Stowaway (2021)


 

Rating : 5.5/10
Country : United State
Genre : Drama, Sci-Fi, Thriller 
Cast : Anna Kendrick, Daniel Dae Kim, Shamier Anderson
Released Date : 2021
Duration : 1h 56min

အညွှန်း
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို ကြည့်ကြတဲ့အခါအာကာသယာဉ်ပျံကြီးစီးပြီး တစ်ခြားဂြိုလ်တွေကို သွားရောက်လည်ပတ်‌လိုတဲ့ဆန္ဒလေးတော့ လူတိုင်းလိုလို ဖြစ်ဖူးကြမှာပါပဲ။

ဒါပေမဲ့ အာကာသထဲမှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ စိန်ခေါ်မှုတွေကိုတော့ လူတိုင်းမတွေးမိနိုင်ပါဘူး။

ဒီဇာတ်ကားလေးထဲမှာတော့ Marsဂြိုလ်ပေါ်မှာ သက်ရှိတွေရှင်သန်နိုင်မှုရှိမရှိ စမ်းသပ်မှုပြုလုပ်ကြမယ့် Davidနဲ့ ဆေးသိပ္ပံပညာရှင်မလေး ဒေါက်တာZoeတို့ဟာ ဝါရင့်အာကာသယာဉ်မှူး Barnettနဲ့အတူ ထွက်ခွာလာကြပါတယ်။

သူတို့အားလုံးကတော့ ကမ္ဘာကြီးကိုအကျိုးပြုနိုင်ဖို့ စိတ်ကူးကိုယ်စီနဲ့ ပျော်ရွှင်နေကြတာပေါ့။ ဒါပေမဲ့ ကမ္ဘာမြေပေါ်ကထွက်ခွာပြီး နာရီပိုင်းအကြာမှာ ယာဉ်ပေါ်မှာ Michaelလို့ခေါ်တဲ့ မမျှော်လင့်ထား မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက် ရုတ်တရက်ပေါ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ။ Michaelကရော ဘယ်လိုကံဆိုးမှုတွေကို သယ်ဆောင်လာဦးမလဲ။

အာကာသထဲမှာ အသက်ရှူဖို့လေကအစ အကုန်လုံးတွက်ချက်ပြီးထည့်ထားတဲ့‌ယာဉ်ပျံထဲမှာ လူတစ်ယောက်ပိုလာခြင်းဟာ သူတို့ကိုဘယ်လိုအကြပ်ရိုက်စေမလဲ။ လူတစ်ယောက်ရဲ့ရှင်သန်မှုက အခြားလူတွေအားလုံးရဲ့အသက်ကို အသက်ရှူနေတဲ့စက္ကန့်နဲ့အမျှ ခြိမ်းခြောက်နေတဲ့အခါ သူတို့ဘယ်လိုရွေးချယ်မှုတွေကို လုပ်ကြမလဲ။

သူတို့အိပ်မက်တွေကို စတင်ကြမယ့် Marsဂြိုလ်ပေါ်ကို Zoe နဲ့ Davidတို့ အရောက်သွားနိုင်ပါ့မလားဆိုတာကို ဒီ Stowaway 2021ဆိုတဲ့ရုပ်ရှင်လေးမှာ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါ။

0 comments:

Post a Comment