Natsamrat (2016)


Rating : 9.1/10
Country : India 
Genre :   Drama, Family 
Cast :  Nana Patekar, Medha Manjrekar, Mrunmayee Deshpande 
Released Date : 2016
Duration : 2h 46min 


 

အညွှန်း



ကုလားကားကြိုက်သူတွေအတွက် Rating မြင့် ပညာပေးကားကြီးလာပါပြီဗျား…ဘဝဆိုတာ တိုတောင်းပါတယ်။

ဒီတိုတောင်းပါတယ်ဆိုတဲ့ ဘဝထဲမှာပဲ

အချိန်တွေဆိုတာ တိုင်းတာရအတော်ခက်ပါတယ်။

ဘဝတွေမှာ တည်ဆောက်သမျှ အရာရာဟာ ခိုင်မာလာဖို့

အချိန်သာလိုကြောင်း သိရှိခဲ့ပြီးတဲ့နောက်မှာလည်း

အရာရာဟာ ဝေးလွင့််ပျက်ပြယ်ခြင်းအလို့ငှါ

အချိန်ကိုသာပဲ လိုလေကြောင်းလည်း နားလည်ခဲ့ရတယ်။

ဒီဇာတ်လမ်းလေးက တစ်ဘဝလုံးတည်ဆောက်ခဲ့သမျှကို

သားသမီးတွေကို မျက်ကန်းယုံမှတ်ခဲ့လို့….

ထင်ပေါ်ကျော်ကြားခဲ့ပါတဲ့ ပြဇာတ်တို့ရဲ့ဘုရင် ဘဝကနေ

သူတောင်းစားသာသာ ဘဝရောက်သွားခဲ့တဲ့

လူတစ်ယောက်အကြောင်းပါ။ဒီအဖြစ်အပျက်ကလေးက ဟိုးငယ်ငယ်တုန်းက

ကုဋ္ဌေရှစ်ဆယ်သူဋ္ဌေးဘဝကနေ

သူတောင်းစားဖြစ်သွားခဲ့ကောင်လေးလိုပါပဲ။

သို့ပေမဲ့ ဒီလူကတော့ အဖေတစ်ယောက်ပေါ့။

ထပ်ပေါင်းပြောရရင် လူကောင်းတစ်ယောက်ပေါ့။

လူတွေရဲ့ ပေတံတွေမှာ ခင်ဗျားရဲ့ တကယ့်စိတ်က

ဘယ်လိုပဲကောင်းမွန်နေပါစေ….

အပြောအဆို အပြုအမူ ရုပ်ဟန်တွေဟာ

အပေါ်ယံတွေပါဆိုဆိုကြလည်း ဒီလိုအရာတွေနဲ့

လူတွေက ခင်ဗျားကို တိုင်းတာကြမှာပါပဲ။

အဝေးကြီးမတွေးပါနဲ့…ခင်ဗျားရဲ့မိဘ

ခင်ဗျားရဲ့သားသမီး ခင်ဗျားရဲ့ချစ်သူတွေကတောင်

ဒီပေတံနဲ့ပဲ တိုင်းတာကြဦးမှာပါ။

ဒီဇာတ်လမ်းက အဲ့ဒီလိုအတိုင်းတာခံခဲ့ရတဲ့

လူတစ်ယောက်အကြောင်းဆိုလည်း ဟုတ်ပါတယ်။

အဖေတစ်ယောက် အဘိုးတစ်ယောက်ရဲ့ ဆန်ရေတို့

အကြောင်းကို မိဘမဖြစ်ဖူးတဲ့ ကျွန်တော်သိပ်လည်း

မပြောပြတတ်ပါဘူး။ သူ့စိတ်သဘောကို

ကျွန်တော် ခံစားရသလိုရေးချပြရမယ်ဆိုရင်တော့…

” ပေးအပ်ရန် တစ်စုံတစ်ရာမရှိပါကလည်း

မရှိခြင်းကို ပေးအပ်ချင်ပါသေး၏။

ခံယူသူ အလို့ငှါ ဘယ်သို့ဘယ်ပုံ သေးငယ်မည်နည်းကို

ကျွန်တော် မသိတတ်နိုင်ပါ။

ကျွန်တော့်ကမ္ဘာ၏ ဆယ်ဖို့တစ်ဖို့ကိုသာ နေ့ဖို့ညစာ ချန်ခဲ့ပါ၏။”

လို့ပဲ ဆိုရမည်ပေါ့။

ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေကြ မိဘနဲ့သားသမီးကြားက

အရိုးရှင်းဆုံးအဖြစ်အပျက်တွေကိုပဲ…

အနက်ရှိုင်းဆုံး ခံစားချက်တွေနဲ့ ခံစားသက်ဝင်ကြည့်လိုက်ကြပါ။


 

0 comments:

Post a Comment