာကို သိရှိရပါတော့မယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း Freddy တစ်ယောက် ဘယ်လို မရှုမလှ သေဆုံးဇာတ်သိမ်းကမယ်ဆိုတာလည်း ကြည့်ရှုရမှာပါနော်။ ထူးခြားတာကတော့ သူ့ကို အနိုင်ယူခဲ့တာက သူ့ရဲ့ သွေးရင်းသားရင်း ဖြစ်နေတာပါပဲ။

Read More 0 comments


 

Rating : 6.8/10
Country : United State
Genre : Crime, Drama, Thriller
Released Date : 2001
Duration : 2h 11min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်‌ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ‌ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ကို inspiration ယူပြီးရိုက်ထားတဲ့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ Hannibal စီရီးဟာဆိုရင်လည်း IMDb 8.5 ရတဲ့ထိကိုအောင်မြင်ခဲ့တယ်ပေါ့လေ။ ဆိုတော့ ဒီကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် Hannibal Lector ဆိုတဲ့‌ လူသားစားလူသတ်သမားရဲ့လက်ကနေအသက်မသေဘဲလွတ်မြောက်လာခဲ့တဲ့ တစ်ဦးတည်းသောသားကောင်ဖြစ်တဲ့ Mason Verger ရယ်၊ အဲဒီလူသတ်သမားကို သရဲမရဲလိုက်ဖမ်းနေတဲ့အက်ဘီအိုင်အေးဂျင့် Clarice Starling ရယ်ဆိုပြီး အဓိကဇာတ်ကောင်သုံးယောက်ရဲ့အပြိုင်အဆိုင်အားပြိုင်မှုကိုတွေ့ရမယ်ပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာ ဒီအဓိကဇာတ်‌ကောင်တွေတင်မကဘဲ အရံဇာတ်ကောင်ပေါင်းများစွာရဲ့ပံ့ပိုးမှုပါ ပါနေမယ်ဆိုတာသိပ်ပြောဖို့လိုမယ်မထင်ပါဘူး။ဒီတော့ 1999 ခုနှစ်ကထွက်ရှိခဲ့တဲ့ Thomas Harris ရဲ့ ဝတ္ထုရှည်ကိုရိုက်ကူးထားတဲ့ The Silence of the lambs ရဲ့ sequel ကားကောင်းတစ်ကားဖြစ်တဲ့ 21 ရာစုအစ 2001 ခုနှစ်ရဲ့ Hannibal ကားဟာ ဘယ်လောက်ကြည့်ကောင်းမယ်မကောင်းဘူးဆိုတော့ ရှု့စားဆုံးဖြတ်ပေးကြပါဦးခင်ဗျာ…

Read More 0 comments


 

Rating : 8.0/10
Country : United State
Genre : Drama, History, Thriller
Released Date : 1991
Duration : 3h 9min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်…သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်…

သို့သော်လည်း  ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင် ကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ….. FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်…ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ….History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်…နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်….သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ….ဒါရိုက်တာကလည်း Oliver Stone  ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း…

Read More 0 comments


 

 

Rating : 5.0/10
Country : United State
Genre : Drama, Comedy, Romance, Adult
Released Date : 2021
Duration : 1h 33min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ကျွန်တော်တို့ငယ်ဘဝရဲ့ အိမ်မက်မင်းသမီး မမမိုနီကာဆိုတဲ့ Monica Bellucci ရဲ့ နုပျိုလှပမှုနဲ့ အထာကျတဲ့သရုပ်ဆောင်မှုတွေ အကုန်လုံးထင်ပေါ်အောင် တင်ဆက်ထားတဲ့အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ Comedy,Romance,Drama အမျိုးအစားလေးပါ။

ကွက်ကွက်ကွင်းကွင်း ကြည်တောက်ရှင်းလူကြီးခန်း ၂ ခန်း ၃ ခန်းပါတာကြောင့်မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။
မိန်းမမာယာ သဲကိုးဖြာအကြောင်းရိုက်တဲ့ကားတွေ ၊ မင်းသမီးရဲ့အလှနဲ့ဇာတ်ကားတစ်ကားလုံးကိုထိန်းတဲ့ကားတွေများတဲ့ခေတ်ပေမို့
ဒီကားလေးဟာလည်း မိန်းမတွေရဲ့မာယာလေးဆယ်၊ ပရိယာယ်တစ်ထောင်အကြောင်းရိုက်ထားတဲ့ကားပဲဆိုပါတော့ဗျာ။

ဒီဇာတ်ကားထဲမှာတော့အီတလီမင်းသမီးချောလေး Monica Bellucci ဟာ ကြေးရတက်သူဋ္ဌေးလေးတစ်ယောက်ရဲ့ဇနီးချောလေးဖြစ်ပြီး
သူ့ယောက်ျားဖြစ်သူ ယာဉ်တိုက်မှုနဲ့သေဆုံးသွားတဲ့အချိန်မှာ သူ့ကို အကြွေးသန်းရာချီနဲ့ချန်ထားခဲ့ပါတယ်။
အဲဒီအကြွေးတွေကိုပြန်ဆပ်ရဖို့၊ အိမ်ငှားခဆောင်ရဖို့၊ သမီးလေးကျောင်းစရိတ်ရှာဖို့စတာတွေအတွက် ငွေတွေလိုအပ်လာခဲ့တဲ့အခါ
တစ်ခြားဘာအလုပ်မှမလုပ်တတ်တဲ့သူဋ္ဌေးမလေးတစ်ယောက် ဘယ်လိုရုန်းကန်းလှုပ်ရှားမာယာများတော့မယ်ဆိုတာ
မင်းသမီးချောလေးရဲ့အလှနဲ့ကောင်းကောင်းခံစားကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်တဲ့
The Raffle of a riffa (1991) လေးကို ခံစားကြည့်ရှုပေးကြပါဦး။

Read More 0 comments


 

 

Rating : 7.6/10
Country : Japan
Genre : Drama, Romance, Animation
Released Date : 1991
Duration : 1h 58min

အညွှန်း

Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။

ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။

Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။

သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က အကြောင်းတွေ ကိုပြန်တွေးမိရင်း အတိတ်နဲ့ ပစ္စုပ္ပန်ကို တွဲပြီးတော့ ဂျပန်အမျိုးသမီးတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ပြထားပါတယ်

 

 

Read More 0 comments


 

Rating : 6.4/10
Country : China
Genre : Adventure 
Cast : Roy Cheung, Douglas Kung, Jeffrey Lam
Released Date : 1991
Duration : 1h 34min

အညွှန်း
ညှို့အားပြင်းတဲ့ ဟောင်ကောင်မင်းသမီးလေး Irene Wan ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး.. ဟောင်းပေမယ့်ကောင်းနေဆဲ ရင်ထဲကို ကျလိကျလိဖြစ်အောင်လုပ်မယ့်ကားလေးပါ။ သူ့ကိုမြင်လိုက်တာနဲ့ ပြုံးစိစိဖြစ်သွားကြမယ့် လူတွေမြင်ယောင်ပါသေးတယ်…..
ဇာတ်လမ်းကို ၁၉၉၁ ခုနှစ်တစ်ဝိုက်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ တော်လှန်ရေးအနေအထားကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ မမမေ က မြန်မာပြည်ကြီးမှာ အဖမ်းခံထားရတဲ့ သူ့ကောင်လေးကို ပြန်ရွေးဖို့အတွက် ဒေါ်လာနှစ်သိန်းလိုအပ်နေပါတယ်။ အဲ့ဒီအချိန် ဒုစရိုက်လူဆိုးဂိုဏ်းအဖွဲ့ရဲ့ စိန်ထုပ်က သူ့ဆီမတော်တဆရောက်လာပြီး မြန်မာပြည်ကြီးကို အဲ့ဒီစိန်ထုပ်နဲ့အတူ ဝင်ရောက်လာတဲ့အခါမှာ….
မြန်မာပြည်ကြီးကဘယ်လောက်ထိရက်စက်လဲဆိုတာတွေ ဘယ်လိုဒုက္ခတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာပဲ ကြည့်ကြည့်ရအောင်နော်။ ။
Read More 0 comments


 

Rating : 7.1/10
Country : United State
Genre : Drama
Cast : River Phoenix, Keanu Reeves, James Russo 
Released Date : 1991
Duration : 1h 44min

အညွှန်း
Narcolepsy လို့ခေါ်တဲ့ ဦးနှောက်တုံ့ပြန်မှုပုံမမှန်ဝေဒနာသည် ခြေသလုံးအိမ်တိုင် မိုက်ဝေါတားစ်(River Phoenix)က gay prostitute အဖြစ် လုပ်စားနေသူပါ။ စကော့တ်ဖေဗာ(Keanu Reeves)က မြို့တော်ဝန်ရဲ့သား ဖြစ်ပေမယ့် မိဘတွေနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ အိမ်ပေါ်က ဆင်းပြီး မိုက်တို့လို လိုက်လုပ်ပြီး နေတယ်။ သူတို့လို လမ်းဘေးလူငယ်လေးတွေက ဘော့ပ်လို့ ခေါ်တဲ့ လူဝကြီးတဦးကို ခေါင်းဆောင်တင်ထားတယ်။ ငယ်ငယ်ကတည်းက မေတ္တာငတ်ခဲ့တဲ့ မိုက်ဟာ ပျောက်ဆုံးနေတဲ့ မိခင်ကို ရှာဖွေရင်း စကော့တ်ကို သံယောဇဉ်တွယ်လာခဲ့တယ်။ အခြေအနေတခုကြောင့်သာ လမ်းဘေးဘဝကို ရွေးချယ်ခဲ့တဲ့ စကော့တ်က အချိန်တန်ရင် မိဘဆီ ပြန်မှာလို့ ပြောထားပြီးသား။ ဘော့ပ်တို့ကလည်း စကော့တ်ကို မျှော်မှန်းပြီး ဆင်ဖြူတော်မှီကြံစုပ်ဖို့ ရည်ရွယ်ထားတယ်။ အဆင့်အတန်းနဲ့ ဘဝ မိုးနဲ့မြေလို ကွာခြားတဲ့ သူငယ်ချင်းနှစ်ယောက် ခွဲရမယ့် တနေ့ကို ရောက်လာတဲ့အခါမှာတော့…။ဒီကားကို ရှိတ်စပီးယားရဲ့ Henry IV ပြဇာတ်ကို မှီငြမ်းပြီး indepentdant film အဖြစ် ရိုက်ထားတာ ဖြစ်ပါတယ်။ ကျနော်တို့ဂျွန်ဝစ်ကြီး ငယ်ငယ်က River Phoenix နဲ့ ရိုက်ခဲ့တဲ့ bromance ဇာတ်ကားဖြစ်ပါတယ်။ (Joaquin Phoenix ရဲ့အကိုလို့ ပြောစရာ မလိုအောင်) River Phoenix က သရုပ်ဆောင် ကောင်းလွန်းလို့ ဒီကားနဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Best Actor ဆုရခဲ့သလို Best Supporting Actor အဖြစ် အော်စကာတစ်ကြိုစာရင်းထဲ ဝင်ခဲ့ပါတယ်။ ကီနူးရိဗ်က ဒီရုပ်ရှင်ရဲ့ ဇာတ်အကြမ်းမူကို သူ့အချစ်ဆုံးသူငယ်ချင်း River ဆီ မိုင်တထောင်ကျော်ခရီးကို ဆိုင်ကယ်စီးပြီး သွားပြခဲ့သတဲ့။ ဝမ်းနည်းစရာကောင်းတာက River ဟာ ဒီကားရိုက်ပြီး နှစ်နှစ်အကြာ အသက် ၂၃ အရွယ်မှာ overdose ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။လူကြီးများနှင့် အတူကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ဝင်ခန်းနဲ့ စကားလုံးတွေ ပါဝင်ပါတယ်။ ဖောင်းဒိုင်းအခန်းတွေကို သရုပ်ဖော်ထားပုံက ထူးခြားပါတယ် (ကြည့်ပြီးရင်တော့ မဆဲပါနဲ့ :3 )
Read More 0 comments


Rating : 6.4/10
Country : United State
Genre :   Comedy, Crime, Drama 
Cast :   Timothée Chalamet, Maika Monroe, Alex Roe
Released Date : 2017
Duration : 1h 47min 


အညွှန်း

1991 ခုနှစ်ရဲ့ နွေရာသီအားလပ်ရက်မှာ လူငယ်လေးတစ်ယောက် အားလပ်ရက်တွေကုန်ဆုံးဖို့ နယ်မြို့လေးကိုရောက်လာပြီးနောက်ပိုင်း အရင်တုန်းက မလုပ်ဖူးတာတွေ မချစ်ဖူးတာတွေလုပ်မိရကဘာတွေဖြစ်လာမလဲ. ဆေးသောက်တောင်မသောက်တက်ခဲ့တဲ့သူက ဆေးခြောက်ရောင်းဖို့တောင်ဖြစ်လာတာ အပေါင်းအသင်းမကောင်းလို့လား သူကိုယ်တိုင်ပဲမကောင်းလို့လား အချစ်ကြောင့်လား ဝေခွဲမရနိုင်အောင်ဖြစ်လာခဲ့တယ်။ ဒီဇာတ်ကားလေးက လူငယ်တွေမလုပ်အပ်တာတွေ မဖြစ်သင့်တာတွေကို ပုံဖော်ရိုက်ကူးထားပြီး imdb 6.4 အထိရထားတဲ့ ဇာတ်ကားကောင်းလေးမို့ မကြည့်ရသေးသူများ ကြည့်ကြည့်ပါအုံး


 

Read More 0 comments


 

Rating : 6.9/10
Country : United State
Genre : Comedy, Fantasy
Cast : Anjelica Huston, Raul Julia, Christopher Lloyd 
Released Date : 1991
Duration : 1h 39min

အညွှန်း
ထူးခြားမှုတွေပြည့်နှက်နေတဲ့ သင်္ချိုင်းမြေပေါ်က အဒမ်စ်မိသားစုရဲ့ဇာတ်လမ်းလေပေါ့ ။

၂၀၁၉ မှာရုံတင်ပြသခဲ့တဲ့ အဒမ်စ်ကားတွန်းနဲ့ ခပ်ဆင်ဆင်ပါပဲ ။ ဇာတ်လမ်းကတော့ ဂိုးမေ့ဇ်မှာ တက်ရှ်ဆိုတဲ့ဇနီးရယ် ၊ ဝန္ဒစတေးဆိုတဲ့သမီး ၁ ယောက်ရယ် နဲ့ ပက်စလေဆိုတဲ့သား ၁ ယောက်ရှိတယ်။ ဂိုးမေ့ဇ် နဲ့ ဖက်စတာ ဆိုတဲ့ညီအစ်ကို ၂ ယောက်ဟာ ရန်ဖြစ်ပြီးနောက်ပိုင်း အစ်ကိုဖြစ်သူ ဖက်စတာဟာ‌ ၂၅ နှစ်လုံးလုံး ပျောက်သွားခဲ့တယ်။

အဲ့ဒါကို အခွင့်ကောင်းယူပြီး အပိုင်စီးမဲ့ ဒေါက်တာ ပင်ဒတ်ခ်ျ လော့စ် နဲ့ အဲလ်ဖော့ဒ် တာလီတို့ဟာ ပူးပေါင်းပြီးတော့ ဂိုးမေ့ဇ်ဆီ ဖက်စတာအတုအယောင်ကို ခေါ်ဆောင်သွားတာပေါ့ ။ အစအလယ်အဆုံး အကုန်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားလေးမို့ …. မပြောပြတော့ဘူးနော် …. ဆက်လက်ကြည့်ရှုပေးကြပါရှင် ။
Read More 0 comments


 

Rating : 5.6/10
Country : United State
Genre : Adult, Drama
Cast : Debora Caprioglio, Stéphane Ferrara, Martine Brochard
Released Date : 1991
Duration : 1h 39min

အညွှန်း
နာမည်လေးကလှသလို လူကလည်းအမိုက်စားပါပဲ 
တကယ်တော့ ပါပရီကာဆိုတာ အီတလီ ဟင်းခပ် အနီရောင်အမွေး နံ့သာတမျိုးရဲ့အမည်ပါ သူမ ဒီနာမည်ကို ရခဲ့တဲ့နေ့ကစပြီး သူမဘဝ တစ်ဆစ်ချိုး အပြောင်းကြီးပြောင်းခဲ့ရပါတယ် အဲဒါက လည်း သူ့ချစ်သူရဲ့ သစ္စာဖောက်မှု လှည့်ဖျားမှုတွေကြောင့်ပါပဲ ၁၉၅၀ ခုနှစ်လောက်က မာလင်ဉပဒေ မသက်ရောက်မီ အီတလီမှာ အပျော်အိမ်တွေ တရားဝင်ဖွင့်ကြပြီး အမျိုးသမီးတွေလည်း လွတ်လပ်စွာ ဘာစာချုပ်မှမလိုပဲ ဝင်အလုပ်လုပ်လို့ရတဲ့အချိန်ဖြစ်ခဲ့ပါတယ် မီမာ တစ်ယောက် သူ့သတို့သားလောင်းက ကိုယ်ပိုင်စီးပွါးလုပ်ဖို့ အရင်းနှီးလိုတာကြောင့် အခက်တွေ့နေစဉ်မှာပဲ သူ့ချစ်သူ အရင်းအနှီးအဆင်ပြေဖို့အတွက် အပျော်ဆောင်မှာ ၁၅ ရက်လောက် အလုပ်လုပ်ဖို့ နယ်ဘက်ကနေ မြို့ပေါ်တက်လာပြီး သူအတွေ့အကြုံမရှိတဲ့ အပျော်မယ် လုပ်ရဖို့ အကြောင်းဖန်လာပါတယ် သူမရဲ့ ပထမဆုံးအတွေ့ကြုံကကြမ်းတမ်းလှပါတယ် သူမလို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် နဲ့ နုပျိုလတ်ဆက်ဆက်မှုကြောင့် ဧည့်တွေရဲ့လိုလားမှုတွေက များလွန်းတာကြောင့် ဖျားတဲ့အထိတောင်ဖြစ်ရရှာပါတယ် ဒီလိုနဲ့ အခက်အခဲမျိုးစုံကျော်ဖြတ်လာပြီး ၁၅ ရက်မြောက်မှာတော့ သူ့မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတယ် အဲဒါကတော့ သူ့ချစ်သူမှာ အိမ်ထောင်ရှိပြီးသားဖြစ်နေပါတယ် အဲဒီနောက်ပိုင်းမှာတော့ သူမရဲ့မူလရည်ရွယ်ချက်တွေပျောက်ဆုံးသွားပြီး သူမရဲ့ ပထမဆုံးအတွေ့ကြုံနေ့မှာပဲ သူမနှလုံးသားကို သိမ်းပိုက်သွားခဲ့တဲ့ လူခန့်ငြားကြီး သင်္ဘောသား တစ်ယောက်နဲ့ အနေနီးခဲ့ရပါတယ် ဒါပေမဲ့ သူလည်းမထူးခြားနားပါပဲ….. ပါပရီကာရဲ့ ချစ်တက်မှုနဲ့ ရိုးသားဖြူစင်မှု သူမရဲ့ အလှနဲ့ သူမရဲ့ဖြူစင်မှု သူမနဲ့ပက်သက်ခဲ့သူတွေကသူမ ထင်သလိုဖြစ်လာတဲ့အခါ….. ရိုးသာဖြူစင်တဲ့ သူမရဲ့ ဘဝထဲကို မသမာသူတွေ ဝင်ရောက်လာခဲ့ပြီး သူမရဲ့ ဘဝနဲ့ သူမခံယူချက်တွေကို ပြောင်းလဲခဲ့ပါတယ်… သူမဘဝနဲ့ သူမခံယူချက်တွေ ဘယ်လောက်ထိ ပြောင်းလဲသွားလည်းဆိုတာတော့ အလွမ်း အဆွေး နာကျည်းချက် လှည့်ဖျားမှု့ တွေ နိုင်ငံရေးတွေ အစုံပါတဲ့ ပါပရီကာ အကြောင်းကြည့်လိုက်ရအောင်ဗျာ ပါပရီကာက ဂျစ်တူးလေးဗျ….
Read More 0 comments


 

Rating : 7.3/10
Country : China
Genre : Action, Adventure, Comedy
Cast : Jackie Chan, Carol 'Do Do' Cheng, Eva Cobo
Released Date : 1991
Duration : 1h 20min

အညွှန်း
Amour of God II ကတော့ 1991 ခုနှစ်မှာ ထွက်ခဲ့ပါတယ်
ဒီတစ်ခါတော့ ဂျက်ကီတစ်ယောက် အပန်းဖြေနေရာကနေ တာဝန်နဲ့ ပြန်ခေါ်ခံရပါတယ်
အာဖရိကသဲကန္တာရထဲမှာ ဂျာမနီစစ်တပ်တွေ ဒုတိယကမ္ဘာစစ်တုန်းက မြှုပိထားခဲ့တဲ့ ရွှေတွေကို သွားရောက် တူးဖော်ဖို့ပါသူနဲ့အတူ ကန္တာရပညာရှင်မလေးတစ်‌ယောက်ကို အဖော်ထည့်ပေးလိုက်ပါတယ်နောက်တစ်ယောက်ကတော့ ရွှေတွေကို တာဝန်ယူမြှုပ်ခဲ့တဲ့ စစ်လက်ထောက်ကြီးရဲ့ မြေးဖြစ်သူ မိန်းကလေးကလည်းသူ့အဘိုး ဘဝခရီးဘယ်လိုအဆုံးသတ်ခဲ့သလဲဆိုတာကို အတည်ပြုဖို့အတွက် သူ့ဆန္ဒအလျောက် ရွှေတူးဖော်မယ့်ခရီးကို လိုက်ခဲ့ပါတယ်မိန်းကလေး ၂ ယောက်ရဲ့ အချင်းချင်း မတည့်တာလေးတွေဘုနဲ့ ဘောက်ဖြစ်ကြတာလေးတွေကိုဟာသလေး နှောပြီး ချစ်စရာကောင်းအောင် ရိုက်ကူးပြထားပါတယ်ဒါ့အပြင် အာဖရိကဘက်ကို ကျွမ်းကျင်တဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း လမ်းမှာဆုံရာက အတူ ခရီးဆက်ဖြစ်ကြပါတယ်မချော ၃ ယောက် ဂျက်ကီတစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်ပြီး ရွှေတွေရှိတဲ့နေရာကို ရောက်သွားချိန်မှာတော့ဘာတွေ ဆက်ဖြစ်ကြမလဲ ရွှေတွေကို ယူခဲ့နိုင်မလားဆို‌တာတော့ ဆက်လက်ကြည့်ရှုကြပါအက်ရှင်ကားကောင်းလေး ဖြစ်တဲ့အပြင် ဂျက်ကီချမ်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေထည့်ပြီး တင်ဆက်ထားလို့မပျင်းရတဲ့ ဇာတ်ကားကောင်းလေးပါလို့ ညွှန်းပေးပါရစေ
Read More 0 comments


 

Rating : 7.1/10
Country : China
Genre : Action, Adventure, Comedy
Cast : Jackie Chan, Alan Tam, Lola Forner 
Released Date : 1986
Duration : 1h 28min

အညွှန်း
1986 ခုနှစ်မှာ ထွက်ခဲ့တဲ့ Armour of God ပထမဆုံးဇာတ်ကားလေးပါ
ဇာတ်လမ်းအကျဉ်းလေးနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်

ခရစ်တော်မပေါ်မီ‌ တစ်ချိန်က မကောင်းဆိုးဝါးဂိုဏ်းတွေ လောကကြီးကို ကြီးစိုးဖို့ ကြိုးစားကြပါတယ်သူရဲ‌ကောင်းတွေက ဒီလိုမကောင်းဆိုးဝါးတွေကို တိုက်ပွဲဆင်နွှဲပြီး နောက်ဆုံးမှာ အနိုင်ယူခဲ့ပါတယ်အဲလိုတိုက်ပွဲမှာ သုံးခဲ့တဲ့ ဓားကို နတ်ဓားလို့ ခေါ်ဝေါ်ကြပါတယ်ကမ္ဘာ‌ပေါ်မှာ နတ်ဓားစုစုပေါင်း ၅ ချောင်း ရှိနေပါတယ်ဂျက်ကီချန်းက ၃ ချောင်းကို ရှာဖွေတွေ့ရှိပြီး ရောင်းစားထားပါတယ်အဲအချိန်မှာမကောင်းဆိုးဝါးဂိုဏ်းတစ်ခု ပေါ်ပေါက်နေပါတယ်ဒီဓားတွေကို အရယူပြီး ဖျက်စီးလိုက်နိုင်ရင် သူတို့ဘာသာသာသနာဟာ တည်တံ့ခိုင်မြဲပြီး သာယာဝပြောလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်ဒါကြောင့် နတ်ဓားတွေကို ရအောင်ယူနိုင်မယ့် ဂျက်ကီချန်းကို ပိုက်ဆံမပေးဘဲ ခိုင်းနိုင်ဖို့ရာ ဂျက်ကီ့ရဲ့ ငယ်ချစ်ဟောင်း လော်ရာကို ပြန်ပေးဆွဲကြပါတယ်ဂျက်ကီ့သူငယ်ချင်း အယ်လန်ဟာ လော်ရာ့အချစ်ကို ပိုင်ဆိုင်ထားပေမဲ့ ဒီကိစ္စမျိုးမှာတော့ ဂျက်ကီ့အကူအညီ လိုလာပါတော့တယ်ဂျက်ကီဟာ သူ့သူငယ်ချင်း ဒုက္ခရောက်မယ့်အရေးကို မျက်ကွယ်မပြုနိုင်တာကြောင့်ရောင်းပြီးသား နတ်ဓား ၃ ချောင်းကို ပြန်ရအောင် ယူပေးရပါတော့တယ်သူတို့ လော်ရာ့ကို ကယ်ဖို့ ဘယ်လိုကြိုးစားကြလဲဆိုတာကိုဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ ရိုက်ပြထားလို့ခပ်သွက်သွက်ကွန်ဖူးကားကောင်းတစ်ကားကို ကြည့်ရှုရမှာ ဖြစ်ပါတယ်ဒီဇာတ်ကားရဲ့ အဆက် Armour of God II: Operation Condor (1991) ကိုလဲ တင်ဆက်ပေးထားပါတယ်…။
Read More 0 comments


 

Rating : 8.7/10
Country : United State
Genre : Drama
Cast : Jack Nicholson, Louise Fletcher, Michael Berryman
Released Date : 1975
Duration : 2h 13min

အညွှန်း
1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတာ‌ေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီး
တရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြုRatchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။တစ်ရက် ဆွေးနွေးပွဲတစ်ခုမှာသူသိလိုက်ရတာ တစ်ခုရှိတယ်။ သူနဲ့ တခြားနှစ်ယောက်ကလွဲပြီး ကျန်တဲ့လူနာတွေက အမှုတစ်ခုခုကျူးလွန်လို့ရောက်လာကြတာမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ် လာနေနေကြတာ။ အဲ့လူနာ‌ေတွကလည်း လက်တွေ့အပြင်ဘက်ဘ၀မှာ ရပ်တည်နိုင်တဲ့လူတွေ ဟုတ်ပေမယ့် နေရဲသွားရဲသတ္တိတွေပျောက်ကုန်တယ်။အဲ့အချက်ကို McMurphyလုံး၀လက်မခံနိုင်ဘူး။ ဒီကိစ္စရဲ့နောက်ကွယ်မှာ Ratchedရဲ့ပရောဂ မကင်းဘူးဆိုတာလည်း သိတယ်။ဒါကြောင့် သူက ဒီဆေးရုံကနေ ထွက်ပြေးဖို့ကြံပါတော့တယ်။**************************************စာရေးဆရာ Ken Keseyရဲ့နာမည်ကြီး ၀တ္ထုOne Flew Over The Cuckoo’s NestကိုDirector Milos Formanကရိုက်ကူးခဲ့ပါတယ်ဒီဇာတ်ကားက Drama/Comedy-DramaအမျိုးအသားပါCastအပိုင်းမှာတော့ R.P.McMurphyအဖြစ် Jack NicholsonNurse Ratchedအဖြစ် Louise Fletcherတို့က သရုပ်ဆောင်ထားပါတယ်Jake Nicholsonက ဒီဇာတ်ကားမထွက်ခင်ရှေ့တစ်နှစ်က ထွက်ခဲ့တဲ့Chinatownကားကတည်းက ကျွန်တော်တို့ကို သူ့ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဆွဲဆောင်ခဲ့ပါတယ်နောက်တစ်နှစ်အကြာမှာလည်း ဒီဇာတ်ကားနဲ့အတူ ပြန်ဆွဲဆောင်သွားပါတယ်အော်စကာ ဘာကြောင့်ရလဲဆိုတာ ပြောစရာကို မလိုပါဘူးLouise Fletcherရဲ့ Nurse Ratchedသရုပ်ဆောင်ချက်ကိုတော့ ချီးကျူးသင့်လွန်းပါတယ်သူ့မျက်နှာကို ကြည့်လိုက်တာနဲ့တင် ကြက်သီးထပါတယ်ဗီလိန်ဖြစ်နေတာနဲ့အညီ တစ်ဖက်က မုန်းနေရသလို တစ်ဖက်ကလည်း ချီးကျူးနေရပါတယ်အခု2020ထဲမှာပဲ One Flew Over The Cuckoo’s Nestရဲ့ sequel Seriesဖြစ်တဲ့ Ratched ကို ထုတ်ပြီးပါပြီOne Flew Over The Cuckoo’s Nestဇာတ်ကားဟာ Best Actor, Actress,Picture, Adapted Screenplay, Directorဆိုတဲ့ Five Major Awardsရထားတဲ့ဇာတ်ကားစာရင်း၀င်သုံးကားထဲက တစ်ကားပါ ကျန်တဲ့နှစ်ကားကတော့It Happened One Night(1931)နဲ့ The Silence of the Lambs (1991)ပါ2နာရီ13မိနစ်ကြာမြင့်တဲ့ကားဖြစ်‌ေပမယ့် အချိန်ကုန်လို့ကုန်မှန်းမသိ ဆွဲဆောင်နိုင်တဲ့ကားဖြစ်သလိုပြန်ကြည့်တိုင်းလည်း အတွေးတစ်ခု အမြဲပေးနိုင်တဲ့ကား ဖြစ်ပါတယ်ဘယ်အချိန်ကြည့်ကြည့် အချိန်ပေးရကျိုးနပ်မှာပါ
Read More 0 comments

Rating : 7.4/10
Country : India 
Genre :   Comedy, Drama 
Cast :   Amitabh Bachchan, Rishi Kapoor, Vijay Raaz 
Released Date : 2018
Duration :  1h 42min 




အညွှန်း

ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . .


ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ


ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ်

တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့


ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်


တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီ


ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ်


ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး


ဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်


လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ်


ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာ ဖခင် သော်လည်းကောင်းမိခင်သော်လည်းကောင်း သက်ရှိထင်ရှားရှိနေသေးရင်

ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်


ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလိုတစ်ဦးတည်းသောသားကလည်းအမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာ

သူ ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့်သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ်


ကိုယ်တိုင်က ဇီဇာကြောင်တတ်သလိုစိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်အစွဲအလန်းကလည်း ကြီးတတ်သေး


သူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ်ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. . .


အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်အိမ်ကိုတွယ်တာလွန်းတဲ့ သူ ့သားဘာဘူ ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ်


ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုး


ဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ်


ဒတ္တထရီကလည်း အလျှော့မပေးသူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲ


ပထမ

ဒုတိယ

တတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာဘာဘူရင်ကွဲရပြီ


နှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ ့ရမယ့်သူ ့သားဖြစ်သူအာမိုးနဲ့ သူ ့အဖေက မတွေ ့ရဘူးတဲ့လေဘာကြောင့်များပါလိမ့်


အနှစ်ချုပ် ပြောရရင်"မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး"တဲ့ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ်


အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြားက အလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီးနောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါ


ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို

ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ


ဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား...???


ဖခင်​ဖြစ်​သူကို အဆင်​​ပြေ​အောင်​ လုပ်​​ပေးနိုင်​မလား..ဆိုတာကိုတော့...ဇာတ်ကာား​လေးကို ဆက်​လက်​ကြည်​့ရှု ခံစားလိုက်​ပါ..

 

Read More 0 comments


Rating : 6.2/10
Country : Indonesia
Genre : Drama, Romance
Cast : Iqbaal Dhiafakhri Ramadhan, Vanesha Prescilla, Ira Wibowo
Released Date : 2020
Duration : 1h 42min

အညွှန်း
ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီးအချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက်ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်းနောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ်
ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကိုလီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ်လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာကအထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီးမထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့…….ဒီဇာတ်ကားလေးကို ရှေ့မှာDilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီးမတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီးပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့်ကောင်းမွန်တဲ့အမှတ်တရတွေကိုသိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကိုသိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်…
Read More 0 comments


Rating : 8.4/10
Country : China
Genre : Crime, Drama, Romance
Cast : Chen Chang, Lisa Yang, Kuo-Chu Chang
Released Date : 1991
Duration : 3h 57min

အညွှန်း
A Brighter Summer Dayဟာ တရုတ်ဂန္တဝင်စာပေတွေဖြစ်တဲ့ ခန်းဆောင်နီအိပ်မက်တို့ လက်ဖက်ရည်ဆိုင်တို့လို
ဇာတ်ကောင်အ‌ခြေပြု ခေတ်အရိပ်ထင်ဟပ်တဲ့ ရုပ်ရှင်ပါပဲ။
အက်ဒ်ဝတ်ယန်းဟာ ဒီရုပ်ရှင်အတွက် မျက်နှာသစ်သရုပ်ဆောင်၁၀၀ကိုသုံးခဲ့ပြီး
ဒီရုပ်ရှင်ဟာ လေးနာရီအတိနီးပါရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စိုက်ရာခေတ်ကာလကတော့ ၁‌၉‌၅‌၉ပါ။
၁၉၄၉မှာ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်တွေဟာ ပြည်မကြီးအပါအဝင် တရုတ်ပြည်ရဲ့သုံးပုံတစ်ပုံ ကိုသိမ်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုစထောင်လိုက်ပါတယ်။
အမျိုးသားအစိုးရနဲ့အတူ လူအများဟာ ထိုင်ဝမ်ကို ပြောင်းရွှေ့လာခဲ့ပြီး ဘဝအသစ်စတင်ကြရပါပြီ။
ဒီလိုပြောင်းရွေ့ရာ အ‌ခြေမကျသေးတဲ့ပတ်ဝန်းကျင်မှာကြီးပျင်းလာရတဲ့ လူငယ်တွေရဲ့ဘဝဟာလည်း လွယ်ကူမနေခဲ့ပါဘူး။
လူငယ်တွေရဲ့ အ‌ခြေအနေကို ဗဟိုပြုပြီး ၁၉၅၉ခုနှစ် ထိုင်‌ဝမ်ရဲ့ရွှေအိုရောင်မသန်းခဲ့တဲ့ အတိတ်တွေအကြောင်းပါးပါးလေး ပုတ်ပြထားပါတယ်။
‌ဒီရုပ်ရှင်ဟာ လက်တွေ့ထက်ကို အတော်လက်တွေ့ဆန်တယ်လို့ ဆိုရပါမယ်။
မသိစိတ်ရဲ့ လိင်အာသီသတွေ၊ မိန်းမတွေကိုကြည့်တဲ့ ပတ်ဝန်းကျင်ရဲ့ မျက်လုံး‌တွေ။
လူရဲ့စရိုက်တွေဟာ သူများအိမ်ကို နံရံကလိုင်ပေါက်ကနေ ချောင်းကြည့်နေရသလိုပါပဲ။
တစ်ကိုယ်ကောင်းဆန်မှုတွေ၊ လူကောင်းတွေရဲ့ ဇာတ်သိမ်းမလှမှုတွေနဲ့
အဆင်မပြေတဲ့ခေတ်ကြီးထဲက ခါးသက်သက်အဖြစ်အပျက်တွေကြားမှာ
သားဘက်က အမြဲရှိပေးတဲ့အဖေတွေ၊ သူငယ်ချင်းကောင်း‌တွေ၊
အနစ်နာခံတတ်တဲ့အကိုတွေကို ပေါင်းထည့်ပြီး
ရက်စက်ကြမ်းကြုတ်ပြီး လူသားဆန်တဲ့ကမ္ဘာကြီးကို
ယင်နဲ့ယန်လို တွဲလျက်သားရိုက်ပြသွားတယ်။
ဒုက္ခ‌တွေကြားက လူသားဆန်မှုလေးတွေကိုပြထားပုံကလည်း
” ဘဝမှာ လေပြည်ကိုချည်း မျှော်လင့်စရာမလိုပါဘူး
မုန်တိုင်းမှာလည်း အောက်ဆီဂျင်ပါတယ်”
ဆိုလိုသလိုပါပဲ။A brighter Summmer Dayဆိုတဲ့ Titleကတော့
အဲဗစ် ပရက်စလေရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့
Are you lonesome tonight?ထဲက
Does your memory stray to a brighter sunny day
ဆိုတဲ့ စာသားကလေးက လာပါတယ်။
A Brighter Summer dayဆိုတဲ့ နေ့ကလေးကို
ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ထဲမှာတော့ ခင်ဗျား တွေ့ရမှာမဟုတ်တာသေချာပါတယ်။
ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ ရင်ထဲကို မျှော်လင့်ချက်‌တွေထဲကို မြင်အောင်ကြည့်ရင်တော့
ဟိုမှာ နေသာနေတဲ့ နွေရာသီနေ့ကလေးတစ်ရက်ဟာ ထင်ရှားရှိနေမှာပါ။
အတိတ်တို့ရဲ့ တန်ဖိုးဟာ အမြဲတမ်း‌တော့ လွမ်းမောစရာဖြစ်နေခြင်း မဟုတ်တတ်ပါဘူး။
ဒီရုပ်ရှင်မှာတော့ ဒီမလှပခဲ့တဲ့ အတိတ်နေ့တွေဟာ
မျှော်လင့်စရာကျန်သေးကြောင်း ခံစားသိစေတာပါပဲ။Edward Yangဟာ ဒီကျောရိုးရဲ့ အနောက်မှာ အချစ်ဇာတ်လမ်းကလေးတစ်ခုကို မျှဉ်းမျှဉ်းကလေး သွင်းထားပါသေးတယ်။
အဲ့ဒီဇာတ်လမ်းကလေးမှာ ဒီကောင်းကင်ကြီး ဘယ်လောက်ကျယ်ပြောသလဲ သိချင်တဲ့ ပျံသန်းတတ်စ ငှက်ကလေးနှစ်ကောင် ရှိပါတယ်။
နွေဦးဟာ ကွယ်ပျောက်သွားခဲ့ပါပြီ။
လေစီးကြောင်းမတူညီလေတော့
ကောင်းကင်ကျယ်ပြာကြီးရဲ့အောက်မှာ
သူတို့ ဘယ်တော့မှပြန်မဆုံနိုင်တာလည်း
ဖြစ်ကောင်းရဲ့။
တစ်နည်းနည်းနဲ့တော့
ဟိုးဆီမှာ နေသာဦးမယ့် နွေနေ့ရက်တို့ရှိ‌နေတာလည်း
ဖြစ်ကောင်းရဲ့။
Read More 0 comments


Rating : 7.2/10
Country : India
Genre :  Drama, Musical, Romance 
Cast : Sanjay Dutt, Madhuri Dixit, Salman Khan
Released Date : 1991
Duration : 3h 1min

အညွှန်း
မျက်ရည်မခိုင်သူများ မျက်ရည်လွယ်သူများ ပုဝါလေး ဆောင်ထားကြဗျို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအနစ်နာခံမှုကို ဆန်ဂျေးဒမ်နဲ့ စလူတို့ အပြိုင်သရုပ်ဆောင်ထားတာ….

Saajan or Beloved (1991) သည် IMDb 7.3/10 Google users 73% ရထားသော ဒါရိုက်တာ Lawrence D’Souza ရိုက်ကူးထား၍ : Reema Rakesh Nath, Reema Rakesh Nath တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Sanjay Dutt, Madhuri Dixit, Salman Khan တို့ ပါဝင်သရုပ်ဆောင်ထားသော | Drama , Musical , Romance ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

အာမန် (Sanjay Dutt) ဟာ သနားစရာ ဒုက္ခိတ မိဘမဲ့လေးတစ်ယောက် သူဟာ လူချမ်းသာတစ်ယောက်ရဲ့သား အာခက်ရှ် ဗာမာ (Salman Khan) နဲ့ ကလေးဘဝကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်. အာခက်ရှ်ရဲံ မိဘတွေက အာမန်ကို မွေးစားပြီး သူတို့ မိသားစုဝင်နာမည်ပေးကာ အာခက်ရှ် နဲ့ အာမန်တို့ ညီအစ်ကိုရင်းများသဖွယ်ကြီးပြင်းလာခဲ့သည် အာခက်ရှ်က မိန်းမပွေသူ အာမန်က နာမည်ကြီးကဗျာဆရာဖြစ်လာသည် သူ့ရဲ့ ကဗျာရေးတဲ့ နာမည်က စာဂါ… အာမန်ရဲ့ ကဗျာတွေက အရမ်းနာမည်ကြီးလာတဲ့က သူရဲ့ ပရိသတ်ထဲမှာ ပူဂျာ စက်ဆီနာ (Madhuri Dixit)ဆိုတဲ့ အမျိုးသမီးငယ်လေးနဲ့ စာချင်းအဆက်အသွယ်ရှိခဲ့ကြပြီး သံယောဇဉ်တွယ်မိကြလေသည် အာခက်ရှ်က ပူဂျာကို တွေ့မိပြီး ချစ်ကြိုက်မိလေသည် သူတို့သုံးဦးရဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဘယ်လိုတွေဆက်ဖြစ်မယ် ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ
Read More 0 comments
Rating : 6.4/10
Country : China
Genre : Comedy, Action
Cast : Stephen Chow, Teresa Mo, Ka-Yan Leung    
Released Date : 1991
Duration : 1h 36min 

 7/March/1991 ကထွက်ရှိထားတဲ့ Lengend Of The Dragon ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Comedy အမျိုးအစား ဖြစ်ပြီး စတီဗင်ချောင်ဇာတ်ကားကောင်းတွေ ဖြစ်တဲ့ final justice (1988) Just Hero(1989) တိုရဲ့ ခေါင်းဆောင်မင်းသားဒါရိုက်တာ Danny leeက ရိုက်ကူးပေးထားတဲ့အတွက်
ဇာတ်လမ်း မကောင်းမှာကို စိုးရိမ်စရာမလိုတော့ပါဘူး
final justice နဲ့ just hero က မကြာမီ အချိန်အတွင်းမှာတင်ဆက်ပါမည်

စတီဗင်ချောင်ဟာ တာအိုဆိုတဲ့တောမြို့လေးက ကွန်ဖူးမျိုးရိုးဖြစ်တဲ့မြေပိုင်ရှင်ကြီးတစ်ဦးရဲ့သားပါ။ သူဌေးသားဆိုပေမယ့်လို့ ဘာအလုပ်မှမယ်မယ်ရရမရှိ ကျွမ်းကျင်တာဆိုလို့ဘိလိယက်ထိုးတာပဲရှိတဲ့သားကို အောင်မြင်ကြီးပွားစေချင်တဲ့အတွက် မြို့ကလာလည်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ဟောင်ကောင်ကိုထည့်ပေးလိုက်ပါတယ်။
တစ်သက်လုံးတောမှာပဲနေတဲ့ စတီဗင်ချောင်တစ်ယောက်မြို့ပေါ်ရောက်လာတဲ့အခါ တလွဲတွေအများကြီးလုပ်ပါတော့တယ် အဲ့နောက် သူကျွမ်းကျင်တဲ့ဘိလိယက်ထိုးနည်းနဲ့မြို့ပေါ်မှာဘယ်လိုကျင်လည်မလဲ သူ့အဖေပိုင်တဲ့မြေတွေအကုန်ဆုံးရှုံးသွားချိန်မှာဘယ်လိုပြန်ယူကြမလဲဆိုတာ ဝမ်းနည်း ဝမ်းသာ ခံ စား ချက် တစ်မျိုး ချင်း ဆီကို ပေးစွမ်း နိုင်မယ့် ဇာတ်ကား ဟောင်းလေးကိုကြည့်ရှူရမှာပါ။ ဒီကားမှာဆိုရင်တကယ်ကျွမ်းကျင်သူတွေရဲ့ဘိလ်ယက်ထိုးပြိုင်ပွဲတွေကိုလဲမြင်ရမှာဖြစ်လို့ စိတ်ဝင်စားဖွယ်ကောင်းပါတယ်နော်။
Read More 0 comments