Arundhati (2014)



Rating : 5.0/10
Country : India 
Genre : Drama
Cast :  Koyel Mallick, Indraneil Sengupta, Debesh Roy Chowdhury
Released Date : 2014
Duration : 2h 14min 


အညွှန်း



ဒီဇာတ်ကားလေးဟာနှစ်ဘဝကလဲ့စားကားအဖြစ် လူသိများခဲ့ပြီး IMDB rating 7.2/ 10 ရရှိထားတဲ့အတွက် ဇာတ်ကားကောင်း တစ်ခုလားလို့ မေးခွန်းထုတ်ဖို့ မလိုအပ်တော့ပါဘူး/

ဇာတ်လမ်းအကျဉ်း

——————–

ဟိုက်ဒရာဘတ် ဆိုတဲ့မြို့လေးမှာ အာနန်ဒသီ နာမည်ရှိ မိန်းကလေး မင်္ဂလာဆောင် ကျင်းပမယ့်ဇာတ်ဝင်ခန်းနဲ့ အစပျိုးထားပါတယ်။ သူမရဲ့ အဘိုးကတော့ သူမတို့ ငယ်စဉ်ကဇာတိဆီသွားရောက်ပြီး မင်္ဂလာဆောင် ချိန်ရက်မြတ်ကို သွားယူခဲ့ပါတယ်

မြို့လေးနာမည်ကတော့ ဂတ်ဝဲ မြို့လေးပါ။ မြို့ဝင် နေရာလေးနဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာတော့ အိမ်အိုဟောင်းလိုလို နန်းတော်လိုလို ရှိနေပါတယ်။ အဲ့ဒီနေရာ မှာတော့ မကောင်းဆိုးဝါး ၀ိညာဉ် တစ်ခုဟာ ဂူသွင်း ပိတ်ထားခံရပါတယ်

တစ်ညမှာတော့ အာနန်ဒသီ ရဲ့အဘိုးစေခိုင်းမှုကြောင့် ဆူရှီလာ ဆိုတဲ့ အိမ်ဖော်မလေးဟာ

သူမရဲ့ယောကျ်ားနှင့်အတူ ဟိုက်ဒရာဘတ် ရှိ အာနန်ဒသီ တို့်ဆီ မင်္ဂလာဆောင် ရက်မြတ်တွက်စာစောင် ကို ပေးရန်အသွား အိမ်အိုကြီးရဲ့ ၀ိညာဉ် က တားဆီးလိုက်ပါတယ်။ ဆူရှီလာကို ဖမ်းပြီး သူမ၏ယောက်ျားကိုတော့ သူ့အုတ်ဂူအား ဖွင့်ရန် အကြပ်ကိုင်ပါတော့တယ်။

၀ိညာဉ် ရဲ့အဓိကရည်ရွယ်ချက်မှာတော့ အာနန်ဒသီ မိန်းကလေးအား လက်စားချေ ရန်ဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ဂတ်ဝဲမှာရှိနေတဲ့ အောနန်ဒသီ အဘိုး ချောလဲမှုကြောင့် အာနန်ဒသီ ဟာ ဂတ်ဝဲမြို့ဆီ လာရောက်ခဲ့ပါတယ်။

အာနန်ဒသီ ဟာ ဂတ်ဝဲမြို့ဆီ အရောက်မှာတော့ ဆူရှီလာ ယောကျ်ား ၏ စကားတို့ကြောင့် အိမ်အိုအကြောင်း တွေးတောမိသည်။ ဆူရှီလာ ယောကျ်ားအားလည်း နတ်ဆရာနဲ့ပြသရာ နတ်ဆရာက တကယ်တမ်း အန္တရာယ်ရှိနေသူမှာ သူမဖြစ်ကြောင်း တွင်တွင်ပြောကြားခဲ့သည်။

သူမမှာ နတ်ဆရာ အားအယုံအကြည်မရှိကြောင်း အိမ်တော်ထိန်း၏ တိုက်တွန်းမှုကြောင့်သာ လာခဲ့ရကြောင်း လုံးဝအယုံအကြည်မရှိကြောင်း အချေအတင်များခဲ့သည်။

တစ်ည၌ သူမချစ်သူ ရာဟူးဖုန်းဆက်ချိန်း၍ အိမ်အိုကြီးသို့အလာ ၀ိညာဉ် ၏ ခြိမ်းခြောက်မှုအား ခံခဲ့ရသည်။

ထိုအချိန်၌ ၀ိညာဉ် မှာအုတ်ဂူထဲ၌ ပိတ်ခံထားရသေး၍ သူမမှာ ကံသီလေးလွတ်မြောက်ခဲ့သည်။

သူမအား လာ ကယ်တင်သူမှာ နတ်ဆရာပင်ဖြစ်၍ သူမချစ်သူမှာလည်း ဟိုက်ဒရာဘတ် တွင်သာရှိနေကြောင်း သိရှိခဲ့သည်။ ထိုအခါမှ ၀ိညာဉ် တွေအကြောင်းလည်း ယုံကြည်စပြုလာခဲ့သည်။ သူမအား လက်စားချေ ချင်သည့် ၀ိညာဉ်၏ အကြောင်းလည်း စုံစမ်းမိလာသည်။

ဒီဇာတ်ကားလေးဟာ သရဲဆန်ဆန်နဲ့ စိတ်ဝင်စားဖွယ်ဇာတ်ဝင်ခန်းတို့အား

ယှဉ်တွဲပြသွားပါတယ် ။ ဒီဇာတ်ကားလေးမှာ

အာနန်ဒသီ ဟာ အတိတ်မှာဘယ်လို လူစားမျိုးလဲ

၀ိညာဉ် နဲ့ရော ဘယ်လိုဆက်စပ်နေလဲ ။

အာနန်ဒသီ ဟာ တကယ် လူဝင်စားရော ဟုတ်ရဲ့လား

အာနန်ဒသီ ဟာ မိမိအတိတ်အလွန် ဘဝ အားမသိသေးသည့်တိုင် သူမ သည် လူမှားကလဲ့စားချေခံနေရ၏လော

၀ိညာဉ် ရဲ့အဆုံးသတ်ကရော မည်သို့နည်း ။

အာနန်ဒသီ ရဲ့ ရှေ့ဆက် ဘဝကရော မည်သို့ဖြစ်လာမည်နည်း

အိမ်အိုကြီးရဲ့ ရာဇဝင်ကရော မည်သို့နည်း

စသော မေးခွန်းပေါင်းများစွာ နဲ့ မပျင်းရိရအောင် ရိုက်ကူးထားတာ တွေ့ရမှာပါ

ဤဇာတ်ကားလေးဟာ လျှို့ဝှက်ဆန်ဆန် ပဟေဠိ တို့ပေါင်းစပ်ထား အက်ရှင်ဆန်ဆန် ရိုက်ကူးထားတာကြောင့်လည်း

လူကြိုက်များတဲ့ ဇာတ်ကားကောင်းဖြစ်လာခဲ့ပါတယ်။


 

0 comments:

Post a Comment