Joe Bell (2020)

 


Rating : 5.3/10
Country : United State
Genre : Biography, Drama
Released Date : 2020
Duration : 1h 34min

အညွှန်း

Joe Bell 2021 ဟာ 2013 လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားလေးပါ။

ဇာတ်လမ်းအစမှာ ဂျိုးဘဲဟာ ဂေးဖြစ်နေတဲ့ သူ့သားအတွက် awareness ရစေဖို့ တစ်နိုင်ငံလုံးကိုဖြတ်ပီး လမ်းလျှောက်

ထွက်ရာက စထားပါတယ် အဲဒီအ‌ကြောင်းကိုလည်း တစ်နိုင်ငံလုံးက သတင်းတွေမှာပါပြီး နာမည်ကြီးနေပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့

ကိစ္စတွေကတော့ အတိတ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။  ဂျိုးဘဲ ဟာ စိတ်ဆတ်ပြီး စကားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့

စရိုက်ကြမ်းသူတစ်ယောက်ပါ။

ဂေးဖြစ်နေတဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သားဖြစ်သူ ဂျေဒင်ဘဲဟာ မိသားစုရဲ့‌ ထောက်ပံ့မှုကို လိုအပ်နေပါတယ်။

အဲလိုနဲ့ ဂျေဒင်ဟာ သူဂေးဖြစ်နေတဲ့အကြောင်းကို မိသားစုကို ဖွင့်ပြောလိုက်ပါတယ်။

ဒါပေမယ့် ရိုးရိုးပဲတွေးတတ်ပြီး စကားကိုလည်း ဒဲ့ပြောတတ်တဲ့ ဂျိုးဟာ သူ့သားပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ?

ဒီကားဟာ LGBTQ community‌ တွေအပေါ် ပိုမိုနားလည်လာစေဖို့ လူတိုင်းကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်လို့ သတင်းတွေမှာပါပြီးသား ဖြစ်ပေမယ့် ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ကြည့်လို့အဆင်ပြေဖို့ spoiler

မပါအောင် အညွှန်းရေးပေးထားပါတယ်။ ဒီဇာတ်လမ်းမှာ Joe Bell အဖြစ် မင်းသားကြီး  Mark Wahlberg ကပါဝင်သရုပ်ဆောင်

ထားပါတယ်

 

0 comments:

Post a Comment