Mowgli: Legend of the Jungle (2018)


Rating : 6.5/10
Country : India 
Genre :   Adventure, Drama, Fantasy
Cast :   Christian Bale, Cate Blanchett, Benedict Cumberbatch
Released Date : 2018
Duration :   1h 44min 

အညွှန်း



1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ်


ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက်


Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ်


Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ်


ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့


နည်းနည်းပြောင်းလဲသွားတာရှိတယ်


အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ


သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ်


ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ


ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို


ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ်


ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို


ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်....


ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး


သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ


Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်...


ဒီလိုနဲ့ Mowgli အရွယ်ရောက်လာတဲ့အခါ


သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး


မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်...


သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေကတော့


ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ဝက်ဝံကြီး ဘာလူး တို့ပဲ


ဖြစ်ပါတယ်.....


ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို စားသောက်ချင်နေတဲ့


ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ Mowgli အနားသို့ ရောက်လာခဲ့သော်အခါ...


ဒီ ရုပ်ရှင်ဟာ IMDb မှာ Rating 8 လောက်ထိ ရထားပါတယ်


အရမ်းလဲ လူကြိုက်များ အောင်မြင်ပါတယ်...


ဘာလို့အောင်မြင်လဲ ဆိုတာလဲ မမေးနဲ့


အသံသရုပ်ဆောင်ကိုပဲ အရင်ပြောပြပါမယ်...


ကျားသစ်နက်ကြီး ဘာဂီရာ အဖြစ်


ဘတ်မန်းမင်းသားကြီး Christian Bale အသံသရုပ်ဆောင်ပါတယ်


ပြီးတော့ ခင်ဗျားတို့ ကျားဆိုးကြီး ရှီရာခန်းကို မုန်းလို့ရမှာ မဟုတ်ဘူး


ဘာလို့လဲ ဆိုတော့ နောက်ခံ အသံသရုပ်ဆောင်က


ဒေါက်တာထူးဆန်း ကိုကို Benedict Cumberbatch ပါပဲ ❤


Tom Hollander တို့ ဘာတို့ အပြင် အခြား နာမည်ကျော်


မင်းသားကြီး မင်းသမီးကြီးတွေက


နောက်ခံ အသံ သရုပ်ဆောင်ပေးထားပါတယ်


ကဲ ဒါဆိုရင် ဒီရုပ်ရှင်က သင်ကြည့်ကိုကြည့်သင့်တဲ့


တောတွင်းသားလေး ဇတ်လမ်း ပါပဲ.....

 

0 comments:

Post a Comment