The Priest (2021)


 

Rating : 6.6/10
Country : India
Genre : Horror, Mystery, Thriller 
Cast : Mammootty, Nikhila Vimal, Manju Warrier
Released Date : 2021
Duration : 2h 20min

အညွှန်း
စိတ်ပညာနားလည်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို အာလတ်မိသားစုရဲ့လူသေမှုတွေနဲ့ပတ်သက်ပြီး
မသင်္ကာစရာတွေရှိကြောင်း ကောင်မလေးတစ်ယောက်က လာပြီးတိုင်ပင်ပါတယ်။ အာလတ်လုပ်ငန်းတွေရဲ့ပိုင်ရှင်မိသားစုဝင်တွေဟာ
တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် သတ်သေသွားကြတာပါ။ အဲ့လိုနဲ့နောက်ဆုံးပိုင်ရှင်ဖြစ်လာတဲ့ ချွေးမအဲလိဇဘက်ကို
သင်္ကာမကင်းဖြစ်နေတုန်းမှာပဲ အဲလိဇဘက်လည်း သတ်သေသွားခဲ့ပါတယ်။ အဲလိဇဘက်ကမသေခင်မှာ အလုပ်ကိစ္စသွားရင်
မိဘမဲ့ကျောင်းကထွက်ပြေးလာတဲ့ ကောင်မလေးအမ်မဲရာနဲ့တွေ့ပြီး အိမ်ကိုခေါ်လာခဲ့ပါတယ်။ အဲ့နေ့ညအဲလိဇဘက် သတ်သေတဲ့အချိန်
အိမ်ထဲမှာ အဲလိဇဘက်နဲ့အမ်မဲရာ ၂ ယောက်တည်းရှိနေခဲ့တာပါ။ ရဲတွေက အမ်မဲရာကိုမေးမြန်းတော့လည်း ဘာအဖြေမှမရခဲ့ဘဲ
မိဘမဲ့ဂေဟာကိုပဲပြန်ပို့လိုက်ရပါတယ်။ ဒါပေမဲ့ ဘုန်းတော်ကြီးကတော့ ဒါဟာသတ်သေတာမဟုတ်ဘဲ လူသတ်မှုလို့ သံသယရှိနေခဲ့ပါတယ်။အမ်မဲရာဟာ ကျောင်းမှာရော၊ ဂေဟာမှာပါ ဘယ်သူနဲ့မှစကားမပြောတဲ့ ထူးဆန်းတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။
အဲ့တော့ စကားစဆွဲထုတ်လို့မရတဲ့ လူသတ်မှုရဲ့အဓိကမျက်မြင်သက်သေ အမ်မဲရာနဲ့ ဘုန်းတော်ကြီးတို့ ဘယ်လိုတွေရင်ဆိုင်ပြီး
အမှုကိုဖော်ထုတ်မလဲဆိုတာ မထင်မှတ်ထားတဲ့ အချို့အကွေ့များစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့်
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

0 comments:

Post a Comment