Playing God (2021)

 


Rating : 5.5/10
Country : United State
Genre : Comedy, Drama
Released Date : 2021
Duration : 1h 35min

အညွှန်း

များသာအားဖြင့် မိသားစုတစ်ခုမှာ မောင်နှမတွေဆိုရင် မတည့်ကြတာ များမယ်ထင်တယ်၊

ဒီဇာတ်လမ်းထဲက မောင်နှမကတော့ အတိုင်အဖောက် ညီလွန်းတဲ့အပြင် ၂ ယောက်ပေါင်းပြီ လူတွေကို ပိပိရိရိ လိမ်စားတဲ့ အာဂမောင်နှမပါပဲ။ ဘယ်လောက်ထိ စကေးကြမ်းလဲဆို ဘာသာရေးသိပ်ကို ယုံကြည်သက်၀င်တဲ့ billionaire တစ်ယောက်ကို ဘုရားနဲ့မြှားပြီး ရေလျှံပေါက်ရှာတဲ့အထိပါပဲ။ဟိုဘက်ကအကြွေးကို ဒီဘက်ငွေချေးဆပ် ဒီဘက်က အကြွေးကို ဟိုဘက်ငွေချေးဆပ်တဲ့ အကြွေးနွံနစ်နေတဲ့ သူတွေလိုပဲ ဒီမောင်နှမ ၂ ယောက်ရဲ့ ဘုရားကို ဗန်းပြ ရိုက်စားလုပ်မှုရဲ့ နောက်ကွယ်မှာ ငွေကြေးပြဿနာကလည်းရှိနေပါသေးတယ်။တစ်ဖက်က လူကလည်း ဘုရားနဲ့တွေ့ဖို့ လက်ခံလာတဲ့အခါ မောင်နှမ ၂ ယောက် တစ်ပူပေါ်တစ်ပူဆင့်ရင်းဘယ်လို အိုးတွေခွက်တွေ နင်းကြမလဲဆိုတာတော့ . . . ပရိသတ်ကြီးပါ သူတို့နဲ့အတူ ပါ၀င်ကစားလိုက်ပါတော့comedy , drama ဆိုပေမယ့် ပေါ့ပျက်ပျက်မဟုတ်ဘဲ ကြည့်ရှူသူကို ဆွဲဆောင်နိုင်လို့ အပန်းဖြေမှာ အမှန်ပါပဲ။

0 comments:

Post a Comment