ဇာတ်လမ်းကတော့ ငွေကြေးချမ်းသာတဲ့ဒုစရိုက်သမားတွေက လာဘ်စားတဲ့ရဲတွေနဲ့ပေါင်းပြီးဥပဒေကိုဂရုမစိုက် ထင်တိုင်းကြဲနေကြပါတယ်ဒါကိုမခံနိုင်တဲ့ သမာသမတ်ကျတဲ့ရဲတစ်ယောက်ကသူတို့ကိုဆန့်ကျင်ဖို့ကြိုးစားတဲ့အခါမှာတော့.....
အဲဒီရဲကို လာဘ်စားတယ်ဆိုပြီးလုပ်ကြံအမှုဆင်ကာ ထောင်ချဖို့ကြိုးစားပါတော့တယ်။
ဘယ်လိုမှဖြေရှင်းလို့မရတော့တဲ့ အဆုံးမှာတော့လုပ်ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင်ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်သုံးနှစ်ကြာပြီးနောက်မှာ အဲဒီရဲရဲ့မိန်းမပြန်အစဖော်တဲ့အတွက်ကြောင့်နောက်တစ်ခါဒီအမှုကို ပြန်စစ်ဖို့တာဝန်ကျတဲ့သူကတော့ရဲအရာရှိ ဘာဂျီရိုဆင်းဂမ် ပဲဖြစ်ပါတယ်…
ဆင်းဂမ်ဟာ သတ်သေသွားတဲ့ရဲအရာရှိဟောင်းရဲ့ရုံးခန်းမှာထိုင်ပြီး ဒီဒုစရိုက်သမားတွေရဲ့ နည်းမျိုးစုံခြိမ်းခြောက်ဒုက္ခပေးတဲ့ကြားကဘယ်လိုပြန်ပြီး အပြစ်ပေးနိုင်အောင်လုပ်သွားမလဲကိုတော့ဇာတ်ကားထဲမှာဆက်ကြည့်သွားကြပါလို့....

0 comments:
Post a Comment