Rating : 8.3/10
Country : United State
Genre : Comedy, Romance
Cast : Audrey Tautou, Mathieu Kassovitz, Rufus
Released Date : 2001
Duration : 2h 2min
Country : United State
Genre : Comedy, Romance
Cast : Audrey Tautou, Mathieu Kassovitz, Rufus
Released Date : 2001
Duration : 2h 2min
အညွှန်း
“အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ”
“ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? “ -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှုတွေကို စိတ်ကူးယဉ်မှုတွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ဘယ်လိုပဲဖြစ်ဖြစ် ဘူးပိုင်ရှင်ကို ရအောင် ပြန်ပေးမယ်လို့ စီစဉ်လိုက်တယ်အကယ်လို့ ဘူးပိုင်ရှင်က ဘူးပြန်ရလို့ ပျော်သွားရင် လူတိုင်းကို အမြဲ ကူညီတော့မယ်လို့ သူဆုံးဖြတ်လိုက်တယ်ဘူးပိုင်ရှင်လည်း ဘူးပြန်ရတော့ အရမ်းပျော်သွားတယ်အဲ့အချိန်ကစပြီး Amélieလည်း လူတိုင်းကို တတ်နိုင်သလောက် လိုက်ကူညီနေတယ်ကူညီပြီးတိုင်းလည်း ပျော်နေတာပေါ့ဒါပေမယ့် တစ်ရက်မှာတော့ ဟိုဘက်တိုက်ခန်းက အဖိုးကြီး Dufayelရဲ့စကားကြောင့် သူတွေးမိတယ်သူက သူများကို လိုက်ကူနေပေမယ့် ဘယ်သူကတော့ သူ့ကို ပြန်ကူမှာလဲAmélieကို ပြန်ကူညီမယ့်လူ ရှာတွေ့နိုင်မလား…….**********************************Amélieလို့ ပြောလိုက်တာနဲ့ criticတိုင်းကOne of the best movies of all timeလို့ ပြောကြလိမ့်မယ်ကျွန်တော့်အတွက် တစ်သက်မမေ့နိုင်မယ့်ကားလို့ပဲ ပြောပါရစေAmelieက ‘Taxi Driver’ထဲက Travis Bickleလို ‘Her’ထဲက Theodoreလို Lonerဖြစ်ပေမယ့် ဇာတ်ကောင်ကိုက တစ်မူထူးခြားနေတယ်ဇာတ်ကားတစ်ကားလုံးကို Amelieရဲ့ စိတ်ကူးအတိုင်း မြင်ရတာကြောင့် Amelieရဲ့ loner characterပိုပေါ်လာတယ်Lonerဇာတ်ကောင်ပီပီ သနားစရာကောင်းတဲ့ အချိန်လေးတွေရှိပေမယ့် သူများကိုအောင်အောင်မြင်မြင် ကူညီပေးနိုင်လိုက်တဲ့အချိန်တွေမှာဆို လူပါ အလိုလို ပျော်လာတယ် ကြည်နူးလာတယ်ဇာတ်ကား စလယ်ဆုံး ပျင်းစရာတစ်ကွက်မှမရှိဘူးဇာတ်ကားထဲက colour usageကလည်း ကြည့်နေရင်းနဲ့တင် ဇာတ်ကားနဲ့ ပိုပိုလိုက်လာတယ်ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ချီးကျူးရမယ်ဆိုရင် ဒါရိုက်တာဖြစ်တဲ့ Jean-Pierre Jeunetကို မေ့ထားလို့မရပါဘူးAmelieအဖြစ် Audrey Tautouက အပိုအလိုမရှိ သရုပ်ဆောင်နိုင်ထားပါတယ်ဒီဇာတ်ကောင်နေရာမှာ သူကလွဲပြီး တခြားလူ သရုပ်ဆောင်နိုင်မယ် မထင်ပါဘူးဒီဇာတ်ကားဟာ အော်စကာဆုငါးဆုလည်း ဆန်ကာတင်၀င်ခဲ့ပါသေးတယ်

0 comments:
Post a Comment