Rating : 6.6/10
Country : China
Genre : Action, Adventure, Comedy
Cast : Jackie Chan, Michael Hui, Louis Koo
Released Date : 2006
Duration : 2h 16min
Country : China
Genre : Action, Adventure, Comedy
Cast : Jackie Chan, Michael Hui, Louis Koo
Released Date : 2006
Duration : 2h 16min
အညွှန်း
ဂျက်ကီချန်းရဲ့ အောင်မြင်တဲ့ကားတွေထဲက တစ်ကားဆိုလည်းမမှားပါဘူး..
ဂျက်ကီချန်းရဲ့ကားတွေထုံးစံအတိုင်း အက်ရှင်ခန်းတွေဝေဝေဆာဆာနဲ့
ကြည့်ရင်းနဲ့လည်း ရယ်ရတဲ့အခိုက်အတန့်ဖြစ်လာရသလို သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့မလွယ်ဘူးဆိုတာကို
ကလေးတယောက်ကို ချစ်တဲ့ သူခိုးကြီး၂ယောက်အသွင် သရုပ်ဆောင်ပြသွားပါတယ်..Thongs (ဂျက်ကီချန်း)နဲ့ Octopus(Louis Koo)တို့က Professional သူခိုးတွေပါ… ဒါမေယ့် သူတို့သူခိုးမှာလည်း ထားတဲ့ သစ္စာဆိုတာရှိပါတယ်… သူခိုးပေမဲ့ လူမသတ်ဘူး.. သူများသားမယားမဖျက်စီးဘူး. .ပြီးတော့ သက်မဲ့ပစ္စည်းပဲ ခိုးကြတာပေါ့ ..တစ်နေ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတို့၂ယောက် နူးညံ့တဲ့ကလေးတယောက်ကို ရုတ်တရက်ကြီး ပြန်ပေးဆွဲဖြစ်သွားတဲ့ အခါ………သံယောဇဉ်နဲ့မေတ္တတရားရယ်လို့ မသိခဲ့တဲ့ လူကြမ်းကြီးနှစ်ယောက် လသားအရွယ်ကလေးလေးကိုထိန်းရင်း ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို ဟာသနှောပြီး ရိုက်ပြထားသလို … ကလေးလေးနဲ့ ခွဲရမယ့်အခါမှာလဲ မျက်ရည်လည်လောက်အောင် ဇာတ်လမ်းဆင်ပေးထားပါတယ်..IMDb rating 6.7 ရရှိထားပြီး 2006 ခုနှစ်ရဲ့ Chinese Box Office မှာ ထိပ်ဆုံးအဆင့်ကရပ်တည်ခဲ့တဲ့ကားဖြစ်ပါတယ်…

0 comments:
Post a Comment