Home Sweet Home (2021)


 

 

Rating : 5.5/10
Country : China
Genre : Drama, Mystery, Thriller
Released Date : 2021
Duration : 1h 50min

အညွှန်း
ရှင်ဟီးမူလတန်းကျောင်းရဲ့ ဘတ်စ်ကားလေး တစီး လမ်းဘေးမှာခဏရပ်ထားတုန်း ကုန်တင်ကားက တိုက်မိပြီး ချောက်ထဲပြုတ်ကျသွားခဲ့တယ် ။ ကားထဲမှာ ပါတဲ့ကလေးတွေအားလုံးနီးပါးသေသွားကြပြီး အပြင်မှာရောက်နေတဲ့ကားဆရာက ရှင်ကျန်ခဲ့တဲ့ ကလေးတစ်ယောက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်။ သူ့နာမည်က ဝမ်ချုံကျီး.. ကားမတော်တဆကြီးဖြစ်ပြီး ကလေးတွေသေဆုံးသွားတဲ့ကိစ္စမှာ မ်ိဘတွေအားလုံးက ကားဆရာ ယွင်ခွမ်းချောင်ရဲ့ကားလမ်းဘေးမှာရပ်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ စွပ်စွဲကြတယ်။ သူကိုယ်တိုင်လည်း ကားမတော်တဆဖြစ်မှုမှာ ခေါင်းထိခိုက်ဒဏ်ရာရလို့ ကားကြီးချောက်ထပြုတ်ကျသွားတာကလွဲရင် ကျန်တာမမှတ်မိခဲ့ဘူး။ သူ့ကြောင့် ကလေးတွေသေဆုံးသွားခဲ့တာကြောင့် မိဘတွေ သူ့ကိုတရားစွဲဆိုပြီး အသက်အန္တရယ်လာပြုမှာကို ကြောက်လန့်နေခဲ့မိတယ်.. ဒါပေမယ့် သူကယ်ပေးခဲ့တဲ့ ဝမ်ချုံကျီးဆိုတဲ့ကလေးရဲ့ အဖေ သူဌေးကြီးဝမ်ကတော့ သူ့ကို ဒီလိုထိတ်လန့်စရာကိစ္စတွေကနေ ပုန်းရှောင်နေနိုင်ဖို့အတွက် အိမ်ထဲမှာ လျို့ဝှက်စွာနေခွင့်ပြုခဲ့တယ် ။ ဒါပေမယ့် မစ္စတာဝမ်တို့အိမ်သားတွေက တခြားမိသားစုနဲ့မတူပဲ ထူးဆန်းနေတယ်။ တခါတလေ အိမ်ထဲကို လူတွေရောက်လာပြီး သရဲတကောင်ကိန်းအောင်းသလိုခံစားစေရတယ်။ မစ္စတာဝမ်ရဲ့ဇနီး ကလေးနှစ်ယောက်ရဲ့ မိခင်ကလည်း အပြုအမူတွေထူးဆန်းနေတယ်။ ဒီလိုနဲ့ ခွမ်းချောင်တယောက် အဲ့အိမ်မှာ ပုန်းခိုနေတာ၃နှစ်ကြာသွားတော့ အရင်ကအဖြစ်အပျက်တွေကို နည်းနည်းစီမှတ်မိလာခဲ့တယ်။ မစ္စတာဝမ်ရဲ့ သား ချုံကျီးဟာ ချုံကျီးအစစ်မဟုတ်နေခဲ့ဘူး။ သမီးကြီး ချုံထုံးကလည်း သမီးအရင်းမဟုတ်နေပြန်ဘူး။ သူတို့ရဲ့အမေ မစ္စတာဝမ်ရဲ့ ဇနီးကလည်း ကလေးတွေရဲ့အမေရင်းမဟုတ်နေပြန်ဘူး။ ကြာလာတာနဲ့အမျှ ဒီအိမ်ကြီးရဲ့အတွင်းရေးကိစ္စတွေက ပိုရှုပ်ထွေးလာခဲ့တယ်။ လွန်ခဲ့တဲ့၃နှစ်တုန်းက ကားမတော်တဆမှုက တကယ်ပဲ ကားမတော်တဆမှုလား။ မစ္စတာဝမ်ရဲ့သားအရင်းကရော ဘယ်ရောက်နေလဲ။ မစ္စတာဝမ်ရဲ့ဇနီးကရော ဘာလျို့ဝှက်ချက်တွေရှိလဲ။ အဆုံးမှာတော့ ဒီကားမ​တော်တဆမှုက တကယ်ပဲ လွန်ခဲ့တဲ့၃နှစ်မှာဖြစ်ပျက်ခဲ့တာရောဟုတ်ရဲ့လား။ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်ကကြိုးကိုင်သူကရော ဘယ်သူဖြစ်မလဲ ။ ခွမ်းချောင်တယောက်ရော အားလုံးကိုမှတ်မိသွားချိန်မှာ ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကိုတော့ ဒီ home sweet homeကားလေးကို ဆက်လက်ကြည့်ရှုလိုက်ပါအုံး

0 comments:

Post a Comment