Black Beauty (2020)


 

Rating : 6.3/10
Country : United State
Genre : Drama, Family 
Cast : Kate Winslet, Mackenzie Foy, Iain Glen
Released Date : 2020
Duration : 1h 50min

အညွှန်း
ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ Disney+ movie တစ်ခုဖြစ်တဲ့ Black Beauty ဆိုတဲ့ ဇာတ်ကားလေးပါ။ဒီဇာတ်ကားက ၂၀၂၀ နိုဝင်ဘာလမှာ ထွက်ရှိလာခဲ့တာပါ။ ဒီကားလေးမှာတော့ အင်မတန်ရဲရင့်ပြီး သတ္တိကဲလှပါတယ်
ဆိုတဲ့ မက်စတန်းမျိုးနွယ်စု မြင်းမလေးနဲ့ ကားအက်စီးဒင့်ဖြစ်ပြီး မိဘ၂ယောက်လုံး ဆုံးရှုံးသွားတဲ့ Jo ဆိုတဲ့ ကောင်မလေးကြားက ကြီးမားတဲ့မေတ္တာကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ မြင်းမလေးအဖြစ်အသံသရုပ်ဆောင်ထားတဲ့သူကတော့ ကိတ်ဝင်းစလတ်ဖြစ်ပါတယ်။ Black Beauty ဆိုတဲ့ မြင်းမလေးနဲ့ Jo ဆိုတဲ့ကောင်မလေးကြားထဲကို ဘယ်လိုအခက်အခဲတွေရောက်လာမလဲ၊ လူနဲ့ တိရစ္ဆာန်ကြားက သံယောဇဉ်ကို အခြေတည်ပြီးရိုက်ထားတဲ့ ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုပေးပါဦး။ နောက်ပြီးတော့ မြင်းတွေရဲ့ ဘာသာစကားလို့ဆိုလို့ရမယ့်အနေအထားတွေ ၊ မြင်းတွေရဲ့သဘာဝတွေကို ဒီကားထဲမှာ ရှင်းပြသွားတာကလည်း သေသပ်လှပလွန်းပါတယ်။

0 comments:

Post a Comment