Country : Korea
Duration : 1h 40min
အညွှန်း
ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက DOTSထဲမှာ
ဗိုလ်ကြီးနေရာကသရုပ်ဆောင်ခဲ့တဲ့ Jin Gooနဲ့ ကလေးသရုပ်ဆောင်လေး Jung Seo
Yeonပါဝင်သရုပ်ဆောင်ထားတဲ့
My Lovely Angel ဆိုတဲ့ ကိုရီးယားကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့တော့
ပတ်ဂျယ်ရှစ်ဆိုတာ
ပိုက်ဆံကလွဲပြီးဘာမှမသိ
ဘဝကိုရရစားစားဖြစ်သလိုရေစုန်မျောနေတတ်တဲ့လူတစ်ယောက်၊ တစ်ရက်မှာတော့
သူနဲ့အလုပ်အတူတူလုပ်တဲ့
အီဂျီယောင်းဆိုတဲ့အမျိုးသမီးလေးတစ်ယောက်သေဆုံးသွားခဲ့တယ်။
ဂျီယောင်းမှာက အွန်းဟယ်ဆိုတဲ့အသက်၇နှစ်အရွယ် မျက်မမြင်နားမကြားသမီးလေးတစ်ယောက်နဲ့ အိမ်ငှားခစပေါ်ငွေသိန်း၇၀၀ကျော်ကျန်နေခဲ့တယ်။
အဲဒါကိုသိသွားတဲ့ ဂျယ်ရှစ်တစ်ယောက်ကတော့ စပေါ်ငွေတွေလိုချင်လို့အွန်းဟယ်ရဲ့အဖေအနေနဲ့ဝင်ဟန်ဆောင်ခဲ့ပါတော့တယ်။
ဒီကားထဲမှာ
အွန်းဟယ်က မျက်မမြင်နားမကြားပါ၊
ထိတွေ့မှုတစ်ခုနဲ့ပဲအရာအားလုံးသင်ကြားပေးရမှာမျိုးမို့လို့
ဘယ်မသန်စွမ်းကျောင်းကမှတာဝန်အပြည့်မယူပေးနိုင်ကြပါဘူး။
ဒီလိုနဲ့အွန်းဟယ်ကိုစာသင်ပေးဖို့က ဂျယ်ရှစ်ခေါင်းပေါ်ပဲရောက်လာပါတော့တယ်…
ပိုက်ဆံလိုချင်တာတစ်ခုကြောင့်နဲ့
ကလေးအဖေနာမည်ဝင်ယူတဲ့ ဂျယ်ရှစ်အတွက်တော့
အစပိုင်းမှာအွန်းဟယ်နဲ့ဘယ်နည်းနဲ့မှအဆင်ပြေစရာအကြောင်းမရှိပါဘူး…
ကလေးထိန်းဖို့ဆိုဝေလာဝေး
ပိုက်ဆံကလွဲပြီးဘာမှမသိတဲ့ဂျယ်ရှစ်လိုလူမျိုးကို
မျက်မမြင်နားမကြားကလေးမလေးအွန်းဟယ်က
နောက်ပိုင်းမှာဘယ်လိုမျိုးပြောင်းလဲသွားစေနိုင်မလဲ?
သွေးမတော်သားမစပ်တဲ့လူနှစ်ယောက်ကြားက သံယောဇဉ်တွေကို
ရင်ထဲတသိမ့်သိမ့်ဖြစ်သွားရလောက်အောင်ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်းမမှားလို့ ခံစားကြည့်ပေးကြပါဦးနော်…
0 comments:
Post a Comment