Knock Out (2010)


Rating : 6.0/10
Country : India 
Genre : Action, Crime, Drama 
Cast :  Sanjay Dutt, Irrfan Khan, Kangana Ranaut
Released Date : 2010
Duration : 1h 57min 


အညွှန်း



ဒီတစ်ခါမှာတော့ အိန္ဒိယ ရုပ်ရှင်လောက မှာ ဆန်းသစ်တဲ့ ပုံစံနဲ့ လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားစေတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ နာမည်က knock outတဲ့ မနက် ၁၁ နာရီ ကနေ နေ့ခင်း၁နာရီ အတွင်း ဖြစ်ပျက်သွားတာတွေကို စိတ်လှုပ်ရှား ဖွယ်ရာ ရိုက်ကူးတင်ဆက် ထားတာ တွေ့ရပါတယ်။


ဇာတ်လမ်းအကျဉ်းလေးကတော့….


Sanjayy Dutt က ဘယ်သူ့ကိုမှ အယုံအကြည်မရှိတဲ့ တိတ်တဆိတ် လုပ်ကြံသူ။ ခေတ်မီ လက်နက်တွေ ကိုင်လေ့ ရှိပြီး သူ့ပစ်မှတ် ကို အခက်အခဲ မရှိ သွေးအေးအေး လုပ်ကြံနိိုင်သူ။ စနိုက်ပါ လက်ဖြောင့် ဆရာကြီး သူ့ ပစ်မှတ်က Irrfan. Irrfanကလည်း ခေသူမဟုတ်။ ဘဏ် လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံရေး ဘက်မှာပါ သြဇာ အတန်ငယ် ရှိထားသူ။ ခရိုနီ တွေ နဲ့လည်း ရင်းနှီး ကျွမ်းဝင်သူတစ်ယောက်။ကောက်ကျစ်ပြီး ဉာဏ်များသူ။ Irrfanရဲ့ သူများတွေအပေါ် အနိုင်ကျင့်မှုတွေကို မကျေနပ်တဲ့ Sanjayyဟာ အကွက်ကျကျ စီမံ ပြီး သာယာ တဲ့နေ့တစ်နေ့ မနက် ၁၁ နာရီလောက်မှာ Irrfanကို ဖုန်းရုံဆီ လာစေပြီး ခေါင်မိုးပေါ်ကနေ စနိုက်ပါနဲ့ချိန်ကာ………….. ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ရင်သပ်ရှုမော ဖွယ်ကောင်းလှပါတယ်။ ရဲတွေ သတင်းထောက်တွေ နဲ့ ပါ Sanjayyတစ်ယောက်အားပြိုင်ရပြီး Irrfanရဲ့ မကောင်းမှုတွေကို Irrfanကိုယ်တိုင်လူသိရှင်ကြား ထုတ်ဖော် ပြောဆိုဖို့ ဖိအားပေးစီစဉ်တာဟာ အောင်မြင်မလား ဆိုတာကတော့….


 

0 comments:

Post a Comment