ဒီကုလားကားကတော့ နာမည်ကြီးသရုပ်ဆောင်တွေမပါသလိုကလေးသရုပ်ဆောင်တွေအဖြစ်ရွေးထားတဲ့ (၂)ယောက်ကလည်း သူတို့ အတွက်ပထမဆုံးဇာတ်ကားဖြစ်ပါသတဲ့…သို့ပေမယ့် သူတို့ဟာ အံသြစရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းတယ်လို့ချီးကျူးခံထားရပါတယ်…
ဒီကားထဲမှာဆိုရင် မန်ချက်ထရီမြို့နယ်မှာ အထင်ကရပြိုင်ပွဲတစ်ခုဖြစ်တဲ့ခိုပျံပြိုင်ပွဲအတွက် ခိုလေးတွေမွေးတဲ့ ညီအကို(၂)ယောက်နဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်..ကျောင်းသားဘဝ ကျောင်းစာတစ်ဖက် နဲ့ ခိုလေးတွေမွေးရင်းကျောင်းပျော်ကြီး တွေ လုပ်ချင်ရာလျောက်လုပ်နေတဲ့ညီအကို(၂)ယောက်ရဲ့ အကြောင်းကို တွေ့ရပါလိမ့်မယ်..ဒီကားက အခြေခံလူတန်းစားရပ်ကွက်တွေမှာဖြစ်တတ်တဲ့သူတွေရဲ့ ဘဝကိုသရုပ်မှန် လှလှပပလေး ပုံဖော်ထားပြီးကလေးတွေရဲ့ စရိုက်လေးတွေ၊ အသင်းအဖွဲ့အားကစားစိတ်ဓတ်လေးတွေ၊ကို ပညာသားပါပါရိုက်ကူးထားတာပါ…မိမိလူနေမှုဘဝ၊ကလေးဘဝက လုပ်ခဲ့တာတွေနဲ့အကြောင်းပေါင်းများစွာတိုက်ဆိုင်နေလို့ ဒီကားကြည့်နေတဲ့အချိန် ခင်ဗျားဟာခပ်ပြုံးပြုံးကြီးဖြစ်နေလိမ့်မယ်..ကိုင်း ကုလားကားကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦး…

0 comments:
Post a Comment