Naked Singularity (2021)


 

 

Rating : 4.4/10
Country : United State
Genre : Drama, Comedy, Crime
Released Date : 2021
Duration : 1h 33min

အညွှန်း

ဒီတစ်ခါ မိတ်ဆက်ပေးမယ့်ကားလေးကတော့ ခုလတ်တလောထွက်ရှိထားတဲ့ Naked Singularity လို့ခေါ်တဲ့ဇာတ်ကားကောင်းလေးပါ၊ အင်အားကြီးတဲ့သူတွေသာလျှင် အမြဲလက်၀ါးကြီးအုပ်နေတဲ့ ဒီလောကကြီးမှာ အမှန်တရားဘက်တော်သားလို့ အော်နေကြပေမယ့် တကယ့်‌တကယ့်မှာတော့ ဂုတ်သွေးစုပ်နေကြတဲ့ သူတွေလည်းရှိတတ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပြည်သူ့အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ Casi က သူ့ရဲ့တတ်စွမ်းတဲ့ပညာနဲ့ အားနည်းသူတွေဘက်ကနေ ရပ်တည်ပြီး ကူညီပေးတာကို တွေ့မြင်ရမှာပါ။

ယခင်က ပြစ်မှုမှတ်တမ်းရှိထားပြီး ယခုမှာတော့ ကားထိန်းသိမ်းရေးစခန်းမှာ အလုပ်လုပ်နေတဲ့ lea က သူမရဲ့ဘ၀ကိုခက်ခက်ခဲခဲဖြတ်သန်းနေရတာပါ၊ အဲဒီလိုသူမဆီကို တစ်နေ့မှာတော့ လူတစ်ယောက်က ကမ်းလှမ်းမှုတစ်ခုနဲ့ ဆက်သွယ်လာပါတယ်၊ သူမရဲ့ဘ၀တစ်ခုလုံးကို ပြောင်းလဲသွားနိုင်တဲ့ ငွေပမာဏနဲ့‌ကမ်းလှမ်းလာတဲ့အခါမှာတော့ သူမကိုယ်တိုင်လက်ခံပြီး ဒီအမှုထဲမှာ၀င်ပတ်သက်မိလိုက်ပါတော့တယ်။ Lea က Casi ရဲ့အမှုသည်ဟောင်းဖြစ်တဲ့အတွက် ဒီအမှုမှာ Lea ကပတ်သက်မိလိုက်တဲ့အခါမှာတော့ ရှေ့နေလေး Casi ကလည်း တစ်နည်းတစ်ဖုံပတ်သတ်ဖို့ဖြစ်လာပါတော့တယ် ။

တစ်ဖက်က ကိုယ့်ထက်အင်အားကြီးတဲ့သူနဲ့ရင်ဆိုင်ရတဲ့အခါမှာ ကိုယ့်အနေနဲ့ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ရမလဲ တစ်ခါတစ်လေမှာ တရားမျှတမှုရဲ့အထက်မှာ ငွေကရှိနေတဲ့အခါ အမှန်တရားဆိုတာကရော ထွက်ပေါ်လာနိုင်ပါ့မလား ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီကားထဲမှာပဲကြည့်ရူလိုက်ကြပါဦး…

 

0 comments:

Post a Comment