ဇာတ်လမ်းအကျဉ်း "
--------------------------
"တွန်ဘာ့ဒ်"ဆိုတာ ရွာလေးတစ်ရွာရဲ့ နာမည်ပါ။
ဒီဒဏ္ဍာရီ ပုံပြင်ဟာ တွန်ဘာ့ဒ်ရွာမှာ အခြေပြုထားပါတယ်။
ခုနှစ်ကတော့ အစပိုင်းမှာ ၁၉၂၀ ဝန်းကျင်ပေါ့။
ဇတ်လမ်းမှာ စစချင်း ရုပ်ပျက်ဆင်းပျက်နဲ့ကျိန်စာသင့် အဖွားကြီးကို မြင်ရမှာပါ။
သူဟာ တချိန်က ဥစ္စာစောင့်မယ်တော်ရဲ့ဝမ်းဗိုက်အတွင်းက ရတနာတွေကို သွားယူခဲ့ရမှာ"ဟာစတာ"ဆိုတဲ့ ဥစ္စာစောင့်နတ်ဖုရားတစ်ပါးရဲ့ ကျိန်စာသင့်ခဲ့ပါတယ်။
ဟာစတာ ဆိုတာက မိခင်ဥစ္စစောင့် မယ်တော်ကြီးရဲ့ အချစ်ဆုံးသားဦးပါ။
ဟာစတာဟာ လောဘကြီးလွန်းတော့ရွှေငွှေအပြင် စားနပ်ရိက္ခာတွေပါ ပိုင်ဆိုင်လက်ဝားကြီးအုပ်ချင်တဲ့ ဥစ္စာစောင့်နတ်ဖုရားပါ။
တခြားနတ်ဖုရားတွေရဲ့ အမျက်ဒေါသတွေကြောင့်ဟာစတာဟာ ရွှေဒင်္ဂါးပြားတွေကိုသာ လက်ဝါးကြီးအုပ်ခွင့်ရခဲ့ပြီး မိခင်ဥစ္စာစောင့်မယ်တော်ကြီးရဲ့ ဝမ်းတွင်းမှာပဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။
ဒါတွေကို သိတဲ့ သူကတော့ ဆာကာဆိုတဲ့ ရွာသားကြီးပါပဲ။
ဆာကာဟာ ဖွားအေကြီးဆီက တဆင့်သိခဲ့ရပြီးဖွားအေကြီးကတော့ ကျိန်စာသင့်ကာ ဆာကာရဲ့ အပျော်မယား စောင့်ရှောက်မှုနဲ့ နေခဲ့ရပါတယ်။
ဟာစတာရဲ့ ကျိန်စာသင့်သူတွေဟာနှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဝဋ်ဒုက္ခကို ခံကြရပါတယ်။
ဆာကာရဲ့ အပျော်မယား သားနှစ်ယောက်မှာ လောဘကြီးတဲ့ ဗီနာယက်ခ်ရာအိုဆိုတဲ့ သားကြီးဟာ ဒီရတနာတွေကို စိတ်ဝင်စားခဲ့ပါတယ်။
ဒါကြောင့် ၁၅နှစ်ကြာ မိခင်သေဆုံးပြီးချိန်သူကိုယ်တိုင် စံအိမ်ကြီးထဲကို ပြန်လာခဲ့ပြီးသေလုမျောမျော ခံစားနေရတဲ့ အဖွားအိုကြီးဆီက
ရတနာတွေ ရှိတဲ့ နေရာကို သိခဲ့ရပါတယ်။
ဒီတော့... သူဟာ ရတနာတွေကို စတင်ရှာဖွေခဲ့ပါတယ်။
ရတနာတွေကို လွယ်လွယ်နဲ့ ရမလား?
ကျိန်စာတွေကို ဘယ်လိုရှောင်တိမ်းမလဲ?
သူတို့တွေ ဘယ်လို ကံဆိုးမိုးမှောင်ကျရောက်မလဲ?စသဖြင့် ... ရတနာသိုက် ရှာပုံတော်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
----------------------------------------------------
ဇာတ်လမ်းလေးဟာ လူသားတွေရဲ့ လောဘဇောကို ထင်ထင်ရှားရှား တွေ့မြင်ရစေပါတယ်။
အသက်အန္တရာယ် စွန့်ပြီး ယူထားတဲ့ ရွှေပြားတွေတောင်သုံးမကုန်ဖြစ်နေတာကိုဘယ်တော့မှ မကုန်ခမ်းတဲ့ ရတနာအိတ်ကိုအတင်း လုယူဖို့ ကြိုးစားလာကြတဲ့ သားအဖနှစ်ယောက်၊
ဒါပေမဲ့... သူတို့ မသိတဲ့ တစ်ချက် ရှိနေတာကိုတော့... ၊ကံဆိုးမိုးမှောင်ကျမှုတွေလာတော့မယ်ဆိုတာတော့ဘယ်သူ သိနိုင်မလဲ?
ဖခင်ရဲ့ စရိုက်တွေ သားဆီကူးစက်ပြီးသားရဲ့ လောဘကြောင့် ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရတဲ့ သိုက်တူးသမားဇာတ်လမ်းဒဏ္ဍာရီ တစ်ပုဒ်ပါပဲလို့ ညွှန်းပါရစေ။

0 comments:
Post a Comment