Behemoth (2020)

 


 

Rating : 4.8/10
Country : United State
Genre : Horror
Released Date : 2020
Duration : 1h 28min

အညွှန်း

ဇာတ်လမ်းကြည့်ရင်း ဇာတ်လမ်းထဲက ပဟေဠိတွေကိုပါ လိုက်ပြီးစဉ်းစားမိစေမယ့် ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။

ဂျော့ရှ်က ဒီပွိုင်းဆိုတဲ့ဓာတုလုပ်ငန်းတစ်ခုမှာ ၁၀ နှစ်ကြာအလုပ်လုပ်ခဲ့တဲ့သူတစ်ယောက်။
သူ့သမီးလေး အပြင်းအထန်နေမကောင်းဖြစ်တဲ့အခါမှာတော့ သူ့အလုပ်က ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို လျစ်လျူရှုခဲ့လို့
ဒီလိုဖြစ်တာဆိုပြီး ကုမ္ပဏီကို ဆန္ဒပြ၊ တရားစွဲဖို့လုပ်ပါတော့တယ်။ သူ့သူဌေးဟောင်း ဒေါက်တာဝိုးလန်းရှိရာကို သူ့သူငယ်ချင်းအတွဲနဲ့
သွားပြီးဆန္ဒပြရင်း ကတောက်ကဆဖြစ်ရာကနေ အခြေအနေတွေ ရှုပ်ထွေးကုန်ပြီးနောက်တော့ သူတို့ ၃ ယောက်ဟာ
ဒေါက်တာဝိုးလန်းကို ဓားစာခံလုပ်ပြီးခေါ်လာခဲ့ရပါတော့တယ်။

ဂျော့ရှ်တစ်ယောက် သူ့သမီးအဆိပ်သင့်နေတာ ဘယ်လိုအဆိပ်မျိုးလဲဆိုတဲ့ အဖြေကို
ဒေါက်တာဝိုးလန်းဆီကနေသိရဖို့ ကြိုးစားပါတော့တယ်။ ဂျော့ရှ်တစ်ယောက် သူသိချင်နေတဲ့အဖြေတွေ သိသွားရမှာလား၊
ဘယ်လိုမြှုပ်ကွက်တွေက ဇာတ်လမ်းကိုဆွဲဆောင်သွားဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်ကြပါဦး။

 

0 comments:

Post a Comment