Uri: The Surgical Strike (2018)


Rating : 8.3/10
Country : India 
Genre :   Action, Drama, War 
Cast :    Vicky Kaushal, Paresh Rawal, Mohit Raina
Released Date : 2018
Duration : 2h 18min

 

အညွှန်း



“စစ်သားတစ်ယောက်အတွက်တော့ တိုင်းပြည်ဟာ ဘာသာရေးပြဋ္ဌာန်းချက်ပဲ ဖြစ်တယ် ” ဒါ့ကြောင့် အသက်ပင်သေသေ အရိုးပင် ကျိုးကျိုး ဘာကိုမှ မမှု။ စစ်ဆင်ရေးတစ်ခုမှာ ငါတို့ကျဆုံးရင် သူရဲကောင်းဖြစ်မယ်။ ဒါမှမဟုတ် အိမ်ပြန်နိုင်တဲ့အခါကျရင်တော့ ကြိုဆိုသူတချို့ကို ပြန်ပြုံး နိုင်စေမယ်။ ငါတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ ” အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ ” အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် ။ အထူးတပ်ဖွဲ့မို့လည်း ဗျုဟာ ကျွမ်းလှသည်။ သတ္တိရေးရာမှာ မကြောင်သလို ဉာဏ မှာလည်း မညံ့။ ယောကျ်ား ဘာသား ဟူ၍ တဇွတ်ထိုး ထိုးစစ်မဆင်။ စစ်ချီအား အလုံးအရင်း မသုံး။


သို့သော် တိုးတက်သော နည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။ တိုက်လည်းတိုက်ရဲသလို သေလည်း သေရဲ သော တပ်ဖွဲ့ဖြစ်သည်။ ဤ အထူး တပ်ဖွဲ့ အား ဦးဆောင်သူကတော့ ကပ္ပတိန် ဗီဟန် ။ ဗီဟန် ဟာ ရဲစွမ်း သတ္တိိရှိသူ တစ်ယောက်။ တိုက်ပွဲ အတွေ့အကြုံ အရ လည်း အောင်ပွဲတွေ အလီလီ။ သို့သော် ဗီဟန် ရဲ့ ဒုက္ခကလည်း မသေးလှ ။ အမေဖြစ်သူက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားနေပြီး ယောက်ဖဖြစ်သူမှာလည်း စစ်သွေးကြွေတို့ ခြုံခိုတိုက်ခိုက်မှုဗကြာင့် သေဆုံးခဲ့ရသည်။ ထို စစ်သွေးကြွတို့သည် အိန္ဒိယ နှင့် ပါကစ္စတန် နယ်စပ်ကြား တပ်အား အလစ် ဝင်ပြီး တိုက်ခိုက်ခဲ့ကြသည်။ ထို 2015 အခြင်းအရာသည် 2016 Uri : the surgical strike စစ်ဆင်ရေး ၏ အခြေခံ အကြောင်းတရားဖြစ်လေတော့သည်။


မိမိအမြင် °°°°°°°°° Uri ဆို သည် အိန္ဒိယနိုင်သံတွင်း မြို့ငယ် ဖြစ်ပြီး The surgical strike ဆိုသည်မှာတော့ ဘေးပတ်ဝန်းကျင် အထိခိုက်နည်းစွာ ထိုးစစ်ဆင်ခြင်း (၀ါ) ဦးတည်ချက် သတ်မှတ် တိုက်ခိုက်ခြင်း ဟု နားလည်ရသည်။ Uri သည် ဖြစ်ရပ်မှန် အပေါ် အခြေခံထားပြီး သာမန်စစ်ကားတွေနှင့် အနည်းငယ်ကွဲပြားသည်။ တရစပ် ပစ်နေကျ စစ်မြင်ကွင်းမှ သည် တိကျသေချာသော ထိုးစစ် အဖြစ် ပြောင်းလဲပုံက စစ်ကားကြိုက်သူအဖို့ အားရနိုင်မည်တော့ မဟုတ်။ သို့သော် စစ်လက်နက်များ ဗျုဟာ အခင်အကျင်းများက သေသပ်သည်။ တိုးတက်လာသော နည်းပညာကလည်း စစ်ရေးပညာတွင် အသုံးကျကြောင်း ထင်းလင်းစေသည်။ ဒါရိုက်တာသည် ယခုဇာတ်ကားအား စစ်ကားတစ်ကား အဖြစ်နဲ့ ပဲ မရိုက်ကူးခဲ့ဘဲ အိန္ဒိယပြည်သူတို့ရဲ့ စိတ်ကို ပါ မြင့်တင်ပေးခဲ့သည်။ ပေးဆပ်သူတို့ စိတ်ထားအား စကားလုံးမကြွယ်ဘဲ ရိုးရိုးလေး ရှင်းပြထားသည်။ ဤတွင် မင်းသား ၏ သရုပ်ဆောင်မှုသည် အရေးပါလာသည်။ စစ်သား တစ်ယောက်ကဲ့သို့ လေ့ကျင့်ထားပြီးမှ ရိုက်ကူးထားသည့်အတွက်ကြောင့် ပိုပီပြင်လာသည်။ ရဲရင့်သည် ။ပြတ်သားသည်။ သို့ပင် မိသားစုအတွက် ပိုတွယ်တာသည်။ တစ်နည်းအားဖြင့် သန်မာသော စစ်သားအဖို့ မိသားစုသည် ပျော့ပျောင်းသော နှလုံးသားဖြစ်ခဲ့ရလေသည်။ ထို့ပြင် စစ်မျက်နှာ ၏ မင်းသမီးများသည်လည်း အင်မတန် ကြည့်၍ကောင်းသည်။ တွန့်ဆုတ်ခြင်းမရှိ ။ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ တစ်ဖန် ဇာတ်ကား၏ အောင်မြင်မှုကလည်း ကြီးမားသည် ။ ဝင်ငွေ ရှစ်ဆ ကိုးဆအထိ ပြန်ရရှိပြီး ဝေဖန်ရေးဆရာတို့၏ ချီးမွမ်းခြင်းကို ရခဲ့သည်။ ဤဇာတ်ကားတွင် သမိုင်းကို ပြန်ထုဆစ်ပုံဖော်နိုင်သော အရည်အသွေးရှိသည်။ မျိုးချစ်စိတ်ရှိသည်။ ဒူးမထောက်သည့် ခြေထောက်တို့ရှိသည်။ ဒါ့ထက် ” သွေးကြွေးကို သွေးကြွေးနဲ့ ပြန်ဆပ်ရမယ် ” ဟူသော အသံတို့သည်ကား အသိလှိုင်းအသွင်အဖြစ် တစ်ဖက်ရန်သူဆီသို့ …………။


 

0 comments:

Post a Comment