Gatham (2020)


 

Rating : 6.1/10
Country : India
Genre : Thriller
Cast : Bhargava Poludasu, Rakesh Galebhe, Poojitha Kuraparthi 
Released Date : 2020
Duration : 1h 41min

အညွှန်း
အိန္ဒိယရုပ်ရှင်ကြိုက်သူတွေအတွက်
ဇာတ်ကွက်အလှည့်အပြောင်းကောင်းကောင်းနဲ့
Thriller ဆန်ဆန်ရုပ်ရှင်တစ်ကားညွှန်းပေးချင်ပါတယ်ဇာတ်လမ်းက ရစ်ရှီဆိုတဲ့မင်းသား အတိတ်မေ့နေရာကနေ ပြန်သတိရလာတာက စပါတယ်
သူ နိူးလာတဲ့အချိန် သူ့ဘေးနားမှာဆရာဝန်တစ်ယောက်နဲ့သူ့ချစ်သူအာဒီသီ တို့သာရှိပါတယ်
သူကလည်း မိဘတွေကအစ ဘာမှမမှတ်မိတော့တာဆိုတော့ သူ့မိဘတွေအကြောင်းအာဒီသီကို မေးကြည့်လိုက်တယ်
အာဒီသီက နင့်အမေကတော့ ဆုံးသွားပြီ အဖေတော့ ရှိသေးတယ်ဆိုတာနဲ့
သူ့အဖေကိုတွေ့ချင်တယ်ဆိုပြီး အာဒီသီကို လိုက်ပို့ခိုင်းပါတယ်
သူတို့သွားနေရင်း သူ့အဖေအိမ်ရောက်ဖို့ မိုင် ၃၀၀လောက်မောင်းရဦးမယ့်နေရာမှာ ကားပျက်သွားပါတယ်
အဲ့ဒီအချိန် အာဂျွန်ဆိုတဲ့ အသက်ခပ်ကြီးကြီး လူတစ်ယောက်ရောက်လာပြီး အချိန်ကလည်း မရှိတော့ဘူး
သွားရမှာလည်း ဝေးသေးတယ်ဆိုတော့ သူ့အိမ်မှာလိုက်တည်းဖို့ ခေါ်ရာကနေ စိတ်လှုပ်ရှားစရာတွေ စပါတော့တယ်
အာဂျွန်က အစပိုင်းမှာ အိမ်ရှင်ကောင်းပီသသလိုနဲ့ သူ့သားရောက်လာတဲ့အချိန်မှာတော့ တစ်မျိုးဖြစ်သွားပါတယ်
သူ့သားဖြစ်သူက ရစ်ရှီရဲ့ ချစ်သူအာဒီသီကို မုဒိန်းကျင့်ဖို့ကြိုးစားသလို
သူကလည်း အိမ်ထဲကပြန်ထွက်ခွင့်မပေးတော့ဘဲ နှိပ်စက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲ ဇာတ်လမ်းက မထင်မှတ်ထားတဲ့အခြေအနေကို ပြောင်းလဲသွားတာပါ
အာဂျွန်တို့သားအဖက ရစ်ရှီကို ဘာကြောင့်ဒီလိုလုပ်ရတာလဲ?????
ရစ်ရှီမမှတ်မိတော့တဲ့ သူ့ရဲ့အတိတ်မှာ ဒီလူတွေနဲ့ ဘယ်လိုအရှုပ်အရှင်းတွေများရှိခဲ့လို့လဲ?????
ဒါမှမဟုတ် စိတ္တဇလူသတ်သမားတွေပဲလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားပေးကြပါ

0 comments:

Post a Comment