Rating : 7.3/10
Country : United State
Genre : Drama
Cast : Morgan Freeman, Jessica Tandy, Dan Aykroyd
Released Date : 1989
Duration : 1h 39min
Country : United State
Genre : Drama
Cast : Morgan Freeman, Jessica Tandy, Dan Aykroyd
Released Date : 1989
Duration : 1h 39min
အညွှန်း
လူသားတွေရဲ့ မေတ္တာထားပုံနဲ့ပတ်သက်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။
အမည်ကတော့ Driving Miss Daisy ဖြစ်ပြီးတော့ Oscar ဆုရရှိခဲ့သလို Rating အနေနဲ့ IMDb 7.3/10, Rotten Tomatoes rating 82% ရရှိထားပြီး Metacritic rating လည်း 81% ရရှိထားတဲ့ဇာတ်ကားလေးပါ။
သည်ဇာတ်ကားလေးကတော့ မာနကြီးတဲ့ ဂျူးလူမျိုးအဘွားလေး တစ်ဦးနဲ့ သူ့ရဲ့ လူမဲ ဒရိုင်ဘာအဘိုးကြီး တစ်ဦး တို့ကြားက သံယောဇဥ်အကြောင်းကိုဖော်ကျူးထားတာပါ။ လူတွေဟာ ငယ်ရွယ်စဥ်မှာ စိတ်ရဲ့အလိုလိုက်မှုအရ အချစ်ဆိုတာကိုရှာဖွေ အိမ်ထောင်တွေပြု ကလေးတွေမွေးခဲ့ ကြပေမယ့်လို့ တစ်ကယ်တည်း အသက်တွေကြီးလာတဲ့အခါ မိမိနားမှာ မိမိကိုနားလည်အဖော်ပြုပေးနိုင်တဲ့သူဟာ သိပ်ကိုရှားပါးလှပါတယ်။
သည်ကားလေးမှာ မစ္စဒေစီဆိုတဲ့ မာနကြီးဂျူးအဘွားအိုလေးဟာ တစ်ကိုယ်တည်းကားမောင်းပြီးသွားရင်း မိမိရဲ့အထီးကျန်မှုကိုဖြေဖျောက်တဲ့သူတစ်ဦးပါ။ တစ်နေ့မှာ မတော်တဆမှု ကြောင့် သားဖြစ်သူက ကားဆက်မမောင်းသင့်တော့ဘူးလို့ သိတာနဲ့ လူမဲ အဘိုးကြီး ဟုတ်ခ်ကိုကားဆရာအဖြစ်ခန့်ထားလိုက်ပါတယ်။ သည်တော့ မာနကြီးတဲ့ အဘွားလေးအနေနဲ့ ဟုတ်ခ်ကိုအမျိုးမျိိုး အချိုးမကျတာတွေအပြစ်ပြောရင်း နောက်ဆုံးမှာ ကားဆရာအဖြစ်အသိအမှတ်ပြုလိုက်ပါတယ်။
သည်ကားလေးက နည်းနည်းလေးဟာသဆန်သလို လူတွေရဲ နှလုံးသားနဲ့ပိုနီးစပ်တဲ့ဇာတ်ကားလေးပါ။ အဖော်မရှိတဲ့အခါ လူတစ်ဦးတစ်ယောက်ကိုအမှီပြုရင်း မျှော်လင့်ချက်ထား အသက်ရှင်ရခြင်း ကို စကားတွေအများကြီးမပြောဘဲနဲ့ သူတို့နှစ်ဦးရဲ့ အပြုအမူတွေကတစ်ဆင့်သိရှိနိုင်ပါတယ်။ တကယ်ကိုကားကောင်းလေးတစ်ကားဖြစ်မို့ လက်မလွတ်မခံသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။

0 comments:
Post a Comment