Rating : 6.8/10
Country : India
Genre : Action, Drama
Cast : Joseph Vijay, Keerthy Suresh, Varalaxmi Sarathkumar
Released Date : 2018
Duration : 2h 43min
အညွှန်း
"မင်္ဂလာပါ ကိုယ့်လူတို့
မစ္စတာ ဆွန်ဒါ ရာမဆွာမီရဲ့ အကြောင်း သိတဲ့သူ
ဘယ်နှယောက် ရှိလဲ "
"သူက ထိပ်သီကုမ္ပဏီ GL ရဲ့ CEO ပါ"
"သူက အမေရိကမှာနေတဲ့ တမေးလ်လူမျိုးပါ"
"သူက ဒေါ်လာသန်းပေါင်းများစွာ လစာရသူပါ"
"ဒီအပြင် သူဟာ ပြိုင်ဘက်ကုမ္ပဏီတိုင်းကို ဖြိုခွင်းတတ်တယ်
သူကို ကုမ္ပဏီတော်တော်များများ ဖိမ့်ဖိမ့်တုန် ကြောက်ကြရတယ်"
ခု သူ အိန္ဒိယကို ပြန်လာတာ ဘာအတွက်လဲ?
အရင်လို ကုမ္ပဏီတချို့ကို ဖြိုခွင်းခဲ့ဦးမှာလား?
"ယုံတောင်မယုံနိုင်ပါဘူးဗျာ
သူ အိန္ဒိယကို လေယာဉ်စင်းလုံးငှားပြီး ဘော်ဒီဂတ်တွေနဲ့
ပြန်လာတာ သူပြည်နယ်ရွေးကောက်ပွဲမှာ
မဲပေးဖို့ အတွက် သီးသန့်ပဲတဲ့။
သူမဲပေးပြီး ညနေ မိသားစုနဲ့ ထမင်းလက်ဆုံစား၊
ပြီးရင် အမေရိကကို ပြန်မှာပါတဲ့"
ဒီလိုနဲ့ အမေရိကမှာနေတဲ့ တမေလ်နာဒူပြည်နယ်ဂုဏ်ဆောင်
မစ္စတာ ဆွန်ဒါရာမဆွာမီဟာ မဲရုံဆီ သွားပြီး မဲပေးခဲ့ရမှာတော့
သူ့အမည်နဲ့ မဲက ပေးပြီးသား ဖြစ်နေခဲ့တာပါ။
သူတပါးကြောတာကို မခံချင်တဲ့ ဆွန်ဒါရာမဆွာမီဟာ
ငွေကုန်ကြေးကျ ခံပြီး မဲပေးဖို့ အဝေးကြီးက လာခဲ့ရတော့ သူ့မဲပေးခွင့်ကို ပြန်လည်တောင်းခံပါတော့မယ်။
မဲပေးချိန်ကုန်လို့ မဲရုံသိမ်းသွားရင်
သူ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတဲ့သူတွေကို
သူ ပညာပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်တွေနဲ့
မဲပေးခွင့် ပြန်လည်တောင်းခံခဲ့ရာမှာတော့ .....
သူနဲ့အတူ မဲပေးခွင့်မရလိုက်တာ ဘယ်သူတွေ ရှိဦးမလဲ၊
မဲပေးခွင့်ကို ဘယ်လိုတောင်းခံမလဲ၊
ရွေးကောက်ပွဲဥပဒေကို ဘယ်လို ကျွမ်းကျင်စွာသုံးမလဲ စတဲ့ စိတ်ဝင်းစားစရာတွေနဲ့အတူ
ဒီမိုကရေစီဆိုပြီး ကြွေးကြော်နေတဲ့ ပါတီတွေက
ဒီမိုကရေစီကို မှေးမှိန်အောင် လုပ်နေကြတဲ့လူတွေ၊
မဲတစ်ပြားကို အလွဲသုံးစား တန်ဖိုးမထားတတ်တဲ့
အထက်လူကြီးတွေ၊
သူတို့တွေနဲ့ ရင်ဆိုင်ရာမှာတော့....

0 comments:
Post a Comment