16 Episdoes
Rating : 7.8/10
Country : South Korean
Genre : Romance,School,Youth,Melodrama
Cast : Yoon Chan Young,Park Shi Eun
အခုတွေ့ အခုကြိုက် တော်ကြာနေ
ကလေးတယောက်ရမှ တကယ်ချစ်တဲ့သူကိုတွေ့
ဒါနဲ့ပဲ ကွဲကြကွာကြ နောက်အိမ်ထောင်ပြုကြနဲ့
ပျက်ယွင်းလာတဲ့လူနေမှုအခြေအနေ တွေနဲ့
အချစ်တွေဟာလဲ အပေါစားဆန်လာတယ်...
ဟိုလူကလဲ မုဆိုးဖို ဒီတယောက်ကလဲ မုဆိုးမ
လူယုတ်မာတစ်စုကြောင့် Single Momတွေ လဲ
မှိုလိုပေါက်သလို ပေါများလာကြတယ်
အခုတင်ဆက်ပေးမယ့်ကားလေးကတော့
အိမ်ထောင်တစ်ခုကွဲရင် ကွာရင် ကလေးတွေက
ဘယ်လောက်တောင်ထိခိုက်သွားနိုင်လဲဆိုတာကို
မီးမောင်းထိုးပြထားသလိုပါပဲ လူကြီးတွေထက်
ကလေးတွေက စိတ်ဒဏ်ရာပိုရကျပါတယ်
My Dramalist မှာ 8.1ထိတောင်ရရှိထားပြီး
30min စာ 4ပိုင်းပဲပါရှိတဲ့ကားလေးပါ
သရုပ်ဆောင်များကတော့ Still 17( ၁ရနှစ်အရွယ် )
ကားထဲက ကလေးသရုပ်ဆောင်များဖြစ်ကြတဲ့
မင်းသမီးလေး Park Shi Eun နဲ့
မင်းသား Yoon Chan Youngတို့အတူ
ပြန်လည်ပါဝင်ထားကြပါတယ်
>>> ဇာတ်လမ်းအကျဉ်း <<<
အန်ဆိုးယွန် နဲ့ ဂိုမင်ဂျေး ဟာ တယောက်နဲ့တယောက်
သဘောကျနေမယ့် ရှေ့လဲမတိုးကြတဲ့ မျက်လုံးခြင်း
စကားပြောနေကြတဲ့ ကျောင်းနေဘက်တွေပါ
- ဂိုမင်ဂျေးဟာ စကားလဲအများကြီးမပြောတတ်ဘဲ
သိုသိုသိပ်သိပ်နေတတတ်တဲ့ကောင်လေးတယောက်ပါ
အတန်းထဲမှာ စာတော်တဲ့သူတယောက်ပါ
ဂိုမင်ဂျေးရဲ့အဖေဖြစ်သူဟာ တခြားမြို့အလုပ်သွားလုပ်ပြီး
တစ်ခါတစ်လေ မှပြန်လာတတ်သူပါ
အဖေမရှိတုန်း ခြေလှမ်းတွေပျက်လာတဲ့အမေဖြစ်သူကို
ဖောက်ပြန်နေတယ်လို့ သူသံသယရှိလာခဲ့ပါတော့တယ်
- အန်ဆိုးယွန်ရဲ့ မိဘနှစ်ပါးကတော့ လွန်ခဲ့တဲ့ ၂နှစ်ထဲက
ကွာရှင်းခဲ့ပါတယ် အဖေဖြစ်သူကဖောက်ပြန်ပြီး
သူမရဲ့အမေဖြစ်သူကို ထားခဲ့တယ်
'' အခုအမေတို့နှစ်ယောက်ပဲရှိတော့တယ် သမီးလေးကို
အမေပိုချစ်ပြီး ပိုဂရုစိုက်ပေးမယ်တဲ့ ''
ဒါသူ့အမေ အိမ်ထောင်ကွဲတော့ပြောတဲ့စကား
ဒါပေမယ့်သူ့အမေဟာ သူ့ရဲ့အသဲကွဲ ဝေဒနာကို
ဖြည့်စည်းဖို့အတွက် ယောကျာ်းတွေထည်လဲတွဲလာတယ်
အိမ်ကိုယောကျာ်းတွေခေါ်လာတယ်
အဲ့ယောကျာ်းတွေကလဲ အိမ်ကသမီးပျူ ိလေးကို
ထိကပါးရိကပါးလုပ်ချင်လာကြတယ်.....
ခံစားချက်ခြင်းတူတဲ့ဂိုမင်ဂျေးနဲ့ အန်ဆိုးယွန်တို့
အမှတ်မထင်ဆုံမိရာကနေ
ဘာတွေဆက်ဖြစ်လာမယ်ဆိုတာတော့...

0 comments:
Post a Comment