Snake: Fall of a City (2020)


 

Rating : 4.9/10
Country : China
Genre : Adventure  
Released Date : 2020
Duration : 1h 20min

အညွှန်း
လူသူဝေးတဲ့သဲကန္တာရတစ်ခုထဲမှာ စူးစမ်းရှာဖွေတဲ့အဖွဲ့တစ်ဖွဲ့က ရှားပါးသတ္တုလိုက်ရှာရင်း စက်ရုံဟောင်းကြီးတစ်ခုကို
ရောက်လာကြပါတယ်။ အဲ့စက်ရုံဟောင်းကြီးမှာပဲ သူတို့လိုက်ရှာနေတဲ့ ရှားပါးသတ္တုကို ရှာတွေ့သွားကြပါတယ်။
သူတို့လည်း သူဌေးဆီကို တည်နေရာသတင်းပို့ပြီး စက်ရုံထဲလျှောက်ကြည့်နေတုန်း
ထူးဆန်းတဲ့ဧရာမမြွေကြီးတစ်ကောင်နဲ့တိုးပြီး ပြန်ထွက်လာလို့မရဖြစ်သွားပါတယ်။အဲ့သဲကန္တာရထဲမှာပဲ ကားပြိုင်ပွဲတစ်ခုလည်းကျင်းပနေပါတယ်။ ပြိုင်ပွဲဝင် ကောင်မလေးတစ်ယောက်ရယ်၊
ကောင်လေးတစ်ယောက်ရယ်၊ ကောင်လေးရဲ့လမ်းပြရယ်၊ ဆေးအကူသူနာပြုတစ်ယောက်ရယ်လည်း ဆီဖြည့်တဲ့စုရပ်ရုံမှာ
ညအိပ်နားနေတုန်း မြွေကြီးတစ်ကောင်တိုက်ခိုက်တာခံရပြီး ထွက်ပြေးကြရင်း အဲ့စက်ရုံကိုရောက်လာကြတယ်။
သတ္တုရှာခိုင်းလိုက်တဲ့ သူဌေးတို့အုပ်စုကလည်း သတ္တုအခြေအနေကြည့်ဖို့ စက်ရုံကိုရောက်အလာ
အားလုံးဧရာမမြွေကြီးနဲ့ ရင်ဆိုင်ရပြီး စက်ရုံဟောင်းကြီးမှာပိတ်မိသွားကြပါတယ်။သူတို့တွေ မြွေကြီးရန်ကနေလွတ်ပြီး စက်ရုံဟောင်းကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ဘယ်လိုတွေရုန်းကန်ကြိုးစားကြမလဲ၊
ဒီမြွေကြီးရဲ့ မူလရင်းမြစ်ကရောဘာလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမယ့် ဇာတ်ကားလေးပါ။

0 comments:

Post a Comment