Jalebi (2018)


Rating : 6.1/10
Country : India 
Genre :   Drama, Romance
Cast :   Rhea Chakraborty, Varun Mitra, Digangana Suryavanshi 
Released Date : 2018
Duration : 1h 52min

 

အညွှန်း



အေရှာ ဟာ သက်လတ်ပိုင်း အရွယ် လှပသော မိန်းမ တစ်ဦးဖြစ်ပြီးဘတ်ဆဲလ်လား စာရေးဆရာမ တစ်ဦးလဲ ဖြစ်နေပြန်ပါတယ်တစ်ရက်မှာတော့ သူ့ မင်္ဂလာဆောင် မယ့် ရက်မှာမင်္ဂလာပွဲ ကို ဖျက်ပစ်ခဲ့ပါတယ်…အကြောင်းအရင်းကတော့ သူ ချစ်တဲ့

လူတစ်ဦးကို မမေ့နိုင်သေးလို့ ပဲ ဖြစ်ပါတယ်…ကိုယ့်ကို ကိုယ် သတ်သေဖို့လဲ အကြိမ်ကြိမ်ကြိုးစားခဲ့သလိုလောကကြီးဟာ သူမ အတွက် ဘာမှ အဓိပ္ပါယ်မရှိတော့ဘူးလို့ထင်နေရတဲ့ အခြေအနေ ဖြစ်နေပါပြီ…နောက်ဆုံး ဖခင် ဖြစ်သူ ရဲ့ ချော့မော့ ဖျောင်းဖျမှုကြောင့်ခရီးတစ်ခုကို ထွက်ဖို့ စီစဉ်ပါတော့တယ်…ထိုခရီး မစခင်မှာတော့ သူမ ရဲ့ ပရိတ်သက်တွေအတွက်ဒေလီမြို့ကို သွားပြီး စာတမ်းဖတ်ပွဲ လုပ်ပေးရမှာဖြစ်ပါတယ်အခက်ခဲဆုံးကတော့ သူမ ရဲ့ အချစ်ရဆုံးက အဲ့ဒီမြို့မှာရှိနေတာပါပဲရ နှစ် တိတိ အေရှာ တစ်ယောက် စောင့်ခဲ့ပြီးနောက်အရာအားလုံးဟာ သူမ အတွက် မှောင် အတိပါပဲ ဘာမှပိုမထူးလာတော့ပါဘူးဒီလိုနဲ့ ဒေလီကို ၄ ယောက်ခုံ ကို တစ်ယောက်ထဲ ဝယ်ပြီး ခရီးစထွက်ပါတော့တယ်ဖြစ်ချင်တော့ မင်္ဂလာဦးကြင်စ ဇနီးမောင်နှံ နဲ့ မိဘတွေ လက်မှတ်မရတဲ့ အတွက်အေရှာ ရဲ့ ခုံတွေကို အကူအညီတောင်းရာ အလွယ်တကူပဲ တစ်ခြားနေရာကိုပြောင်းပေးလိုက်ပါတယ်…အဲ့ဒီနေရာမှာတော့ မိန်းမငယ်လေး တစ်ဦး နဲ့ ထိုမိန်းမငယ်လေးတို့ရဲ့သမီးဖြစ်သူတို့ ရှိနေခဲ့ပါတယ်…လမ်းတစ်လျှောက်မှာ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့ အေရှာအတွက်တော့ကလေး နဲ့ ကလေး အမေရဲ့ ပေါက်ပေါက်ဖောက်မှုက အဆင်မပြေပါဘူး…နောက်ပိုင်းမှာတော့ စကားပြောရင်း ထိုအမျိုးသမီး သည်သူအချစ်ရဆုံးသော သူရဲ့ အိမ်မှာ နေတာကို သိသွားခဲ့ပြီးနောက်အေရှာ ဘဝ ရဲ့ အဖြေတစ်ချို့ကို ရှာတွေ့ခဲ့သော အခါ…ဇတ်လမ်းလေးဟာ ရိုးရိုးအေးအေးလေးနဲ့နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်တဲ့ ရုပ်ရှင်မျိုးဖြစ်ပြီးဇတ်လမ်းအစကနေ ဇတ်လမ်းအဆုံးထိ ရထားပေါ်မှာပဲစပြီး ရထားပေါ်မှာပဲ ပြီးခဲ့ပါတယ်…ရထားပေါ်မှာမို့ ပျင်းစရာကြီးထင်ရင် သင်မှားပါလိမ့်မယ်..သင့်ဘဝ ရဲ့ မကြည့်ရသေးခင် မသေသင့်သောရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ် 


 

0 comments:

Post a Comment