Billa 2 (2012)


Rating : 6.2/10
Country : India 
Genre :   Action, Crime, Thriller 
Cast :  Ajith Kumar, Parvathy Omanakuttan, Bruna Abdullah 
Released Date : 2012
Duration : 2h 29min

 

အညွှန်း



ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် ကြမ်းကြမ်းရမ်းရမ်း ဘောလိဝုဒ်ဂန်းစတားကား တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ. . ခင်ဗျ. . .


ဇာတ်လမ်းအစမှာ


လက်ရဲဇက်ရဲနဲ ့


ခပ်ဆိုးဆိုးခပ်ပေပေစရိုက်နဲ့


လူတစ်ယောက် သူနေထိုင်ရာ သီရိလင်္ကာကျွန်းလေးကနေ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးပြီး တမီးလ်နာဒူးပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကိုရောက်လာတာက စပါတယ်. . .


သူ့နာမည်က ဘီလာ. . .ဒေးဗစ်ဘီလာ. . .


စရိုက်ကြမ်းသူပီပီ


ကြမ်းတမ်းတဲ့ ဘဝကို ဒုက္ခသည်စခန်းမှာကျော်ဖြတ်ရင်းနဲ့ တဖြည်းဖြည်းနဲ့. စိန်ရိုင်းတုံးတွေ မှောင်ခိုသွင်းတဲ့ မှောင်ခိုသမားတစ်ယောက်နဲ့ ချိတ်မိရာကနေ. . .ဒုစရိုက်လောကထဲကို ရောက်လာရင်း. . .


သူကိုယ်တိုင် ပါဝါရှိတဲ့ ဂန်းစတားတစ်ယောက်ဖြစ်လာတယ်. . .


သူ့ရဲ့ ဇနဲ့ လုပ်ရည်ကိုင်ရည်ကြောင့် ူဂိုအာမှာ ရှိတဲ့ စူပါဂန်းစတား အာဘတ်စီနဲ့ မိတ်ဆွေဖြစ်လာပြီး. . .စိန်မှောင်ခိုကနေ ဘိန်းဖြူမှောင်ခိုအထိ လုပ်ကိုင်လာခဲ့တယ်. . .


အာဘတ်စီက တကယ့်ကို လက်တံရှည်တဲ့ စူပါဂန်းသမားဖြစ်တာကြောင့် ဟိုး ဂျော်ဂျီယာမှာ ရှိတဲ့ အင်တာနေရှင်နယ် ဂန်းစတား ဒီမီထရီနဲ့ ချိတ်ဆက်ပြီး အိန္ဒိယပြည်ထဲအထိ လက်နက်မှောင်ခိုသွင်းတဲ့သူဖြစ်တယ်. . .


ဘီလာဟာ အာဘတ်စီ့ထံမှာ သစ္စာရှိရှိ အလုပ်လုပ်နေတာဖြစ်ပေမယ့်


သူ့ကို အမြင်မကြည်တဲ့ ဂိုဏ်သားတွေနဲ့ ရွေးကောက်ပွဲအနိုင်ရ ဝန်ကြီးချုပ်လောင်းကြောင့် အာဘတ်စီနဲ့ သွေးကွဲပြီး


ကိုယ်ပိုင်ဂိုဏ်းထောင်မယ်ဆိုတဲ့ စကားကြောင့် အာဘတ်စီရဲ့ လုပ်ကြံသတ်ဖြတ်ဖို ့ ကြံစည်ခြင်းခံရတဲ့အထိ ဖြစ်လာခဲ့ပါတယ်. . .


ဒီကားက အချစ်မပါတဲ့ အက်ရှင်ကား. . .ဂန်းစတားကားစစ်စစ်ဖြစ်ပြီး


သတ်တဲ့ဖြတ်တဲ့အခန်းတွေမှာ စတန့်တွေ အများကြီးသုံးမထားပဲ တကယ့်အပြင်မှာ ဖြစ်နေသလို ရိုက်ပြထားတဲ့ သဘာဝကျတဲ့ကားဖြစ်ပါတယ်. . .


ဂန်းစတားတွေရဲ့ နိုင်တဲ့လူက မင်းလုပ်. . .ပါဝါရှိတဲ့သူက အုပ်ချုပ်ဆိုတဲ့ စရိုက်တွေကို ကွက်ကွက်ကွင်းကွင်းနဲ့ မြင်တွေ့ရမယ့်ကား တစ်ကား ဖြစ်ပါတယ်


အဓိက ဇာတ်ကောင် ဒေးဗစ်ဘီလာအဖြစ် မင်းသားကြီး. . .Ajith Kumar


စူပါဂန်းစတား အာဘတ်စီအဖြစ် မင်းသားကြီး


နဲ့ Sudhanshu Pandey


အင်တာနေရှင်နယ် ဂန်းစတားကြီး အဖြစ်. . .


မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ မင်းသား Vidyut Jamwalတို့ ပါဝင်ထားတာဖြစ်ပါတယ်


အားပေးကြပါဦး ခင်ဗျာ 


 

0 comments:

Post a Comment