Charming the Hearts of Men (2021)


 

 

Rating : 7.7/10
Country : United State
Genre : Drama, History, Romance
Released Date : 2021
Duration : 1h 47min

အညွှန်း

နာမည်နဲ့တင် တော်တော်ဆွဲဆောင်နိုင်တယ်ဟုတ်🌚
1960 အစောပိုင်းကာလကို ဇာတ်အိမ်တည်ထားတဲ့ Romance movie တစ်ပုဒ် ဖြစ်ပြီး IMDb rating အနေနဲ့တော့ 6.7 အထိ ရထားပါတယ်။

ဒါဆို ဇာတ်လမ်းအကျဉ်းကို သွားလိုက်ရအောင်…
ဂရေ့စ်ဂေါ်ဒန်ဆိုတဲ့ ခေတ်ဆန်တဲ့ အမျိုးသမီးဟာ အိမ်ထောင်နှစ်ဆက် ကျဖူးပြီးတော့ ကွာရှင်းထားတဲ့သူ ဖြစ်ပါတယ်၊ သူမအဖေဆုံးပြီး နောက်ပိုင်းမှာ အဖေကို မှီခို‌နေရတဲ့ သူမအတွက် ငွေကြေး ခက်ခဲလာပါတော့တယ်၊ အဲဒါနဲ့ သူမရဲ့ စား၀တ်နေရေးအတွက် အလုပ်ရှာရပါတော့တယ် ။

အလုပ်ရှာတဲ့အခါ သူမတွေ့လာရတာက သတင်းစာ‌ထဲမှာပါတဲ့ အလုပ်ခေါ်စာ ၆၀ လောက်မှာ အမျိုးသမီးတွေအတွက် အလုပ်ခေါ်စာက ၈ ခုလောက်ပဲ ပါပါတယ်။ အလုပ်သွားလျှောက်ပြန်ရင်လည်း နှာဘူးထတဲ့အလုပ်ရှင်တွေ အရည်အချင်းကို မကြည့်တဲ့ အလုပ်ရှင်တွေကြောင့် အမျိုးသမီးတွေဟာ ရသင့်တဲ့ အခွင့်အရေးကို မရကြတာ များပါတယ်။ အဲဒါကြောင့် လွှတ်တော်အမတ်တစ်ယောက်ရဲ့ အကူအညီကို ယူပြီးတော့ အမျိုးသမီးတွေအတွက် မရခဲ့ဖူးတဲ့ တန်းတူညီမျှအခွင့်အရေး ရအောင် သူမ ဘယ်လို ကြိုးစားမလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ရိုက်ပြထားတာမို့ ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…

မြေနိမ့်ရာ လှံစိုက်တတ်ကြတဲ့ လူတွေရဲ့ သဘောသဘာ၀တွေနဲ့ ရှေ့မှာတော့ နှုတ်ဆက်ပြီး မျက်နှာလွှဲလိုက်တာနဲ့ မကောင်းသတင်းပြောတတ်ကြတဲ့ လူတွေရဲ့ သဘောမနောတွေကိုပါ ဒီကားမှာ မြင်တွေ့ရမှာမို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်

 

0 comments:

Post a Comment