A Writer's Odyssey (2021)


 

Rating : 5.6/10
Country : Chinese
Genre : Action, Adventure, Crime 
Cast : Zijian Dong, Jingfei Guo, Jiayin Lei 
Released Date : 2021
Duration : 2h 10min

အညွှန်း
ဒီတစ်ခါတော့ နာမည်ကျော်မင်းသမီး Yang Mi ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကာလေးတစ်ကားတင်ဆက်ပေးပါ့မယ်။ကွမ်းနင်ဆိုတဲ့လူတစ်ယောက်က လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ပျောက်ဆုံးသွားတဲ့ သူ့သမီးလေးကို လက်မလျှော့ဘဲလိုက်ရှာနေတုန်းပဲ။
သူကအိပ်ပျော်သွားတာနဲ့ သူ့သမီးလေးရယ်၊ ထူးဆန်းတဲ့မြို့တစ်မြို့ရယ်ကို အမြဲတမ်းအိပ်မက်မက်တယ်။
တစ်နေ့မှာတော့ သူ့ကိုလုပ်ငန်းရှင်သူဌေးတစ်ယောက်ရဲ့ လက်ထောက်(Yang Mi)က ခေါ်တွေ့ပြီး သူ့သမီးကိုရှာတွေ့ချင်ရင်
လူတစ်ယောက်ကိုသတ်ပေးဖို့ပြောခဲ့တယ်။ သတ်ပေးရမှာက လုခုန်းဝိန်ဆိုတဲ့ ဝတ္ထုစာရေးဆရာတစ်ယောက်။
သူလက်ရှိရေးနေတဲ့ ဝတ္ထုထဲက ဆံနီဆိုတဲ့ဇာတ်ကောင်တစ်ခုခုဖြစ်ရင် အပြင်ကသူဌေးကမူးလဲသွားတယ်။
မကြာခင်ဝတ္ထုကဇာတ်သိမ်းတော့မှာဖြစ်ပြီး အဆုံးမှာဆံနီသေဖို့လမ်းများတဲ့အတွက် ဝတ္ထုကိုဆက်မရေးနိုင်အောင် သတ်ခိုင်းတာပေါ့။ကွမ်းနင်လည်း သူ့သမီးကိုရှာတွေ့တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့လက်ခံလိုက်ပြီး လုခုန်းဝိန်ကိုသတ်ဖို့ သူရှိတဲ့မြို့ကိုသွားခဲ့ပါတယ်။
တကယ်ပဲ ဝတ္ထုနဲ့လက်တွေ့လောကက ဆက်စပ်မှုတွေရှိနေတာလား၊ လုခုန်းဝိန်ကိုသတ်ပြီး သမီးလေးနဲ့ပြန်တွေ့မယ့်
ကွမ်းနင်ရဲ့မျှော်လင့်ချက်ရောပြည့်ဝမှာလား၊ နောက်ကွယ်မှာရော ဘယ်လိုမျိုးစိတ်ဝင်စားစရာ မြှုပ်ကွက်တွေရှိနေမလဲဆိုတာကို
ကြည့်ရှုကြရမယ့်ဇာတ်ကားကောင်းလေးတစ်ကားပါ။

0 comments:

Post a Comment