Rating : 7.1/10
Country : China
Genre : Action, Adventure, Comedy
Cast : Jackie Chan, Alan Tam, Lola Forner
Released Date : 1986
Duration : 1h 28min
Country : China
Genre : Action, Adventure, Comedy
Cast : Jackie Chan, Alan Tam, Lola Forner
Released Date : 1986
Duration : 1h 28min
အညွှန်း
1986 ခုနှစ်မှာ ထွက်ခဲ့တဲ့ Armour of God ပထမဆုံးဇာတ်ကားလေးပါ
ဇာတ်လမ်းအကျဉ်းလေးနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်
ခရစ်တော်မပေါ်မီ တစ်ချိန်က မကောင်းဆိုးဝါးဂိုဏ်းတွေ လောကကြီးကို ကြီးစိုးဖို့ ကြိုးစားကြပါတယ်သူရဲကောင်းတွေက ဒီလိုမကောင်းဆိုးဝါးတွေကို တိုက်ပွဲဆင်နွှဲပြီး နောက်ဆုံးမှာ အနိုင်ယူခဲ့ပါတယ်အဲလိုတိုက်ပွဲမှာ သုံးခဲ့တဲ့ ဓားကို နတ်ဓားလို့ ခေါ်ဝေါ်ကြပါတယ်ကမ္ဘာပေါ်မှာ နတ်ဓားစုစုပေါင်း ၅ ချောင်း ရှိနေပါတယ်ဂျက်ကီချန်းက ၃ ချောင်းကို ရှာဖွေတွေ့ရှိပြီး ရောင်းစားထားပါတယ်အဲအချိန်မှာမကောင်းဆိုးဝါးဂိုဏ်းတစ်ခု ပေါ်ပေါက်နေပါတယ်ဒီဓားတွေကို အရယူပြီး ဖျက်စီးလိုက်နိုင်ရင် သူတို့ဘာသာသာသနာဟာ တည်တံ့ခိုင်မြဲပြီး သာယာဝပြောလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်ဒါကြောင့် နတ်ဓားတွေကို ရအောင်ယူနိုင်မယ့် ဂျက်ကီချန်းကို ပိုက်ဆံမပေးဘဲ ခိုင်းနိုင်ဖို့ရာ ဂျက်ကီ့ရဲ့ ငယ်ချစ်ဟောင်း လော်ရာကို ပြန်ပေးဆွဲကြပါတယ်ဂျက်ကီ့သူငယ်ချင်း အယ်လန်ဟာ လော်ရာ့အချစ်ကို ပိုင်ဆိုင်ထားပေမဲ့ ဒီကိစ္စမျိုးမှာတော့ ဂျက်ကီ့အကူအညီ လိုလာပါတော့တယ်ဂျက်ကီဟာ သူ့သူငယ်ချင်း ဒုက္ခရောက်မယ့်အရေးကို မျက်ကွယ်မပြုနိုင်တာကြောင့်ရောင်းပြီးသား နတ်ဓား ၃ ချောင်းကို ပြန်ရအောင် ယူပေးရပါတော့တယ်သူတို့ လော်ရာ့ကို ကယ်ဖို့ ဘယ်လိုကြိုးစားကြလဲဆိုတာကိုဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ ရိုက်ပြထားလို့ခပ်သွက်သွက်ကွန်ဖူးကားကောင်းတစ်ကားကို ကြည့်ရှုရမှာ ဖြစ်ပါတယ်ဒီဇာတ်ကားရဲ့ အဆက် Armour of God II: Operation Condor (1991) ကိုလဲ တင်ဆက်ပေးထားပါတယ်…။

0 comments:
Post a Comment