Tej... I Love You (2018)


Rating : 5.5/10
Country : India 
Genre :   Romance 
Cast :   Sai Dharam Tej, Anupama Parameswaran, Harsha Chemudu 
Released Date : 2018
Duration : 2h 2min


 

အညွှန်း



"သူ့နာမည်က တိဂ်ျ. . .

ဟုတ်တယ်

ကျွန်မလို နိုင်ငံရပ်ခြားမှာ နေတဲ့သူတစ်ယောက်က 

ကိုယ့်မွေးရပ်မြေက တစ်ယောက်သောသူကို ကြိတ်ပြီး ခိုက်နေမိတာ နည်းနည်း ထူးဆန်းနေမလားပဲ. . .။

ဒါပေမယ့်လည်း ကိုယ်သတိထားမိချိန်လေးမှာ ကိုယ့်နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာမှာ  တိဂ်ျဆိုတဲ့ ကောင်လေးတစ်ယောက်က နေရာယူနှင့်ပြီးသား ဖြစ်နေပါပြီ. . ."

"နန္ဒီနီ . . .

ကိုယ့်ဘဝမှာ မိန်းကလေးတွေအများကြီးကို 

တွေ့ခဲ့ဖူးပေမယ့်

မင်းရဲ့ သွက်လက်တဲ့ ဟန်ပန်

ဝင်းပကြည်လင်တဲ့ မျက်နှာလေးနဲ့

ကြည်လင်ရှင်းသန့်တဲ့ အသံသေးသေးလေးက ကိုယ့်မျက်စိထဲက မထွက်ဘူးကွယ်။

နန္ဒီနီ. . .

မင်းလို သူဌေးကြီးတစ်ယောက်ရဲ့ သမီးကို ဘုမသိ ဘမသိချစ်ခဲ့မိတဲ့ ကိုယ့်ကို

အပြစ်များ ဆိုလေမလား. . .

ဒါမှမဟုတ် တွေ့ရတဲ့ အချိန် ခဏလေးမှာတင် မင်းကိုချစ်မိသွားလို့ ကိုယ့်ကို 

ယုံကြည်မှုကင်းမဲ့နေမလား။

တကယ်တော့ အချစ်ဆိုတာ

ကိုယ်ထိန်းချုပ်လို့ ရကောင်းတဲ့ အရာမှ မဟုတ်တာပဲလေ. . .

မင်းကို ချစ်မိနေတော့လည်း

မင်းကို သတိရစိတ်နဲ့ စီးမျောနေလိုက်ရုံ. . ."

ဒီဇာတ်လမ်းလေးက အချစ်ဇာတ်လမ်းလေး ခင်ဗျ။

မင်းသမီးက

Hello Guru Preman Kosame ကားထဲက ပရိတ်သတ်အချစ်တော် မင်းသမီးလေး

Anupama Parameswaran (အာနူးပါးမား ပါရာမက်စ်ဝါရန် ပါ။

မင်းသားကတော့ မြန်မာပရိတ်သတ်တွေရဲ့ အသည်းစွဲ Ram Charam ရဲ့ညီဝမ်းကွဲ 

Sai Dharam Tej ဖြစ်ပါတယ်။ 

Winners ဆိုတဲ့မြင်းဇာတ်ကားလေးနဲ့ လူကြိုက်များခဲ့တဲ့ 

မင်းသားပေါ့. . .

ဒီနှစ်ပိုင်း ထွက်တဲ့

အချစ်ကားလေးတွေထဲမှာ ဒီကားလေးကိုလည်း ကြိုက်မိပြန်ပါပြီ။

ဒီကားလေးက

Telugu အချစ်ကားလေးတွေ

ဒီလောက်ကောင်းတယ်ဆိုတာ 

ပရိတ်သတ်ကို နားလည်လာစေမယ့် 

နောက်ထပ်အချစ်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။

ဇာတ်လမ်းက ရိုးရိုးလေးပါပဲ။

စိတ်ထားဖြူစင်တဲ့ ကလေးတစ်ယောက်က လူဆိုးစော်ကားမယ့်ရန်ကနေ

လက်ခ်ျမီးဆိုတဲ့ အမျိုးသမီးကို ကယ်တင်ရင်း လူသတ်မှု ကျူးလွန်မိသွားတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ကျသွားခဲ့ကောင်လေးကို တတ်စွမ်းသမျှ ကူညီပေးဖို့

ခင်ပွန်းဖြစ်သူကို လက်ခ်ျမီးနားချပေမယ့်

ခင်ပွန်းသည်ဟာ လက်ခ်ျမီးကို 

နှစ်သိမ့်ပြီး ဒီအတိုင်းထားခဲ့တာ 

နှစ်ပေါင်းများစွာ ကြာလို့ 

လက်ခ်ျမီးရဲ့သမီးလေးတောင်

အရွယ်ရောက်ခဲ့ပါပြီ။

ဒီလိုအချိန်တွေကြာမှ သိလိုက်ရတာက

လက်ခ်ျမီးရဲ့ခင်ပွန်းဟာ ကောင်လေးကို

မကူညီခဲ့ဘူးဆိုတာပါပဲ။

ဒီစိတ်နဲ့ပဲ လက်ခ်ျမီး သေဆုံးသွားခဲ့တယ်။

မသေဆုံးခင် အချိန်လေးမှာ

သမီးဖြစ်သူကို ခေါ်ပြီး မှာထားခဲ့သေးတယ်။

လန်ဒန်ကနေ အိန္ဒိယကိုသွား၊

ဟိုမှာ သူ့ကို ကူညီဖူးတဲ့ကောင်လေးကို ရှာပြီး သူပိုင်ဆိုင်တဲ့ စည်းစိမ်တွေရဲ့

စာချုပ်စာတမ်းတွေ ပေးဖို့ပါ။

ဒီလိုမှာပြီးမှ လက်ခ်ျမီးခမျာ အသေဖြောင့်ရှာတယ်။

ဒီနောက်ပိုင်းတော့

လက်ခ်ျမီးရဲ့ သမီးလေး နန်ဒီနီဟာ

မိခင်ကို ကူညီခဲ့ဖူးတဲ့ကောင်လေးကို

ရှာပုံတော်ဖွင့်ဖို့ ကြိုးစား ချိန်မှာတော့  . . .

တကယ့်ကို အနုအရွနဲ့ လူငယ်ဆန်တဲ့ကားလေးမို့ လက်မလွတ်တမ်း အားပေးကြပါဦး ခင်ဗျ။

 

0 comments:

Post a Comment