Rating : 5.2/10
Country : United State
Genre : Action, Comedy
Cast : Ruby O. Fee, Alexandra Maria Lara, Shelby Young
Released Date : 2020
Duration : 1h 40min
Country : United State
Genre : Action, Comedy
Cast : Ruby O. Fee, Alexandra Maria Lara, Shelby Young
Released Date : 2020
Duration : 1h 40min
အညွှန်း
ဘ၀မှာ စားခါနီးမှ ပုတ်ချခံရတဲ့ အဖြစ်မျိုး လူတိုင်းနီးပါး ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ် ရင်နာစရာပါ။
ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ဖြစ်တဲ့ ရွိုင်ဟာလည်း ဒီလိုအဖြစ်နဲ့ ကြုံလိုက်ရတဲ့သူပါ။ ရွိုင်က ကလေးတစ်ယောက်အဖေတစ်ခုလပ်ဖြစ်ပြီး ဆေလ်ဗီယာဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်တော့မယ့်သူတစ်ယောက်ပါ။ သူက ကားစီးရတာ ကားမောင်းပြိုင်ရတာကို သိပ်ကို ဝါသနာပါတဲ့သူ ပီပီ မင်္ဂလာပွဲကိုတောင် ကားမောင်းပြိုင်ပွဲပုံစံနဲ့ သတို့သမီးဆီ အရောက်ကားမောင်းသွားပြီးမှ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာပွဲ မတိုင်ညမှာ ရွိုင်မူးနေတုန်း ဂျာမန်မတစ်ယောက်က လာမြူစွယ်တော့ ရှူးရှဲပေးမိလိုက်ရာက ပြဿနာစပါတော့တယ်။ ဂျာမန်မက သူနဲ့လက်ထပ်မယ့် ဆေလ်ဗီယာ့ရဲ့ တစ်ခါက အခန်းဖော် ဖြစ်ရုံသာမက ဂျာမန်မကဆေလ်ဗီယာ့ကိုပါ ကြွေနေပုံပါ။ ဒီတော့ မင်္ဂလာဆောင်မယ့်နေ့မှာ စီစဉ်ထားတဲ့အတိုင်း ” အရင်ရောက်တဲ့သူ သတို့သမီးကိုယူ ” ဆိုတဲ့စည်းမျဉ်းနဲ့ ကားပြိုင်ပွဲလုပ်ပါတယ်။ ပြိုင်တဲ့သူတွေက သူ့ဘော်ဒါတွေဖြစ်လို့ သတို့သားအနိုင်ရအောင် အလျှော့ပေးပြီး နောက်ကပြလိုက်ကြတာပေါ့။ ဒါပေမယ့် ကားတစ်စီးကတော့ အလျှော့မပေးဘဲ ရွိုင်နဲ့အပြိုင်လိုက်မောင်းရုံမက ကျော်တက်ပြီး အနိုင်ပါရသွားပါတယ်။ ပြဿနာက အဲ့မှာစတော့တာပဲ . စည်းကမ်းဟာ စည်းကမ်းပါပဲ အဲ့တော့ သူရှုံးပြီမို့ ဇာတ်ထုတ်ဟာစရှုပ်ပါတော့။ကားမောင်းတဲ့သူက ညက သူနဲ့ ရှူးရှဲပေးခဲ့တဲ့ ဂျာမန်မဖြစ်နေပါလေရော။ ဇာတ်လမ်း အညွှန်းကိုဒီနေရာမှာပဲ ရပ်လိုက်ပါရစေ . တော်တော်လေးကိုကြည့်လို့ကောင်းတဲ့အခန်းပေါင်းများစွာကျန်ရှိနေတာမို့ပရိတ်သတ်ကြီးကို ကိုယ်တိုင်ကြည့်စေချင်တဲ့စိတ်နဲ့ အသေအချာလေးတင်ဆက်ပေးလိုက်ပါတယ်။ နည်းနည်းဆက်ပြောရရင်တော့ဇာတ်လမ်း တစ်လျှောက်လုံး ပြဿနာပေါင်းစုံကို ဖန်တီးပြထားပြီး comedy ဆန်ဆန်လေးတွေနဲ့ ကြည့်ရှုတဲ့ ပရိတ်သတ်ကို ဆွဲဆောင်သွားနိုင်တာကတော့ ဇာတ်လမ်းရဲ့အသက်ပါ။ နောက်ထပ် ထပ်ပြောချင်တာကတော့ သာမန်ရိုးကျပုံစံမျိုးနဲ့ ကွဲထွက်ပြီး ရွိုင်တစ်ယောက်အခက်ကြုံရပုံတွေနဲ့ တကယ်ကို active & fun ဖြစ်တဲ့ ဇာတ်လမ်းလေးမို့ ပရိသတ်ကြီး အကြိုက်တွေ့မယ်လို့ ထင်ပါတယ်
0 comments:
Post a Comment