Synonyms (2019)

Rating : 6.5/10
Country : United State
Genre :  Comedy, Drama 
Cast : Tom Mercier, Quentin Dolmaire, Louise Chevillotte
Released Date : 2019
Duration : 2h 3min

IMDB rating ( 6.6/10 ) ရရှိထားတဲ့ ဒါရိုက်တာ Nadav Lapid ရဲ့Synonyms ဟာ ပုံမာန် မြင်တွေ့နေကျ ဇာတ်ကားတွေနဲ့ မတူပဲတစ်မူထူးခြားပြီး ကွဲထွက်နေပါတယ် ။မင်းသားအသစ်တစ်ယောက်ဖြစ်တဲ့ Tom Mercier ကအစ္စရေးကနေ ပြင်သစ်ကို ထွက်ပြေးလာတဲ့ Yoav ( ယိုအက်ဗ် ) အဖြစ် သရုပ်ဆောင်ထားပါတယ် ။
Quentin Dolmaire နဲ့ Louise Chevillotte ကလည်း ပဲရစ်ကယိုအက်ဗ်ကို ကူညီပေးတဲ့ စုံတွဲအဖြစ် ပါဝင်ထားပါတယ် ။ပုံမှန် မြင်တွေ့နေကျ ဇာတ်ကားမျိုးမဟုတ်ပဲ ရှုထောင့်အသစ်တွေကနေခံစားကြည့်ရှုရမယ့် Drama ကားလေးတစ်ကားပါသူ့နိုင်ငံ ၊ သူ့ရဲ့ ဘဝဟောင်းကနေ ထွက်ပြေးပြီးပြင်သစ်ကို မျှော်လင့်ချက်တွေ အပြည့်နဲ့ ရောက်လာခဲ့တဲ့ ယိုအက်ဗ် ။သူ ပဲရစ်ကို ရောက်ရောက်ချင်းမှာ သူပိုင်ဆိုင်သမျှပစ္စည်းတွေ အခိုးခံခဲ့ရပြီးကိုယ်လုံးတီးနဲ့ ဒုက္ခရောက်နေရာကနေ ကယ်တင်ရှင် စုံတွဲတစ်တွဲနဲ့ တွေ့ခဲ့ရတယ် ။အဲ့ဒီ စုံတွဲနဲ့ ယိုအက်ဗ်တို့ကြား ဖြစ်လာတဲ့ သံယောဇဥ်တွေ .. ။ယိုအက်ဗ်တစ်ယောက် ပြင်သစ်မှာ ဘာတွေ ဆက်ပြီးကြုံတွေ့ရဦးမလဲ ..ဆိုတာတော့ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှု ခံစားကြပါရှင်

0 comments:

Post a Comment