Light (2021)

 


Rating : 7.9/10
Country : China
Genre : Crime, Romance
Released Date : 2021
Duration : 44min

အညွှန်း

 ” အချစ်က နူးညံ့တယ် ပျားရည်လိုချိုတယ် ”

ကျွန်တော်တို့ ဝတ္တုတွေ ထဲ ရုပ်ရှင်တွေထဲ အခမ်းနားဆုံး

အချစ် နဲ့ ပတ်သက်သမျှ အနူးညံ့ဆုံး စကားလုံးတွေ သုံးကြတယ်
 
ကျွန်တော် ပြောပြချင်တဲ့ ကြည့်စေချင်နေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ရှိတယ်ဗျ

ရှောင်ကွမ်း(အလင်းလေး) ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ်

ချစ်စရာမျက်နှာချိုချိုလေး နဲ့ ကလေး ပေါ့

နာမည်ကသာ “အလင်း” ဘဝက မှောင်တာမှ မိုက်လို့။

ဘဝကို အမှောင်လောကမှာပဲ အသက်မွေးရတယ်။

အမေသေပြီးနောက် ပထွေးရဲ့မတရားကျင့်ကြံမှုနဲ့အတူ အမှောင်ကမ္ဘာထဲကို

အရွယ်မတိုင်ခင် အသက်ငယ်ငယ် နဲ့ ရောက်ရှိနေတဲ့ သမင်ဖြူလေး တစ်ကောင်ဖြစ်တဲ့

ရှောင်ကွမ်း အသက်ရှင်ဖို့ လမ်းကြားတွေက အန္တရာယ် များလွန်းခဲ့တယ်

ခန္ဓာကိုယ် ပေးဆပ်ရတဲ့ အပြင် နှိပ်စက်မှုတွေ ပါ လုပ်သွားတက်ကြတာပေါ့

တစ်ရက်မှာတော့ ရှောင်ကွမ်းလေး ကို အားစော ဆိုတဲ့ ကိုကြီး တစ်ယောက်က

ဒီလမ်းကြားတွေ ဆီကနေ ကယ်တင်ခဲ့တယ်….

ရှောင်ကွမ်းလေး က ကိုကြီး နဲ့ အတူရှိနေတဲ့ အချိန်တိုင်း သူ့အိပ်မက်ဆိုးတွေဆီက

ခဏ ရုန်းထွက်နိုင်ခဲ့တာပေါ့….

အစော ဟာ ရှောင်ကွမ်းလေးကို ချစ်ခြင်းမေတ္တာ အပြည့်နဲ့ စောင့်ရှောက်ခဲ့တယ်

ခန္ဓာကိုယ်နဲ့ ပက်သက်တဲ့ အသားယူတာတွေ မရှိဘဲ

အမြဲတမ်း အကြင်နာ ပြည့်တဲ့ မျက်လုံးတွေ နဲ့ စောင့်ကြည့်ပေးခဲ့တာပေါ့

အားစော မှာလဲ ဒီ ဒုစရိုက်လမ်းကြား နဲ့ ပက်သက်ပြီး တာဝန်တွေရှိနေခဲ့ပြန်တယ်

အလုပ် က တစ်ဖက် နဲ့ ရှောင်ကွမ်းလေး ကို လမ်းမှားထပ်မရောက်အောင်

ပြန်ပြင်ပေးဖို့ ကြိုးစားနေခဲ့တာပေါ့

ဒီ ဇာတ်လမ်း တစ်ခုလုံးမှာ ကြည့်ရတဲ့သူ ပါးစပ်မစေ့နိုင်ဘဲ

စောင်ကိုက်ပြီး မှောင်နဲ့မည်းမည်းမှာ ကြည့်ရတဲ့ အရမ်းရိုမန့် ဖြစ်တဲ့ အခန်းလေးတွေ ပါတာကြောင့်

ကျေးဇူးပြုပြီး အသက်ပြည့်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်…

 

0 comments:

Post a Comment