မျက်ရည်မခိုင်သူများ ကြေကွဲတတ်သူများ ပဝါဆောင်ကြည့်ရမယ် ကြေကွဲစရာ ရှရွတ်ခန်ရဲ့ဇာတ်ကားကောင်း ဇာတ်ကားဟောင်းလေးတစ်ကားပါခင်ဗျာ…
Baazigar (1993) ) သည် IMDb 7.8/10 Google users 84% ဒါရိုက်တာ Abbas Alibhai Burmawalla, Mastan Alibhai Burmawalla က ရိုက်ကူးထား၍ Robin Bhatt, Akash Khurana တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Shah Rukh Khan, Kajol, Dalip Tahil
တို့ ပါဝင်သရုပ်ဆောင်ထားသော Crime, Drama, Musical ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
လူငယ်တစ်ယောက်ဟာ သူ့မိသားစုကို ဖြိုခွဲခဲ့သူကို လက်စားချေဖို့ ပထမဆုံး ထိုသူရဲ့ သမီးကြီးကို သတ်ပြီးတဲ့နောက် သမီးငယ်ကို ထပ်မံချည်းကပ်ချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြည့်ပါခင်ဗျာ…
Baazigar အတွက် ရှာရွတ် ကဆယ်လ်မားန်ကို ကျေးဇူးတင်
=======================
ဖို့လိုမလား???
=======
Baazigar ဆိုတာနဲ့ ရှာရွတ် ကိုဘောလီးဝုဒ် မှာခေါင်းဆောင်မင်းသားနေရာခိုင်မာစေခဲ့ရုံမက ရှာရွတ် ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ထဲက မှတ်တိုင် တစ်ခုအဖြစ် ယနေ့တိုင် အမှတ်ရနေဆဲပါ။
ဘောလီးဝုဒ် ဒါရိုက်တာညီနောင်လို့ခေါ်ကြတဲ့ Abbas- Mustan ဟာ ဒီဇာတ်ညွှန်းကို Anil Kapoor ကိုအရင်ဆုံးပြခဲ့ပေမဲ့ ၊ Anil က ဒီဇာတ်ကောင်ဟာ အရမ်းကို ဗီလိန်ဆန်နေတာကြောင့် သူ့ရဲ့သရုပ်ဆောင် ပုံရိပ်ကိုထိခိုက်စေနိုင်တယ်ဆိုပြီး ၊ငြင်းပယ်ခဲ့ပါတယ် ။Anil Kapoor ဆီက ငြငး်ပယ်မှုကို လက်ခံရရှိပြီးတဲ့နောက် ဒါရိုက်တာညီနောင်ဟာ Salman Khan ဆီကိုသွားခဲ့ပြန်တယ် ။
Salman က ဇာတ်အိမ်ခိုင်မာမှုကိုတော့ အထင်တကြီး သဘောတွေ့ခဲ့ပြီး၊ ခေါင်းဆောင်မင်းသား ဇာတ်ကောင်ရဲ့ အစွန်းရောက်မှုဟာ ဇာတ်အိမ်ရဲ့ပုံရိပ်ကိုကျစေနိုင်တယ် လို့ထင်နေတယ်။ အဲ့တော့ ဒီစူပါစတားက ဇာတ်ညွှန်းကို သူ့ဖေဖေ Salim Khan Ji(တစ်ခေတ်တစ်ခါက ကျော်ကြားလှတဲ့ ဇာတ်ညွှန်းရေးဆရာ) ကို သွားပြတယ် ။ Salim Khan Ji က ခေါင်းဆောင်ဇာတ်ကောင် Ajay Sharma ရဲ့ အမေဇာတ်ကောင်ကို ထပ်ထည့်ဖို့လိုတယ်လို့ ခံစားမိတယ် တဲ့။ Salman ကလဲ သူ့ဖေဖေ အတိုင်းပဲ ခံစားမိလို့ အမေဇာတ်ကောင်နေရာကို ထပ်ဖြည့်ခိုင်းပေမဲ့ ၊ဒါရိုက်တာ ညီနောင်က အဲ့အချိန်တုန်းကတော့ သဘောမတူခဲ့့ဘူး။
နောက်မှ Salman ကို အံအားသင့်စေခဲ့တာကတော့ ဒါရိုက်တာညီနောင်ဟာ ဇာတ်ညွှန်းကိုပြောင်းလဲ ပေါင်းစပ်ရေးခဲ့ပြီး ၊ ရှာရွတ်ဆီကို ရောက်သွားခဲ့ပြီ ဆိုတာပါပဲ ။ ခေါင်းဆောင်မင်းသား ဇာတ်ကောင် Ajay sharma ရဲ့ အမေ ဇာတ်ကောင်ကို ပြောင်းလဲရေးစပ်လိုက်ပုံက အတိတ် ကိုနာကျင်လွန်းလှလို့ ပြန်လည် ဂလဲ့စားခြေရယူတဲ့ အထိရောက်သွားရရှာတဲ့ Ajay Sharma ရဲ့ ခံစားချက်တွေကို ပရိတ်သတ်က ထပ်တူထပ်မျှ စာနာနားလည်ခံစားသွားစေခဲ့တယ် ။ ရှာရွတ်ကလဲ ပီပီပြင်ပြင် သရုပ်ဆောင် နိုင်ခဲ့လေတော့ Baazigar ဟာ Box Office မှာ အကြီးအကျယ် အောင်မြင်သွားခဲ့တယ် ။
ဒီအတွက် Salman ဟာ နာကျင်စေကောင်း နာကျင်စေနိုင်ပေမဲ့ ၂၀၀၇ ခုနှစ် မဂ္ဂဇင်းတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေထားတာကတော့
“ကျနော် Baazigar ကိုငြင်းခဲ့တယ် ။ Abbas – Mustan ကျနော့်ဆီ ဇာတ်ညွှန်းယူလာတုန်းက အမေဇာတ်ကောင်ထည့်ပေးဖို့ ကျနော်က ဖေဖေ့ကိုပြောခိုင်းခဲ့တယ် ။ဒီအမေဇာတ်ကောင်ကပဲ သူ့ကို ဒီလို ဗီလိန်ဇာတ်ရုပ်ဖြစ်စေခဲ့တဲ့ ထောင့်လေ။ သူတို့က သဘောမတူခဲ့ဘူး။ ကျနော် ဒီရုပ်ရှင်ကို ပြန်လှည့်ကြည့်မိတဲ့အခါ သူတို့က ရှာရွတ် ဆီရောက်သွားခဲ့ပြီးဖြစ်တဲ့အပြင် အမေဇာတ်ကောင်ကိုလဲ ထည့်ပေးခဲ့ပြီးပြီ၊ ကျနော် နောင်တမရပါဘူး။ ကံစီမံရာ ပါပဲ ” တဲ့။
” Kabhi kabhi jeet ne kiliye kuch haar naa parta hai! Aur, haar kr jeet ne wale ko Baazigar kahe te hai ”
[တစ်ခါတလေ တစ်စုံတစ်ခုကို အနိုင်ရဖို့ တစ်စုံတစ်ခုကို အရှုံးပေးရလေ့ရှိတယ် ။ ဒီလို အရှုံးပေးပြီးမှ အနိုင်ပြန်ယူတတ်တဲ့ လူကို Baazigar လို့ခေါ်တယ် ”???????]
#Baazigar မှ ရှာရွတ် ဒိုင်ယာလော့ဂ် ❤❤❤
ရှာရွတ်နဲ့ ဆယ်လ်မားန် တို့ရဲ့ Bromance ကို ဂုဏ်ပြုသောအားဖြင့် ❤
ရှာရွတ်ခန် ကိုခေါင်းဆောင်မင်းသားအဖြစ် ဘောလီးဝုဒ် မှာနေရာခိုင်မာစေခဲ့တဲ့ ” Baazigar” ထဲက(title song)အချစ်ရိုမန့်တစ်သီချင်း ” Baazigar” ကိုမှတ်မိကြမယ်ထင်ပါတယ်။အဲဒီသီချင်းရဲ့နောက်ဆုံးအပိုဒ်
???????????????????
srk-“tak tak dhark raha hai yeh dil
(ကိုယ့်ရင်တွေတဒိတ်ဒိတ်ခုန်နေတယ်)
Kaj- bolo naa kya kahe raha hai?
(ပြောလေ။ ဘာတွေပြောချင်နေတာလ?ဲ)
srk- paas aaho bata doon
( ကိုယ့်အနားကိုလာလေ။ ပြောပြမယ်)
Kaj-(Hhmmm) naa baba daar laga raha hai
******
(ဟင်းးးး၊တော်ပါကွယ် ။ကြောက်လွန်းလို့ပါ)
???????????????????
အဲဒီ(ဟင်းးး)ဆိုတဲ့ ကာဂျိုးဆီက ပြင်းပြင်းရှရှသက်ပြင်းရှိုက်သံနဲ့အတူ ရှာရွတ်အနားကခပ်တွန့်တွန့်လေးခွာသွားပုံလေးက သီချင်းစာသားနဲ့တော်တော်လေးလိုက်ဖက်ပြည့်စုံလွန်းလှတယ်နော်။ အဲဒီအခန်းအတွက် ခရတ်ဒစ်ပေးပါဆိုရင် ရှာရွတ်နဲ့အကဆရာမ ” Saroj Khan” ကိုပေးသင့်တယ်လို့ပြောရင် အံ့သြနေမယ်ထင်တယ်။ဖြစ်ပုံက ဒီလို။
အဲဒီအခန်းရဲ့ကကွက်ကို အခုလိုမျိုး ” ဟင်းးး ” ဆိုပြီးသက်ပြင်းရှိုက်သံနဲ့တွန့်ခိုင်းတာကို သဘာဝသရုပ်ဆောင် အော်ပီကျယ် မမကာဂျိုးတစ်ယောက် သေချာနားမလည်ဘူးဖြစ်နေတယ်လေ ။” ဘာကြီးလဲ? ? Unreal. ကြီး “ဆိုပြီး ဂျီကျနေပါရော။ ကာဂျိုးကိုတရားချမရတဲ့အဆုံး အကဆရာမ ” Saroj Khan” တစ်ယောက် ရှာရွတ် ကိုတိုးတိုးလေးကပ်ပြောလိုက်တယ်။ ” ရှာရွတ် ၊ အဲဒီ ‘ ဟင်းးး ‘ နေရာရောက်ရင် Kajol ခါးကိုဆိတ်ဆွဲလိုက်??” တဲ့လေ။ဒါ့ကြောင့် သဘာဝကျကျ ‘ဟင်းးး ‘ကိုရခဲ့တာပါ။???
ကဲ ကျွန်တော်ကတော့ လိုရင်းတိုရှင်းလေးပဲပြောမယ် အဂျေး ဆိုတဲ့ကောင်လေးတစ်ယောက်က သူတို့မိသားစုဘဝကို ဖျက်စီးခဲ့တဲ့လူကို ပြန်လည်ဂလဲ့စားချေတဲ့ကားဖြစ်ပါတယ်
ဒီကားက ကျွန်တော်တို့ရဲ့မင်းသားကြီး
ရှာရွတ်ခန်းကို ပထမဆုံး Filmfare Award ရရှိခဲ့သလို ဒီကားမှာ သူ့ရဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဘောလိီးဝုဒ်မှာ ခေါင်းဆောင်မင်းသားအဖြစ်နေရာခိုင်မာစေခဲ့ပြီး ပရိတ်သတ်တွေလက်ခံအားပေးမှုကိုရလာတာဖြစ်ပါတယ်

0 comments:
Post a Comment