Bang Baaja Baaraat (2010)


Rating : 7.2/10
Country : India 
Genre :   Comedy, Drama, Romance
Cast :   Ranveer Singh, Anushka Sharma, Ranjit Batra
Released Date : 2010
Duration :   2h 19min

အညွှန်း



ရှရူတီကတ်ကာ (အနူရှကာရှာမား) ဟာ အနာဂတ်ဦးတည်ချက်ကြီးမားပြီး မင်္ဂလာဆောင်ပွဲစီစဉ်သူလောကကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်ပါ။

သူဟာ အပျော်အပါးမက် ရည်မှန်းချက် မရှိပေါ့ဆဆ ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဘစ်တူးရှာမား( ရန်ဘီးဆင်း) နဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ

မတော်တဆတွေ့ဆုံခဲ့ပြီး သူ့ရဲ့ အိမ်မက် မင်္ဂလာဆောင်စီစဉ်သူ စီးပွားရေးကို တွဲလုပ်ဖို့ဖြစ်လာခဲ့တယ်။ သူတို့ နှစ်ဦးသဘောတူညီထားတာကတော့

စီးပွားရေး တစ်ခုတွဲလုပ်တဲ့အခါ ခံစားချက်တွေ ပါလို့မဖြစ်ဘူး ဒီတော့ ဘယ်တော့မှ လုပ်ငန်းဖော်ဆိုတဲ့ စည်းကို မကျော်ရဘူးဆိုပြီးတော့ပါ။


အချိန်တွေကြာလာ သံယောဇဉ်တွေ ရင့်သန်လာတဲ့ နောက် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ သူတို့ သဘောတူညီချက်ကို

လိုက်နာနိုင်ပါဦးမလား ဘယ်သူကစပြီးတော့ ဖောက်ဖျက် ဘယ်သူကရှောင်ထွက်မှာလဲ ?


Band Baaja Baaraat ဟာ ၂၀၁၀ တုန်းက ထွက်ရှိခဲ့ပြီး လက်ရှိ ဘောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားစာရင်းဝင် ရန်ဗီးဆင်းရဲ့ ပထမဆုံးဇာတ်ကားပါ။ အဲ့ဒီတုန်းက

၀ါရင့် မင်းသား မင်းသမီးတွေရဲ့ ဇာတ်ကားတွေကို ကျော်တက်ပြီး တစ်နှစ်တာအတွက်ဆုအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်အဖြစ်လဲ စာရင်းဝင်ထားပါတယ်။

အရင် ဘောလိဝုဒ်ကားတွေမှာ တွေ့ရခဲတဲ့ တင်ပြပုံရိုက်ချက်တွေနဲ့ လက်ရှိ ကျွန်တော်တို့မြင်နေရတဲ့ ဘောလိဝုဒ်ရေစီးကြောင်းအပြောင်းအလဲကို စတင်ခဲ့တဲ့

ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။

 

0 comments:

Post a Comment