Yuvarathnaa (2021)


 

Rating : 6.3/10
Country : India
Genre : Action, Drama 
Cast : Puneeth Rajkumar, Sayyeshaa Saigal, Sonu Gowda
Released Date : 2021
Duration : 2h 41min

အညွှန်း
RK တက္ကသိုလ်က ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဟာ စာမေးပွဲကျပြီး သတ်သေသွားခဲ့ပါတယ်။
ဒီကျောင်းသူက စာမေးပွဲကျတာဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် RK တက္ကသိုလ်ကကျောင်းအုပ်က စာမေးပွဲအဖြေလွှာတွေကို
ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပညာရေးဝန်ကြီးက ပြည်နယ်အတွင်းက တစ်ခြားကောလိပ်ကျောင်းများပါ
အသနားခံစာမှာလက်မှတ်ထိုးပေးရင် သဘောတူပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ကျောင်းအုပ်ကြီးလည်း ပြည်နယ်တစ်ခုလုံးအနှံ့ ကောလိပ်တွေကိုသွားခဲ့ပြီး ကျောင်းအုပ်ကျောင်းမှာမရှိခိုက်
ပုဂ္ဂလိကကောလိပ်တစ်ခုရဲ့ပိုင်ရှင်က RK တက္ကသိုလ်ထဲကို ဆေးသမား၊ လူမိုက်များထည့်ပြီး ကျောင်းသား၊ ကျောင်းသူများကို
ဆေးစွဲဘဝပျက်အောင်လုပ်ပြီး ကျောင်းကိုပါခေါင်းမဖော်နိုင်အောင်လုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆေးသမား၊ လူမိုက်တွေနဲ့အတူ ပဟေဠိတွေနဲ့လူတစ်ယောက်လည်း RK‌ တက္ကသိုလ်ကိုရောက်လာပြီး
အကြံသမားတွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ကျောင်းကို ပြန်လည်တည့်မတ်ဖို့ကြိုးစားပါတော့တယ်။
ပဟေဠိတွေနဲ့လူက ဘယ်သူများလဲ၊ ဘာရည်ရွယ်ချက်နဲ့ ကျောင်းကိုရောက်လာတာလဲ၊ ပုဂ္ဂလိကကောလိပ်ပိုင်ရှင်ကရော
ဘာလို့ဒီလိုတွေလုပ်ရတာလဲ ဆိုတာတွေကို မြှုပ်ကွက်ပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့်
အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment