Sheep Without a Shepherd (2019)


 

Rating : 6.8/10
Country : China
Genre : Thriller, Crime, Drama
Cast : Yang Xiao, Zhuo Tan, Joan Chen
Released Date : 2019
Duration : 1h 52min

အညွှန်း
လီဝေ့ကျယ်နဲ့သူ့ရဲ့ဇနီးဖြစ်သူဟာသမီးကြီးပင်းပင်းသမီးငယ်
အန်တို့နဲ့အတူ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ သာမန်
လူလတ်တန်းစားမိသားစုလေးဖြစ်ပါတယ်လီဝေ့ကျယ်ဟာအတန်းပညာမရှိပေမယ့် သူ့ရဲ့မိသားစုကိုချစ်ခင်ပြီး
တခြားသူတွေအပေါ်မှာလည်း ကြင်နာတတ်သူပါ
သူ့ရဲ့ထူးခြားတဲ့အချက်က ရုပ်ရှင်ကားတွေကြည့်ရတာကြိုက်တဲ့သူဖြစ်ပါတယ်တစ်ရက်မှာတော့ပင်းပင်းဟာ ကျောင်းကလွှတ်တဲ့နွေရာသီစခန်းချခရီးစဉ်ကိုသွားရင်း ဆုချက်ဆိုတဲ့ကောင်လေးနဲ့တွေ့တယ် ဆုချက်ရဲ့ဖခင်ဟာလွှတ်တော်အမတ်လောင်းအဖြစ်
လျာထားခံရသူဖြစ်ပြီး မိခင်ဖြစ်သူကတော့ lowa Batum
မြို့ရဲစခန်းရဲ့စခန်းမှူးဖြစ်တယ်ဆုချက်က အသိုင်းအဝိုင်းကြီးက
လာတဲ့အလျောက်ဆိုးသွမ်းတဲ့ကျောင်းသားတစ်ယောက်
ဖြစ်ပါတယ်ဆုချက်ဟာကျောင်းခရီးစဉ်အတွင်းမှာ ပင်းပင်းကို
မကောင်းကြံကာဗွီဒီယိုရိုက်ထားပြီးပင်းပင်းကိုအမြဲ
ခြိမ်းခြောက်နေခဲ့တယ် ပင်းပင်းနဲ့သူ့အမေဟာ ဆုချက်ဆီက
ဗွီဒီယိုကိုလုယူရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဆုချက်ကို မတော်တဆသတ်မိသွားခဲ့တယ်လီဝေ့ကျယ်အလုပ်ခရီးကပြန်
လာပြီး ဒီကိစ္စကိုသိတဲ့အခါ သူကြည့်ဖူးတဲ့ရုပ်ရှင်ကားတွေထဲက
အတိုင်းသူတို့တစ်မိသားစုလုံးပြစ်မှုကလွတ်မြောက်နိုင်အောင်
ကြံစည်ပါတော့တယ်
နောက်ဆုံးမှာလီဝေ့ကျယ်တစ်ယောက် သူ့မိသားစုကိုအဆုံးထိကာကွယ်သွားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ
ဒီကားလေးကတော့ အဂျေးရဲ့ (Drishyam) ကားကို တရုတ်ဗားရှင်းနဲ့ရိုက်ထားတာပါ ကုလားကားနဲ့တရုတ်ကား ဘယ်ကားပိုကောင်းလဲဆိုတာ ခံစားကြည့်ကြပါအုံး

0 comments:

Post a Comment