Rating : 4.6/10
Country : Korea
Genre : Horror
Cast : Cheol-ho Choi, Jo Jung-min, Chae-Young Lee
Released Date : 2020
Duration : 1h 33min
Country : Korea
Genre : Horror
Cast : Cheol-ho Choi, Jo Jung-min, Chae-Young Lee
Released Date : 2020
Duration : 1h 33min
အညွှန်း
ဒီကားကတော့ ၂၀၂၀ခုနှစ်နိဝင်ဘာကထွက်ထားတဲ့
Horror ကားလေးတစ်ကားဖြစ်ပြီးတော့
Horror ကားထဲမှာတော့ ဇာတ်လမ်းလေးကအရမ်းမဆိုးဘူးလို့ပြောလို့ရတယ်။လောကကြီးမှာ မိန်းကလေးတော်တော်များများက လှပမှုကိုမက်မောကြတယ်။
သင်ရော တစ်ရက်မှာ ရုတ်တရက်ကြီး ရှိရင်းစွဲအသက်ထက်ထက်ဝက်လောက်ငယ်သွားပြီး
အရမ်းလှလာမယ်ဆိုရင် အဲ့ဒီလှပမှုကိုရဖို့ သင်ဘာမဆို လုပ်မှာလား?
ဒီထဲမှာတော့လောဘတွေ၊မနာလိုဝန်တိုမှုတွေနဲ့ အတ္တဆန်မှုတွေကို ကွက်ကွက်ကွင်းကွင်းပြထားပြီး
သဘာဝလွန်ဖြစ်ရပ်တွေနဲ့အတူ ထိတ်လန့်ဖွယ်ခံစားရမှာပါ။ဒီကားမှာတော့ Jump Scare တွေထက်
တွေးတွေးပြီး ကြောက်ရမယ့်အခန်းလေးတွေပါသလို
တွေးတွေးပြီး ကြိုုက်ရမယ့် အခန်လေးတွေလည်း ပါတယ်ဗျ
(အဆုံးသတ်က စာလေး ကြည့်လိုက်ရင် သဘောပေါက်ကြမှာပါ)ဇာတ်လမ်းအကျဉ်းကတော့ ဟိုဂျုံးဆိုတဲ့ မော်ဒယ်လ်က
အရွယ်ကျလာလို့ ကြော်ငြာရှင်တွေက မသုံးကြတော့ပါဘူး။
ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တာလည်း မနည်းတာမို့
နောက်ထပ်ခွဲစိတ်မှုတွေ လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေမှာ
သူ့အစား ရွေးချယ်ခံလိုက်ရတဲ့ မော်ဒယ်လ်က သူ့သူငယ်ချင်း ဖြစ်နေပြီး
သူနဲ့တွေ့တဲ့အချိန်မှာ ယောဂသင်တန်းတစ်ခု တက်ဖို့ ဖြစ်လာပါတော့တယ်။
ဒီယောဂသင်တန်းရဲ့ထူးခြားချက်ကတော့
တက်လိုက်တဲ့လူတိုင်း ရုပ်ရော ကိုယ်ပါ နုပျိုလှပသွားကြတာပါပဲ။
ဘာလို့လဲဆိုတာကတော့ ………………
အားလုံးပဲ တွေးပြီးကြောက်ချင်တယ်ဆိုရင်ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
ယောကျ်ားလေး ပရိသတ်တော့ ကြောက်မှာထက် ကြိုက်တောင်ကြိုက်မလားပဲ
ယောဂကျင့်နည်း အဆန်းလေးတွေလည်း မြင်ရမှာမို့ပါ။(ဖောင်းဒိုင်းရှူးရှဲ အခန်းတစ်ချို့ ပါတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး)

0 comments:
Post a Comment