Power Play (2021)


 

Rating : 6.3/10
Country : India
Genre : Thriller
Cast : Abhilash, Ajay, Darbha Appaji Ambarisha
Released Date : 2021
Duration : 2h 15min

အညွှန်း
ဗီဂျေးက သာမန်လူလတ်တန်းစားမိသားစုက သားတစ်ယောက်။ သူ့မှာမကြာခင်လက်ထပ်ရတော့မယ့်
ချစ်ရတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အဖေပင်စင်ယူပြီးရင် သူ့အဖေနေရာကိုသူကဝင်လုပ်မယ်။
အနာဂတ်ဟာ သာယာလို့နေတယ်။ ဒါပေမဲ့ အဲ့လိုသာယာနေတဲ့ဘဝလေးက ဂြိုလ်ဆိုးဝင်သွားခဲ့တယ်။တစ်ညမှာ ATM စက်ကနေပိုက်ဆံထုတ်ပြီး သူ့ကောင်မလေးနဲ့ဘားမှာသွားပျော်ကြတယ်။ အဲ့မှာဘားက တာဝန်ရှိသူက သူ့ကိုခေါ်ပြီး
ပေးထားတဲ့ပိုက်ဆံကအတုတွေဖြစ်နေကြောင်းပြော၊ သူကလည်း အခုမှ ATM ကနေထုတ်လာကြောင်းရှင်းပြနဲ့
နောက်ဆုံးရဲစခန်းကိုရောက်သွားတယ်။ အဲ့မှာပဲ လူကြီးသားသမီးတွေရဲ့ မူးယစ်ဆေးဝါးသုံးတဲ့အမှုကို အာရုံလွှဲချင်နေတဲ့ရဲအရာရှိက
မီဒီယာတွေခေါ်ပြီး ငွေတုကိစ္စကို အကျယ်ချဲ့ပစ်လိုက်တယ်။အဲ့ဒါနဲ့ ဗီဂျေးတစ်ယောက်လည်း ဘာမှမဆိုင်တဲ့အမှုမှာကြားညပ်ပြီး သိက္ခာလည်းကျ၊ မင်္ဂလာပွဲလည်းပျက်၊
ဘဝလည်းပျက်ရတော့တယ်။ဒါပေမဲ့ ဗီဂျေးကလက်မလျှော့ဘဲ သူအပြစ်မရှိကြောင်း သက်သေအထောက်အထားတွေရအောင်
အပူတပြင်းလိုက်စုံစမ်းပါတော့တယ်။ဗီဂျေးတစ်ယောက် အမှုကနေလွတ်သွားနိုင်မှာလား၊
သူရင်ဆိုင်ရမယ့် ရန်သူကရောဘယ်သူလဲ၊ ATM စက်ထဲကိုရော ငွေအတုတွေကဘယ်လိုရောက်နေတာလဲ
စတာတွေကိုတော့ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြည့်ကြပါဦးနော်။

0 comments:

Post a Comment